တစ်ကိုယ်တော်ဖျော်ဖြေပွဲကို Live Show အခွေအနေနဲ့ ထွက်ရှိသွားမယ့် G.Fatt

0
343

ဂျပန်-မြန်မာချစ်ကြည်ရေးပွဲမှာ အားပါးတရဖျော်ဖြေခဲ့တဲ့ G.Fatt က ပွဲအပြီးမှာ သူ့ရဲ့ ခံစားချက်ကို အခုလိုပြောပြခဲ့ပါတယ်။

”ဖျော်ဖြေခွင့်ရတဲ့အတွက်လည်း ဂုဏ်ယူတယ်။ ဂျပန်-မြန်မာချစ်ကြည်ရေးပေါ့လေ။ ဂျပန်နဲ့မြန်မာနဲ့မှ မဟုတ်ပါဘူးလေ။ အိမ်နီးချင်းဘယ်နိုင်ငံနဲ့မဆို၊ ဘယ်လူမျိုး၊ ဘယ်အရပ် ဒေသကမဆို ဒီလိုချစ်ကြည်ရေးပွဲတော်တွေပဲဖြစ်ဖြစ်၊ အလုပ်တွေပဲဖြစ်ဖြစ် လုပ်ကြရတာ ကျွန်တော်တို့ မြန်မာတွေအတွက်လည်း ကောင်းတဲ့လမ်းတစ်ခုပေါ့နော်။ အဲဒီအတွက် မြန်မာနိုင်ငံအနေနဲ့ ဖျော်ဖြေပွဲမှာ ပါရတဲ့အတွက် ဝမ်းလည်းဝမ်းသာတယ်။ ပျော်လည်းပျော်ပါ တယ်”လို့ သိရပါတယ်။ ၂ဝ၁၉ နှစ်သစ်မှာ အလုပ်တွေဆက်တိုက်လုပ်ဖြစ်နေတဲ့ G.Fatt က ပြီးခဲ့တဲ့ ၂ဝ၁၈ မှာ အရာထင်ခဲ့တဲ့ဂီတမှတ်တိုင်ကို ဆက်လက်အသက်သွင်းဦး မှာပါ။ အဲဒါကတော့ …”အခု ကျွန်တော် ၁၁ လပိုင်း ၁၁ ရက်နေ့က လုပ်ထားတဲ့ One Man Show ကို Live Show အခွေထွက်ဖို့အတွက်လုပ် နေပါတယ်။ ဒီကြားထဲမှာ တတိယအခွေ အတွက်ကိုလည်း သီချင်းတွေစပြီးတော့ စုနေပြီ။ ပြီးတော့ Music Video ရိုက်ကူးဖို့အတွက်ကို လည်း သီချင်းတွေစပြီးတော့လုပ်နေပါပြီ”လို့ G.Fatt က ပြောပါတယ်။

G.Fatt ရဲ့ ဂီတဘဝအစမှာ အောင်မြင်ခဲ့တဲ့သီချင်းတစ်ပုဒ်ကိုပြောပါဆိုလို့ရှိရင် “8 Days 8 Months 8 Hours” သီချင်းကို ချန်ထားခဲ့လို့မရပါဘူး။ ရွှေထူးနဲ့ မတည့်ဘူးဆိုတဲ့ အပေါ် G.Fatt ကတော့ ငြင်းဆိုလိုက်ပါတယ်။ ”အဲဒီလိုမျိုးတော့မရှိပါဘူးဗျ။ ကျွန်တော်နဲ့ ကိုရွှေထူးနဲ့က မတွေ့ဖြစ်ကြတာပဲရှိတာပါ။ သူလည်း သူ့အလုပ်တွေနဲ့သူ၊ ကိုယ်လည်း ကိုယ့်အလုပ်တွေနဲ့ ကိုယ်ရှုပ်နေတဲ့ အခါကျတော့ မတွေ့ဖြစ်ကြဘူး။ ပွဲတွေမှာတော့ ရံဖန်ရံခါတွေ့ဖြစ်တယ်။ စကားတွေဘာတွေ ပြောဖြစ်ပါတယ်။ အေးဆေးပါပဲဗျ” လို့ G.Fatt က ပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here