Tuesday, June 23, 2026

ဘယ်လာရုစ်နိုင်ငံ၌ ကျင်းပသည့် “Great Heritage...

ဘယ်လာရုစ်နိုင်ငံ ဘရက်စ်မြို့၌ ကျင်းပပြုလုပ်သည့် 2nd International Forum of the Union State “Great Heritage –...

မြန်မာ- BIMSTEC ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး...

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် ဘင်္ဂလားပင်လယ်အော်ဒေသတွင်း ကဏ္ဍပေါင်းစုံ၊ နည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ် (BIMSTEC) အတွင်းရေးမှူးချုပ် H.E. Mr. Indra Mani...

UNESCO ယဉ်ကျေးမှုအမွေအနှစ်ကော်မတီ အဖွဲ့ဝင်အဖြစ် ရွေးချယ်ခံရပြီးနောက်...

ဖနောင်ပင်၊ ဇွန် ၂၂ ကမ္ဘောဒီးယားနိုင်ငံသည် UNESCO (ယူနက်စကို) အဖွဲ့ဝင်ဖြစ်မှု (၇၅) နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနား ကျင်းပနိုင်ရေးအတွက် ပြင်ဆင်မှုများ စတင်ဆောင်ရွက်လျက်ရှိပြီး ယဉ်ကျေးမှုသံတမန်ရေးရာ...

သွေးတိုး၊ ဆီးချိုနှင့် ကိုလက်စထရောမြင့်မားခြင်းတို့က ထိုင်းကျန်းမာရေးစနစ်၏...

ဘန်ကောက်၊ ဇွန် ၂၂ မကူးစက်နိုင်သော နာတာရှည်ရောဂါများ (NCDs) ဖြစ်သည့် သွေးတိုးရောဂါ၊ ကိုလက်စထရောမြင့်မားခြင်းနှင့် ဆီးချိုရောဂါတို့သည် ၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ထိုင်းနိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ်အပေါ်...
HomeMoviesSMILE ဂြိုဟ်တုက တရုတ်နိုင်ငံရဲ့...

SMILE ဂြိုဟ်တုက တရုတ်နိုင်ငံရဲ့ အာကာသသိပ္ပံဖွံ့ဖြိုးတိုးတက်မှုမှာ အခန်းကဏ္ဍသစ်တစ်ခု ဖွင့်လှစ်

တရုတ်နိုင်ငံက အသစ်လွှတ်တင်လိုက်တဲ့ SMILE ဂြိုဟ်တုဟာ တရုတ်နဲ့ ဥရောပတို့ ပူးပေါင်းလုပ်ဆောင်တဲ့ အာကာသစီမံကိန်းတစ်ခုဖြစ်ပြီး သတ်မှတ်ထားတဲ့ ပတ်လမ်းထဲကို အောင်အောင်မြင်မြင် ရောက်ရှိသွားပါပြီ။ ဒီစီမံကိန်းဟာ နေနဲ့ ကမ္ဘာကြားက ဆက်နွှယ်မှုတွေကို လေ့လာတဲ့နေရာမှာ အရေးပါတဲ့ ခြေလှမ်းသစ်တစ်ခု ဖြစ်ပါတယ်။ ကမ္ဘာ့ပထမဆုံးအနေနဲ့ ဆန်းသစ်တဲ့ “Soft X-ray imaging” နည်းပညာကို သုံးပြီး ကမ္ဘာ့သံလိုက်စက်ကွင်းရဲ့ မြင်ကွင်းကျယ်ပုံရိပ်တွေကို ရိုက်ကူးသွားမှာပါ။

တရုတ်သိပ္ပံအကယ်ဒမီ(CAS) ရဲ့ အာကာသသိပ္ပံဆိုင်ရာ မဟာဗျူဟာမြောက် ရှေ့ဆောင်အစီအစဉ် (ဒုတိယအဆင့်) ရဲ့ နောက်ဆုံးစီမံကိန်းဖြစ်တဲ့ ဒီ SMILE ဂြိုဟ်တုဟာ တရုတ်နိုင်ငံရဲ့ အာကာသလေ့လာရေးမှာ လိုအပ်နေတဲ့ ကွက်လပ်ကို ဖြည့်ဆည်းပေးနိုင်ခဲ့ပါတယ်။ ဒါတင်မကဘဲ အရင်ကလို တစ်ခုချင်းစီ သီးခြားအောင်မြင်မှုတွေ ရယူခဲ့ရာကနေ အခုဆို ဂြိုဟ်တုအုပ်စုတွေနဲ့ စနစ်တကျ လုပ်ဆောင်နိုင်တဲ့ အဆင့်ကို ကူးပြောင်းလာနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

