Saturday, May 9, 2026

ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့ရသည့် စာသင်ကျော င်းကို...

ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့ကာ မပြုပြင်နိုင်သေးသည့် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ဝါးချက်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ကို ကျောင်းဖွင့်ချိန်အမီ ပြုပြင်နိုင်ရေး ဆောင်ရွက်မည်ဟု သိရသည်။ ယင်းကျောင်းခွဲရှိရာကို စစ်ကိုင်းမြို့...

ရွှေလင်ဗန်းစက်မှုဇုန်၌ ဘေးတွဲဆိုင်ကယ်ကိုရှောင်သည့်ကားက လျှပ်စစ်ဓာတ်တိုင်(၂)တိုင်ကိုဝင်တိုက်မိ၍ ဓာတ်တိုင်(၂)တိုင်ကျိုးကျ...

ရန်ကုန်တိုင်းရှိ ရွှေလင်ဗန်းစက်မှုဇုန်၌ ဘေးတွဲဆိုင်ကယ်ကိုရှောင်သည့်ကားက လျှပ်စစ်ဓာတ်တိုင်(၂)တိုင်ကိုဝင်တိုက်မိ၍ ဓာတ်တိုင်(၂)တိုင်ကျိုးကျခဲ့မှု ယနေ့ မေ ၉ ရက်နေ့လည် ၃ နာရီခွဲခန့်ကဖြစ်ပွားခဲ့ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC) ထံမှ...

မြန်မာနိုင်ငံ၏ ပထမဆုံးအမျိုးသမီးဘောလုံးအကယ်ဒမီအတွက် ရန်ကုန်ဇုန်အပြီးသတ်လူရွေးချယ်ပွဲ ပထမနေ့

မြန်မာနိုင်ငံ၏ ပထမဆုံးအမျိုးသမီးဘောလုံးအကယ်ဒမီအား မန္တလေးမြို့၌ဖွင့်လှစ်မည်ဖြစ်၍ ရန်ကုန်ဇုန်အတွက် အပြီးသတ်လူရွေးချယ်ပွဲ ပထမနေ့ကို ယနေ့ မေ ၉ ရက်နေ့လည်ပိုင်းက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၌ပြုလုပ်ခဲ့သည်။ ယနေ့တွင် ရန်ကုန်ဇုန်ရှိ မြို့နယ်များမှတက်ရောက်လာသည့်...

G-2 မှ G-12 အထိ...

လာမည့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင်တက်ရောက်ပညာသင်ကြားမည့် G-2 မှ G-12 အထိ ကျောင်းသား၊ ကျောင်းသူများကို ကျောပိုးအိတ်အလုံး(၅၀၀)ကို "ထိုက်သူပန်"တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမှ မေ ၃၀...
HomeMoviesဒုတိယကမ္ဘာစစ်အောင်နိုင်ခြင်း စစ်ရေးပြအခမ်းအနား ရုရှား...

ဒုတိယကမ္ဘာစစ်အောင်နိုင်ခြင်း စစ်ရေးပြအခမ်းအနား ရုရှား ကျင်းပ

ယူကရိန်း၏ တိုက်ခိုက်လာနိုင်သည့် အန္တရာယ်ကြောင့် ရုရှားသည် ယခုနှစ်၏ စစ်အောင်နိုင်ခြင်း စစ်ရေးပြအခမ်းအနားကို နှစ်ပေါင်းများစွာအတွင်း အင်အားအနည်းဆုံးပမာဏဖြင့် ကျင်းပခဲ့သည်။

မေလ ၉ ရက် နေ့က ရင်ပြင်နီတွင် ကျင်းပသော စစ်ရေးပြအခမ်းအနားသည် ရုရှားနိုင်ငံ၏ အလေးအမြတ်အထားဆုံး နိုင်ငံတော်ရုံးပိတ်ရက်ဖြစ်ပြီး နာဇီဂျာမနီတို့အပေါ် ဆိုဗီယံပြည်ထောင်စုက အောင်ပွဲရခဲ့မှုကို ဂုဏ်ပြုရန်နှင့် ယူကရိန်းမှလည်း အများအပြား ပါဝင်သော ကျဆုံး ဆိုဗီယက်နိုင်ငံသား ၂၇ သန်းကို အောက်မေ့ဂုဏ်ပြုရန် ကျင်းပသည့် အချိန်ဖြစ်သည်။

