ပပဝတီ စီရင်ခန်း ရုပ်ရှင်အတွက် Body အပြောင်းအလဲ လုပ်ခဲ့တဲ့ အလင်းရောင်

0
358

သရုပ်ဆောင် အလင်းရောင်ကတော့ လက်ရှိမှာ ဒါရိုက်တာဝိုင်း ရိုက်ကူးတဲ့ ‘ပပ ဝတီ စီရင်ခန်း’ ရုပ်ရှင်ဇာတ်ကားမှာ ထွန်းထွန်း၊ မိုးဟေကို၊ ဖွေးဖွေး စတဲ့သရုပ်ဆောင် များနဲ့အတူ ပါဝင်သရုပ်ဆောင်နေပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားမှာ ပါဝင် သရုပ်ဆောင်မှုနဲ့ ပတ်သက်ပြီး …

”ပပဝတီစီရင်ခန်းမှာတော့ ကျွန်တော်က မမိုးဟေကိုရဲ့ အစ်ကိုနေရာက သရုပ်ဆောင်နေပါတယ်။ ကျွန်တော်ကပုံမှန်အားဖြင့် လူကောင်သေးတယ်။ မမိုးဟေရဲ့ အစ်ကို နေရာဆိုတော့ နည်းနည်း လူကောင်းထွားအောင် လုပ်ရတယ်။ မမိုးနဲ့လည်း စကားတွေ ဘာတွေပြောဖြစ်တယ်။ မမိုးနဲ့လည်း အခုမှဆုံဖူးတာပါ။ သူက ခင်ဖို့လည်းကောင်းတယ်။ အိုင်တင်တွေဆိုလည်း ကျွန်တော်ကို သေချာကြည့်ပြီးလုပ်ပေးတယ်။ ကိုယ်ကိုယ်ပြန်ဆွဲခေါ်သွားတာမျိုးတွေရှိပါတယ်”လို့ ပြောပြခဲ့ပါတယ်။

Body အပြောင်းအလဲလုပ်ခဲ့တဲ့အကြောင်းကိုလည်း ဆက်လက်မေးမြန်းခဲ့ရာ …

”ကျွန်တော် ကားရိုက်နဲ့နယ်သွားရင် ပြောကြတယ်။ အလင်းရောင်က ဇာတ်ကားတွေ MTV တွေမှာဆိုရင် သေးသေးလေး အပြင်မှာ ဖက်တီးကြီးတဲ့။ တကယ်တော့ ကျွန်တော်က ဒီ၂ဝ၁၉ မှာ Body ကိုသူများတွေ လိုလှချင်တယ်။ Change ချင်တယ်။ နောက်ပြီး ပပဝတီစီရင်ခန်းမှာ မမိုးဟေကိုရဲ့ အစ်ကိုဆိုတော့ လူနည်းနည်းကြီးတဲ့ ပုံစံဖြစ်ချင်တာလည်းပါတယ်။ နောက်ထပ်ကားရိုက်တွေမှာလည်း Body ပြောင်းရမယ့်ဟာ ပြမှာတွေရှိတယ်။ Change ချင်တဲ့ခါကျတော့ ဆေးတွေသောက်ပြီး ဆော့တယ်။ အဲ့တော့ နည်းနည်းလူကောင် ကြီးပြီးထွားလာတယ်။ လူကောင်သေးသေးလေးက ထွားလာတာပေါ့။ အပေါ်ပိုင်းကားကားကြီးနဲ့ စူပါမန်းလို ဖြစ်နေတော့ အကုန်လုံးက ဝနေတယ်လို့ ထင်ကြတယ်။ ဆော့တာကတော့ ပုံမှန်ဆော့ဖြစ်အောင်တော့ ဆော့နေပါတယ်။ နယ်တွေရောက်လည်း အခန်းထဲမှာ ဆော့နိုင်သလောက်တော့ ပုံမှန်ဆော့ပါတယ်။ ကျွန်တော်ရဲ့ ပရိသတ်ကတော့ လူကောင်ကြီးတာ မကြိုက်ဘူးထင်တယ်။ အကုန်လုံးက ဝက်ဖြစ်နေပြီလို့တော့ ပြောကြတယ်။ ဒါပေမယ့် ကျွန်တော့် ပုံစံ Change ချင်တာပါ” လို့လည်း သရုပ်ဆောင် အလင်းရောင်က ပြောပြခဲ့ပါတယ်။

သတင်း၊ ဓာတ်ပုံ – ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here