အာကာသသိပ္ပံဆိုတာဟာ အာကာသနက်နက်ရှိုင်းရှိုင်းကို စူးစမ်းလေ့လာတဲ့နေရာမှာ အဓိကကျပြီး နိုင်ငံတစ်ခုရဲ့ သိပ္ပံနဲ့ နည်းပညာအင်အားကို တိုင်းတာတဲ့ စံနှုန်းတစ်ခုလည်း ဖြစ်ပါတယ်။ အရင်တုန်းကတော့ တရုတ်နိုင်ငံရဲ့ အာကာသသိပ္ပံဟာ အခြေခံသိပ်မခိုင်မာသေးဘဲ ကိုယ်ပိုင်တီထွင်ထားတဲ့ အဆင့်မြင့်ဂြိုဟ်တုတွေနဲ့ ကိုယ်ပိုင်အချက်အလက်တွေ မရှိခဲ့ပါဘူး။ သုတေသနလုပ်ဖို့အတွက် လူတိုင်းသုံးနိုင်အောင် ချန်လှပ်ပေးထားတဲ့ နိုင်ငံခြားက အချက်အလက်တွေအပေါ်မှာပဲ အဓိကအားကိုးခဲ့ရလို့ အဆင့်မြင့်သုတေသနတွေလုပ်ဖို့ အကန့်အသတ်တွေ အများကြီးရှိခဲ့ပါတယ်။

ဒါပေမဲ့ ၂၀၁၁ ခုနှစ်ကစလို့ နိုင်ငံတော်အဆင့် အာကာသဂြိုဟ်တုစီမံကိန်းကို စနစ်တကျ စတင်ခဲ့ပြီး နောက်ပိုင်း ၁၀ စုနှစ်အတွင်းမှာ အပြင်းအထန် ကြိုးပမ်းခဲ့ကြပါတယ်။ အကျိုးဆက်အနေနဲ့ အမည်းရောင်ဒြပ်ပစ္စည်း(Dark Matter) ရှာဖွေရေးဂြိုဟ်တု DAMPE၊ ကမ္ဘာ့ပထမဆုံး ကွမ်တမ်သိပ္ပံဂြိုဟ်တု Micius၊ X-ray နက္ခတ္တဗေဒဂြိုဟ်တု Insight-HXMT နဲ့ နိုင်ငံရဲ့ ပထမဆုံး ဘက်စုံသုံး နေလေ့လာရေးဂြိုဟ်တု ASO-S စတဲ့ အထူးပြုဂြိုဟ်တုတွေကို တစ်ပြုံတစ်ခေါင်းတည်း အောင်အောင်မြင်မြင် တီထွင်လွှတ်တင်နိုင်ခဲ့ပြီး နယ်ပယ်အသီးသီးမှာ အောင်မြင်မှုကြီးတွေ ရခဲ့ပါတယ်။

DAMPE ဂြိုဟ်တုဟာ စကြာဝဠာကြီး ဘယ်လိုစတင်ဖြစ်ပေါ်လာသလဲဆိုတဲ့ လျှို့ဝှက်ချက်ကို ဖော်ထုတ်ဖို့အတွက် Dark Matter ကို ရှာဖွေရင်း စွမ်းအင်မြင့် စကြာဝဠာအမှုန်အမွှားတွေကို နှစ်ပတ်လည် စောင့်ကြည့်ထောက်လှမ်းပေးနေပါတယ်။

Micius ဂြိုဟ်တုကတော့ ကီလိုမီတာ ၁၀၀၀ ကျော်အကွာအဝေးရှိတဲ့ အာကာသနဲ့ မြေပြင်ကြား ကွမ်တမ်ဆက်သွယ်ရေးကို ကမ္ဘာမှာ ပထမဆုံးအကြိမ် လုပ်ဆောင်နိုင်ခဲ့လို့ တရုတ်နိုင်ငံကို ကွမ်တမ်နည်းပညာသုံး အာကာသကဏ္ဍမှာ ထိပ်တန်းနေရာကို ပို့ဆောင်ပေးခဲ့ပါတယ်။

Insight-HXMT ကလည်း တွင်းနက်(Black Hole) တွေနဲ့ နျူထရွန်ကြယ်(Neutron Star) တွေကနေ ထွက်ပေါ်လာတဲ့ လျှပ်တပြတ်အချက်ပြလှိုင်းတွေကို အတိအကျ ထောက်လှမ်းပေးပြီး ထူးခြားတဲ့ အာကာသဖြစ်စဉ်တွေကို စောင့်ကြည့်လေ့လာရာမှာ ထူးထူးခြားခြား အောင်မြင်မှုတွေ ရခဲ့ပါတယ်။