နျူကလီးယားလက်နက်တပ်ဆင်နိုင်သော တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်များ အပါအဝင် တစ်ချိန်က ရုရှား၏ ကြီးမားသောစစ်အင်အားကို ပြသရန် အသုံးပြုခဲ့သော စစ်ရေးပြအခမ်းအနားသည် ယခုနှစ်တွင်မူ တင့်ကားများ သို့မဟုတ် အခြားစစ်နက်ပစ္စည်းများသည် ရင်ပြင်နီ၏ ကျောက်ခင်းလမ်းပေါ်တွင် ပါဝင်ခဲ့ခြင်းမရှိပေ။

စစ်သည်များသည် ဗလာဒီမာလီနင်၏ ဂူဗိမာန်ရှေ့မှောက်တွင် ချီတက်၍ ကောင်းချီးပေးကြမည်ဖြစ်ပြီး တိုက်လေယာဉ်များက ခရမ္မလင်၏ မျှော်စင်များပေါ်တွင် ပျံသန်းကြမည်ဖြစ်ကာ သမ္မတ ဗလာဒီမာပူတင်က မိန့်ခွန်းပြောကြားမည်ဖြစ်သည်။ ယင်းနောက်တွင် အညတရ စစ်သည်တော်များ၏ ဂူဗိမာန်တွင် သမ္မတပူတင်က ပန်းခွေချ မည်ဖြစ်သည်။

“စစ်ဘက်ပစ္စည်းတွေ ထုတ်ပြတဲ့အစီအစဉ်ကလွဲလို့ ယေဘုယျအားဖြင့်တော့ ပုံမှန်အတိုင်းပါပဲ” ဟု ခရမ္မလင်၏ လက်ထောက် ယူရီယူရှာကော့ဗ်က သတင်းထောက်များကို ပြောကြားခဲ့သည်။

စစ်ပွဲအဆုံးသတ်ရေး အမေရိက၏ သံတမန်ရေးကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းအဖြစ် ရုရှားနှင့် ယူကရိန်းတို့သည် မေလ ၁၁ ရက်နေ့အထိ အပစ်ရပ်စဲရန်နှင့် နှစ်ဖက် စစ်အကျဉ်းသား ၁,၀၀၀ ခန့်စီလဲလှယ်ရန် သောကြာနေ့တွင် သဘောတူခဲ့သည်ဟု သမ္မတ ဒေါ်နယ်ထရမ့်ပ်က ကြေညာခဲ့သည်။

စနေနေ့ စစ်ရေးပြအခမ်းအနားကို နှောင့်ယှက်ရန် ကိဗ်၏ ကြိုးပမ်းမှုတိုင်းသည် ယူကရိန်းမြို့တော်ကို ကြီးမားသော ဒုံးကျည်တိုက်ခိုက်မှုမျိုးကို ဖြစ်ပေါ်စေလိမ့်မည်ဟု ရုရှားက သတိပေးခဲ့သည်။ ထိုကဲ့သို့ တိုက်ခိုက်မှုဖြစ်ပွားပါက ကိဗ်ရှိ ဝန်ထမ်းများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးထားသင့်ကြောင်း မော်စကိုက နိုင်ငံခြားသံတမန်များကို ပြောကြားခဲ့သည်။

ယူကရိန်းသမ္မတ ဇလန်းစကီးကမူ ၎င်း၏ နိုင်ငံသည် အပစ်အခတ်ရပ်စဲရေးကို လိုက်နာမည်ဖြစ်ကာ အကျဉ်းသားလဲလှယ်မှုကို ဆောင်ရွက်မည်ဖြစ်ပြီး စစ်ရေးပြပွဲကို မနှောင့်ယှက်ဟု သောကြာနေ့တွင် ပြောကြားခဲ့သည်။

Ref: အန်တာနာဇီယွန်နားလ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့ရသည့် စာသင်ကျော င်းကို ကျောင်းဖွင့်ချိန်အမီ ပြုပြင်နိုင်ရေး ဆောင်ရွ က်မည်

ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့ကာ မပြုပြင်နိုင်သေးသည့် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ဝါးချက်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ကို ကျောင်းဖွင့်ချိန်အမီ ပြုပြင်နိုင်ရေး ဆောင်ရွက်မည်ဟု သိရသည်။ ယင်းကျောင်းခွဲရှိရာကို စစ်ကိုင်းမြို့ ပြည်သူ့လွှတ် တော် ကိုယ်စားလှယ် ဦးသက်ပုံက သွားရောက်ခဲ့ပြီး ကျောင်းဖွင့်ရာသီအမှီ ပြုပြင်ဆောင်ရွက်နိုင်ရေး လု ပ်ငန်းများလုပ်ဆောင်နိုင်ရန် ဆောင်ရွက်ပေးခဲ့သည်ဟုလည်း သိရသည်။ ဝါးချက်ကျေးရွာသည် စစ်ကိုင်း- မင်းကွန်းသွားရာ လမ်းမကြီးပေါ်၌ တည်ရှိသော ကျေးရွာတရွာလည်း ဖြစ်သည်။

ရွှေလင်ဗန်းစက်မှုဇုန်၌ ဘေးတွဲဆိုင်ကယ်ကိုရှောင်သည့်ကားက လျှပ်စစ်ဓာတ်တိုင်(၂)တိုင်ကိုဝင်တိုက်မိ၍ ဓာတ်တိုင်(၂)တိုင်ကျိုးကျ အစားထိုးလဲလှယ်နိုင်ရန်ဆောင်ရွက်နေ

ရန်ကုန်တိုင်းရှိ ရွှေလင်ဗန်းစက်မှုဇုန်၌ ဘေးတွဲဆိုင်ကယ်ကိုရှောင်သည့်ကားက လျှပ်စစ်ဓာတ်တိုင်(၂)တိုင်ကိုဝင်တိုက်မိ၍ ဓာတ်တိုင်(၂)တိုင်ကျိုးကျခဲ့မှု ယနေ့ မေ ၉ ရက်နေ့လည် ၃ နာရီခွဲခန့်ကဖြစ်ပွားခဲ့ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC) ထံမှ သိရသည်။ ဘေးတွဲဆိုင်ကယ်အားတိမ်းရှောင်သည့် KIA BONGO III PICKUP ကားက ရွှေလင်ပန်းစက်မှုဇုန်၊ ကနောင်မင်း သားကြီးလမ်းရှိ 33kV ကနောင်-ဇုန်(၇)နှင့် 33kV ကနောင်-FMI Double Circuit Line ၏ 12M (H) Pole လျှပ်စစ်ကွန်ကရစ်ဓာတ်တိုင်(၂)တိုင်အားဝင်တိုက်မိသဖြင့် ယင်း လျှပ်စစ်ဓာတ်တိုင်(၂)တိုင်လုံးကျိုးကာ လျှပ် စစ်ဓာတ်အားပြတ်တောက်သွားခဲ့ကြောင်း သိရသည်။ ထို့ကြောင့်...

မြန်မာနိုင်ငံ၏ ပထမဆုံးအမျိုးသမီးဘောလုံးအကယ်ဒမီအတွက် ရန်ကုန်ဇုန်အပြီးသတ်လူရွေးချယ်ပွဲ ပထမနေ့

မြန်မာနိုင်ငံ၏ ပထမဆုံးအမျိုးသမီးဘောလုံးအကယ်ဒမီအား မန္တလေးမြို့၌ဖွင့်လှစ်မည်ဖြစ်၍ ရန်ကုန်ဇုန်အတွက် အပြီးသတ်လူရွေးချယ်ပွဲ ပထမနေ့ကို ယနေ့ မေ ၉ ရက်နေ့လည်ပိုင်းက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၌ပြုလုပ်ခဲ့သည်။ ယနေ့တွင် ရန်ကုန်ဇုန်ရှိ မြို့နယ်များမှတက်ရောက်လာသည့် ကစားသမားများအား တာဝန်ရှိသူများက စာရွက် စာတမ်းများစနစ်တကျ ရှိ/မရှိစိစစ်ခြင်း၊ ကစားသမားများ၏ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုအတွက် Medical Check-up (ဆေးစစ်မှု)များကိုပြုလုပ်ခဲ့ကြသည်။ ထို့ပြင် မနက်ဖြန် မေ ၁၀ ရက်နှင့် မေ ၁၁ ရက်တို့တွင်လည်း နံနက် ၆ နာရီခွဲမှစတင်၍ ကွင်းအတွင်း လက်တွေ့အရည်အချင်းစစ်ဆေးမှုများပြုလုပ်သွားမည်ဖြစ် သည်။ ရန်ကုန်ဇုန်၌ အပြီးသတ်ရွေးချယ်ပြီးပါက မန္တလေးဇုန် (မန္တလေး၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071