ဂျင်းကောင်ကာရိုက်တာကိုအသက်ကြီးမှပဲ ပြန်ရိုက်ဖို့ရည်ရွယ်ထားတဲ့မြင့်မြတ်

0
310

ဇာတ်လမ်းဇာတ်ကွက် ကာရိုက်တာတွေကို အမြဲတမ်း ပီပီပြင်ပြင် သရုပ်ဆောင်နိုင်တဲ့သူကတော့ ပရိသတ်ရဲ့ အချစ်တော် အကယ်ဒမီမြင့်မြတ်ပဲ ဖြစ်ပါတယ်။ မြင့်မြတ်သရုပ်ဆောင်ထားတဲ့ ဟာသကား တော်တော်များများ ရုံတင်နေတဲ့ အချိန်မှာ အခုလည်း ဒါရိုက်တာကိုပေါက် ရိုက်ကူးထားတဲ့ ”ဂျင်းကောင်” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားဟာလည်း ဖေဖော်ဝါရီလ ၈ ရက် နေ့ကစပြီး ရုံတင်ပြသနေပြီဖြစ်ပါတယ်။

”ဂျင်းကောင်” ဇာတ်ကားမှာ မြင့်မြတ်က အဓိကပါဝင်သရုပ်ဆောင်ထားပြီး စိုးမြတ်သူဇာ၊ ခိုင်သင်း ကြည်၊ အိချောပို၊ အေးဝတ်ရည်သောင်းနဲ့ အခြားအနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင်ထားတာလည်း တွေ့ရပါတယ်။ ”ဂျင်းကောင်”ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို ပါဝင်ရိုက်ကူး ဖြစ်ပုံနဲ့ပတ်သက်ပြီး မြင့်မြတ်က…

”အဓိက ကတော့ပရိသတ်အားပေး မှုပဲပေါ့နော်။ အရင်က ကျွန်တော် တို့ဗိုလ်အောင်ဒင်ချစ်သောမိန်းမများ ဗီဒီယိုဇာတ်ကားထွက်ဖူးတယ်။ အဲ့ဒီထဲမှာလည်း ပရိသတ်အားပေးမှုတော်တော်ရလိုက်တဲ့အတွက် ဒီကားလေးကို ထပ်ပြီးရိုက်တာလို့လည်း ပြောလို့ရပါတယ်။ ဒီကား ထဲက ကာရိုက်တာက တောသားလူလည် ပေါ့နော်။ အဲ့ဒီလိုပုံစံမျိုး သရုပ်ဆောင်ထားပါတယ်။ အပြင်မှာလည်း ကိုဂျော့စိန်ဆိုတဲ့လူက တကယ်ရှိတယ်။ အပြင်မှာလည်း အဲ့လိုပြောရင်းပြောရင်းနဲ့ ရိုက်ဖြစ်သွားခဲ့တာပါ။ ရိုက်တဲ့အချိန်မှာလည်း မရိုက်ခင်အလိုကတည်းက အဲ့အသံနဲ့တူအောင် စကားတွေ အများကြီးပြောပြီး လေ့ကျင့်ရတယ်။ ရိုက်နေတဲ့အချိန်မှာလည်း သူ့အသံက ကီးက အရမ်းမြင့်ပြီး ပြောရတော့ တော်တော်တော့အဆင်မပြေမှုတွေ ဖြစ်ခဲ့တယ်။ ပြန်ရိုက်ရတာလည်း အခါခါပေါ့ အဲ့ဒီလိုမျိုးတွေတော့ရှိပါတယ်။ ဒီထဲမှာလည်း မကြီးစိုးတို့ မခိုင်လေးတို့ အိချောပိုတို့ မအေးသောင်းတို့ အများကြီး ပါဝင်အားဖြည့် ပေးတဲ့အတွက် ပိုပြီးလည်းမြိုင်မြိုင်ဆိုင်ဆိုင်ဖြစ်တာပေါ့နော်။ ဒီဂျင်းကောင်ဆိုတဲ့ ဇာတ်ကားက အရင်ဦးအရိုင်းတို့ သရုပ်ဆောင်ထားတဲ့ အပိုင်းတွေလည်းရှိတော့ ဦး ရိုင်းသရုပ်ဆောင်တာတွေလည်းကောင်းတော့ အကုန်လုံး လေ့လာဖြစ်ပါတယ်။ ပရိသတ်တချို့က ဗိုလ်အောင်ဒင်ချစ်သော မိန်းမများပြီးတော့ ဂျင်းကောင်ထပ်ထွက် တယ်ပေါ့နော်။ နောက်ထပ်ဂျင်းကောင်း ၁၊ ၂ ထပ်ထွက်ဖို့ အစီအစဉ်ရှိလားလို့မေး တဲ့သူတွေအတွက် အဲ့ဒီလို ဂျင်းကောင် ၁၊ ၂ ထွက်ဖို့ အစီအစဉ်မရှိပါဘူး။ ဒီလိုမျိုး ကာရိုက်တာနဲ့ ဒီလိုမျိုးအသံတွေကို ကျွန်တော် အသက်ကြီး မှပဲ ပြန်ရိုက်မယ်လို့တော့ ရည်ရွယ်ထားပါတယ်။ ဂျင်းကောင်ရုံတင်ရင်လည်း အားပေးကြပါဦး” လို့ပြောပါ တယ်။

သဲဆုလှိုင် ၊

ဓာတ်ပုံ – မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here