ဒီဂြိုဟ်တုစီမံကိန်း တစ်ခုချင်းစီမှာ ကိုယ်ပိုင်ရည်ရွယ်ချက်နဲ့ ထူးခြားတဲ့ စွမ်းဆောင်ရည်တွေ ရှိကြပါတယ်။ ဒီလိုနဲ့ အာကာသသိပ္ပံနယ်ပယ် အသီးသီးမှာ သိသိသာသာ တိုးတက်လာပြီး တရုတ်နိုင်ငံဟာ အနောက်ကျမှ စတင်ခဲ့သူအဆင့်ကနေ အခုဆို ကမ္ဘာ့အာကာသကဏ္ဍမှာ အဓိကပံ့ပိုးကူညီသူတစ်ဦး ဖြစ်လာခဲ့ပါပြီ။

ဒါပေမဲ့ အာကာသထဲကို ပိုပြီးနက်နက်ရှိုင်းရှိုင်း လေ့လာလာတဲ့အခါ ဂြိုဟ်တုတစ်လုံးချင်းစီ သီးခြားခွဲပြီး လေ့လာရတာဟာ အကန့်အသတ်တွေ ရှိလာပြန်ပါတယ်။ မြင်ကွင်းကျယ်ကျယ် မမြင်ရတာ၊ အချိန်နဲ့တပြေးညီ ဆက်တိုက်စောင့်ကြည့်ဖို့ ခက်ခဲတာနဲ့ အချက်အလက်တွေက အကန့်အသတ်ရှိနေတာမျိုးတွေကြောင့် အာကာသထဲက ရှုပ်ထွေးတဲ့ ဖြစ်စဉ်တွေကို ပုံဖော်ဖို့ ခက်ခဲလာပါတယ်။ ဒါကြောင့် နှစ်ပေါင်းများစွာ လုပ်ဆောင်ခဲ့တဲ့ အတွေ့အကြုံတွေအပေါ် အခြေခံပြီး တရုတ်နိုင်ငံဟာ ဂြိုဟ်တုအုပ်စုတွေ စုပေါင်းလုပ်ဆောင်တဲ့ စနစ်နဲ့ အာကာသ-မြေပြင် ပေါင်းစပ်စောင့်ကြည့်တဲ့ ကွန်ရက်စနစ်သစ်ဆီကို ကူးပြောင်းလာနေပြီ ဖြစ်ပါတယ်။

ဒီနေရာမှာ SMILE ဂြိုဟ်တုဟာ အလွန်အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ သူဟာ ASO-S ဂြိုဟ်တု၊ ပြီးတော့ တရုတ်နိုင်ငံရဲ့ မြေပြင်အခြေစိုက် အာကာသပတ်ဝန်းကျင် စောင့်ကြည့်ရေးကွန်ရက်(Chinese Meridian Project – CMP) တို့နဲ့ လက်တွဲပြီး လုပ်ဆောင်မှာပါ။ ဒီလို အာကာသနဲ့ မြေပြင်စနစ်တွေကို ပေါင်းစပ်လိုက်ခြင်းအားဖြင့် နေနဲ့ ကမ္ဘာကြားက အာကာသပတ်ဝန်းကျင်ကို အတိအကျ စောင့်ကြည့်နိုင်မှာဖြစ်ပြီး အာကာသယာဉ်တွေ သွားလာတာ၊ ဆက်သွယ်ရေးနဲ့ လမ်းညွှန်စနစ်တွေအတွက် အရေးကြီးတဲ့ အထောက်အကူတွေ ပေးနိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံဟာ ကမ္ဘာနဲ့ လကြား အာကာသဟင်းလင်းပြင်ထဲက အထူးပတ်လမ်း(Distant Retrograde Orbit – DRO) မှာ ဂြိုဟ်တုသုံးလုံးတွဲအုပ်စုကို ကမ္ဘာမှာ ပထမဆုံးအကြိမ် တည်ဆောက်နိုင်ခဲ့ပါတယ်။ ဒီအောင်မြင်မှုကနေ ထူးခြားတဲ့ သိပ္ပံနဲ့ နည်းပညာဆိုင်ရာ အောင်မြင်မှုတွေ အများကြီး ရရှိခဲ့ပြီး အနာဂတ် ကမ္ဘာ-လ အာကာသနယ်ပယ်ကို အသုံးချဖို့နဲ့ အဆင့်မြင့်အာကာသလေ့လာရေးတွေအတွက် အခိုင်အမာ ခြေလှမ်းပြင်နိုင်ခဲ့ပါတယ်။

