Home Movies ဟင်္သာတမြို့နယ် မိုးသည်းလေပြင်း စေတီတစ်ဆူထီးတော်တိမ်း စောင်း နေအိမ်များစွာပျက်စီး

ဟင်္သာတမြို့နယ် မိုးသည်းလေပြင်း စေတီတစ်ဆူထီးတော်တိမ်း စောင်း နေအိမ်များစွာပျက်စီး

0
68

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်၌ မေ ၈ ရက်ညပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ငါးဖားကျေးရွာ၊ သဲဖြူကျေးရွာ၊ ရေကျော်ကျေးရွာတို့တွင် ယင်း မိုးသည်းထန်ပြီးလေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များစွာ အမိုးလန်ခြင်း၊ အကာအရံများပျက် စီးခြင်း၊ ပြိုကျပျက်စီးခြင်းများဖြစ်ပေါ်ခဲ့ကာ ငါးဖားကျေးရွာရှိ “ဇိနမာန်အောင်”စေတီတော်၏ ထီးတော်တိမ်းစောင်းသွားခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်၌ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် လူမှုကူညီရေးအသင်းများက ပျက်စီးမှုများအားဖယ်ရှားရှင်းလင်းခြင်း၊ ပျက်စီးနေအိမ်များတွင်နေထိုင်သူများ ယာယီနေထိုင်နိုင်ရန်စီစဥ်ပေးခြင်း၊ လိုအပ်သည့် ထောက်ပံ့ပစ္စည်းများပံ့ပိုးပေးနိုင်ရန်စီစဥ်ခြင်းတို့ကိုဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here