ဒီလို စနစ်တကျ စူးစမ်းလေ့လာနိုင်ဖို့အတွက် နည်းပညာပိုင်းအရ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်ဖို့က အဓိကကျပါတယ်။ အခုဆိုရင် ဂြိုဟ်တုပလက်ဖောင်းတွေ၊ အဓိကအာရုံခံပစ္စည်းတွေကအစ အာကာသထဲက ဂြိုဟ်တုကို ထိန်းချုပ်တာနဲ့ ရရှိလာတဲ့ အချက်အလက်တွေကို စိစစ်တွက်ချက်တဲ့ လုပ်ငန်းစဉ်တိုင်းဟာ တရုတ်နိုင်ငံက ကိုယ်ပိုင်တီထွင်ထားတဲ့ နည်းပညာတွေအပေါ်မှာပဲ ရာနှုန်းပြည့် အခြေခံထားတာ ဖြစ်ပါတယ်။

တစ်ဖက်မှာလည်း တရုတ်နိုင်ငံဟာ နိုင်ငံတကာနဲ့ အာကာသပူးပေါင်းဆောင်ရွက်မှုတွေမှာ ပွင့်လင်းမြင်သာပြီး အပြန်အလှန် အကျိုးရှိမယ့် လမ်းစဉ်ကို ဆက်လက်ကိုင်စွဲထားပါတယ်။ အခု SMILE စီမံကိန်းကနေတစ်ဆင့် ရလာတဲ့ အချက်အလက်တွေကို မျှဝေတာ၊ သုတေသနပလတ်ဖောင်းတွေကို အတူတူ ပူးပေါင်းလုပ်ဆောင်တာတွေကနေ ကိုယ်ပိုင်ဆန်းသစ်တီထွင်မှုကို အခြေခံပြီး ကမ္ဘာ့အာကာသကွန်ရက်ထဲမှာ နိုင်ငံကြီးတစ်ခုရဲ့ တာဝန်သိမှုနဲ့ ပွင့်လင်းမှုကို ပြသရာလည်း ရောက်ပါတယ်။

အာကာသနည်းပညာဟာ အာကာသသိပ္ပံကို ရှာဖွေစူးစမ်းခွင့် ပေးသလို၊ အာကာသသိပ္ပံရဲ့ ရည်မှန်းချက်တွေကလည်း အာကာသနည်းပညာကို ပိုပြီးတိုးတက်အောင် တွန်းအားပေးနေပါတယ်။ ၂၀၂၄ ခုနှစ်က ထုတ်ပြန်ခဲ့တဲ့ အာကာသသိပ္ပံဆိုင်ရာ အမျိုးသား ရေရှည်ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ် (၂၀၂၄-၂၀၅၀) အရ တရုတ်နိုင်ငံရဲ့ အာကာသသိပ္ပံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဆင့်သုံးဆင့်ပါဝင်တဲ့ မဟာဗျူဟာမြောက် လမ်းပြမြေပုံတစ်ခုကို ချမှတ်ထားပါတယ်။ ဒီအစီအစဉ်ကို အကောင်အထည်ဖော်ခြင်းအားဖြင့် တရုတ်နိုင်ငံရဲ့ အာကာသသိပ္ပံ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးမှာဖြစ်ပြီး အာကာသနဲ့ နည်းပညာအင်အားကြီးနိုင်ငံ ဖြစ်လာဖို့အတွက် ပိုပြီး ခိုင်မာတဲ့ အထောက်အကူတွေ ပေးနိုင်မှာ ဖြစ်ပါတယ်။

အရင်က ဂြိုဟ်တုတစ်လုံးချင်းစီ လွှတ်တင်တဲ့အဆင့်ကနေ အခုဆို ဂြိုဟ်တုအုပ်စုတွေနဲ့ စနစ်တကျ စူးစမ်းလေ့လာနိုင်တဲ့ အဆင့်အထိ တရုတ်နိုင်ငံရဲ့ အာကာသစီမံကိန်းတွေ ပြောင်းလဲတိုးတက်လာပုံဟာ သိပ္ပံနဲ့နည်းပညာပိုင်းမှာ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်ဖို့ ဘယ်လောက်အထိ ကြိုးစားနေလဲဆိုတာကို အထင်အရှား ပြသနေပါတယ်။ အနာဂတ်မှာ ဂြိုဟ်တုအုပ်စုတွေ ပိုမိုများပြားလာပြီး စနစ်တကျ ချိတ်ဆက်အလုပ်လုပ်လာနိုင်တာနဲ့အမျှ တရုတ်နိုင်ငံရဲ့ ကိုယ်ပိုင်အာကာသသိပ္ပံ အခြေခံအုတ်မြစ်က ပိုပြီးခိုင်မာလာမှာဖြစ်ပြီး လူသားတွေမသိသေးတဲ့ အာကာသနက်နက်ရှိုင်းရှိုင်းက လျှို့ဝှက်ချက်တွေကို ဆက်လက်ဖော်ထုတ်သွားနိုင်မှာ ဖြစ်ပါတယ်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဘယ်လာရုစ်နိုင်ငံ၌ ကျင်းပသည့် “Great Heritage – Common Future” နိုင်ငံတကာဖိုရမ်တွင် ဦးခင်ရီ မိန့်ခွန်းပြောကြား

ဘယ်လာရုစ်နိုင်ငံ ဘရက်စ်မြို့၌ ကျင်းပပြုလုပ်သည့် 2nd International Forum of the Union State “Great Heritage – Common Future” ဖိုရမ်သို့ တက်ရောက်နေသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ ဦးဆောင်သည့် မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် ဇွန် ၂၂ ရက်တွင် ဖိုရမ်၏ စုံညီအစည်းအဝေးသို့ တက်ရောက်ကာ မိန့်ခွန်းပြောကြားခဲ့ကြောင်း သိရသည်။ Brest Regional Community and Cultural Center ၌ ကျင်းပသည့် အဆိုပါဖိုရမ်သို့ နိုင်ငံပေါင်း ၁၇...

မြန်မာ- BIMSTEC ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး နိုင်ငံခြားရေးဝန်ကြီးနှင့် BIMSTEC အတွင်းရေးမှူးချုပ် ဆွေးနွေး

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် ဘင်္ဂလားပင်လယ်အော်ဒေသတွင်း ကဏ္ဍပေါင်းစုံ၊ နည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ် (BIMSTEC) အတွင်းရေးမှူးချုပ် H.E. Mr. Indra Mani Pandey အား ယမန်နေ့က လက်ခံတွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံနှင့် BIMSTEC အကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ တွေ့ဆုံစဉ် BIMSTEC လုပ်ငန်းစဉ်အောက်ရှိ ပူးပေါင်းဆောင်ရွက်မှုကဏ္ဍများ၊ အထူးသဖြင့် စိုက်ပျိုးရေးနှင့် စားရေရိက္ခာဖူလုံရေးကဏ္ဍ၊ ဒေသတွင်းလုံခြုံရေးနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးကဏ္ဍ၊ ဆက်သွယ်ချိတ်ဆက်ရေးကဏ္ဍများတွင် မြန်မာနိုင်ငံ၏ တက်ကြွစွာ ပါဝင်ဆောင်ရွက်နေမှုများကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် BIMSTEC...

UNESCO ယဉ်ကျေးမှုအမွေအနှစ်ကော်မတီ အဖွဲ့ဝင်အဖြစ် ရွေးချယ်ခံရပြီးနောက် အဖွဲ့ဝင်သက်တမ်း (၇၅) နှစ်ပြည့် အထိမ်းအမှတ်ပွဲ ကျင်းပရန် ကမ္ဘောဒီးယား ပြင်ဆင်

ဖနောင်ပင်၊ ဇွန် ၂၂ ကမ္ဘောဒီးယားနိုင်ငံသည် UNESCO (ယူနက်စကို) အဖွဲ့ဝင်ဖြစ်မှု (၇၅) နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနား ကျင်းပနိုင်ရေးအတွက် ပြင်ဆင်မှုများ စတင်ဆောင်ရွက်လျက်ရှိပြီး ယဉ်ကျေးမှုသံတမန်ရေးရာ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်သွားရန် ရည်မှန်းထားကြောင်း သိရသည်။ UNESCO ဆိုင်ရာ ကမ္ဘောဒီးယားအမျိုးသားကော်မရှင် ဥက္ကဋ္ဌလည်းဖြစ်သူ ယဉ်ကျေးမှုနှင့် အနုပညာဝန်ကြီး ဖျောင်း ဆာကိုနာသည် ပါရီမြို့တွင် UNESCO ညွှန်ကြားရေးမှူးချုပ် ခါလက် အယ်လ်-အီနာနီနှင့် တွေ့ဆုံ၍ အထိမ်းအမှတ်အခမ်းအနားဆိုင်ရာ စီစဉ်ဆောင်ရွက်မှုများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။ အဆိုပါ တွေ့ဆုံဆွေးနွေးမှုကို ၂၀၀၃ ခုနှစ် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်စောင့်ရှောက်ရေး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071