Thursday, May 7, 2026

၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ကော့ကရိတ်မြို့နယ် ၌...

လာမည့် ဇွန်လတွင်စတင်မည့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၌ အ ခြေခံပညာစာသင်ကျောင်း(၁၆၄)ကျောင်းဖွင့်လှစ်ရန် ကြိုတင်ပြင်ဆင်မှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ စစ်ရေးပဋိပက္ခများ၊ အချိန်ကြာမြင့်စွာဖွင့်လှစ်နိုင်ခြင်းမရှိသည့် စာသင်ကျောင်းများတွင် ပျက်စီးမှုများ၊...

“အဂတိနှင့် မဆင်မခြင်စီမံမှုကြောင့် နိုင်ငံတော် ဘီလီယံချီဆုံးရှုံးခဲ့ဟု...

ယခင်ဒီမိုကရေစီဒုတိယအစိုးရသက်တမ်းကာလအ တွင်း နိုင်ငံတော်နှင့်ပြည်ထောင်စုအဆင့်တာဝန်ရှိသူ များ၏ မဆင်မခြင်မှုများကြောင့် နိုင်ငံတော်မှ အမေရိကန်ဒေါ်လာ(၁၃)သန်းကျော်နှင့် ငွေကျပ်(၂၂၆)ဘီလီယံကျော်ဆုံးရှုံးခဲ့ရသည်ဟု နိုင်ငံတော်သမ္မတက မေ ၆ ရက်ကကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်း...

ချောင်းမငယ်ဆည်မှ နေပြည်တော်သို့ တစ်ရက် ရေဂါလန်...

ချောင်းမငယ်ဆည် ရေသောက်စနစ်အတွင်းရှိ ဆင်အုံကန်မှတစ်ဆင့် နေပြည်တော် စည်ပင်သာယာရေးကော်မတီသို့ တစ်ရက်လျှင် မြို့ပြသောက်သုံးရေ ဂါလန် ၉၄ သိန်း ပေးဝေလျက်ရှိကြောင်း သိရသည်။ ထို့ပြင် ချောင်းမငယ်ဆည်ရေသောက်ဧရိယာအတွင်း...

ရွေးကောက်ပွဲသည် သန့်ရှင်းပြီး သိက္ခာရှိသော အောင်မြင်သည့်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတို့အတွင်း၌ အပိုင်း(၃)ပိုင်းခွဲကာအောင်မြင်စွာကျင်းပခဲ့သည့် ရွေးကောက်ပွဲနှင့်ပတ်သက်၍ မေ ၆ ရက်ကကျင်းပသည့်...
HomeArticlesအိမ်သစ်ဟောင်း

အိမ်သစ်ဟောင်း

ကျွန်မတို့ အိမ်ဟောင်းတစ်လုံးကို ဝယ်လိုက်ကြတယ်။ လင်မယား နှစ်ယောက် သာသာယာယာလေး နေကြမယ်ပေါ့။ အိမ်ကဟောင်းတယ် ဆိုပေမယ့် အလတ်ကြီး။ ပြင်စရာ ရှိတာ နည်းနည်းပါးပါးပြင်ပြီး နံရံ ကပ်စက္ကူတွေ လဲစရာရှိတာ စိတ် ကြိုက်ပြန်လဲလိုက်ရင် သိပ်ကောင်း သွားသိပ်လှသွားမှာ။

ဒီတော့ကာ လောလောဆယ် မှာတော့ လင်မယားနှစ်ယောက်သား ထမင်းစားခန်းကို ယာယီအိပ်ခန်း လုပ်ထားပြီး အိပ်ခန်းကြီးကနေ စ ပြင်ဆင်ကြမယ်။ ကျွန်မက နံရံကပ် စက္ကူဟောင်းတွေကို ခွာဖို့တာဝန်ကျ တယ်။ သူကတော့ ပြင်တာဆင်တာ ဆေးပြန်သုတ်တာ စက္ကူအသစ်ပြန် ကပ်တာ အကုန်လုပ်မတဲ့။ အိုကေ လေ။ ကောင်းသားပဲသူ့အစီအစဉ်က။

သို့သော် အရင်အိမ်ပိုင်ရှင်က ကပ်ထားလိုက်တဲ့ နံရံကပ်စက္ကူတွေ နံရံတွေတင်မက မျက်နှာကျက်မှာ ရောပဲ။ အဲဒါတွေပြန်ခွာရမယ့်ကိစ္စ ကလည်း သိပ်တော့ မချောင်လှ ပေဘူး။ ဒါပေမဲ့ လုပ်ရတာ မဆိုး ပါဘူး။ နေလောင်လို့ ကိုယ့်အရေပြား ကိုယ်ပြန်ခွာရသလိုပဲ။

ငယ်ငယ်တုန်းကဆို အရေပြား ခွာတမ်းတောင် ကစားကြသေးတာ လေ။ နေလောင်တဲ့ အရေပြားကို အရှည်ဆုံး မပြတ်မတောက် ခွာနိုင် တဲ့သူက အနိုင်ပဲ။ ရှင်တို့ ခွာဖူးကြ တယ်မဟုတ်လား။ အနည်းဆုံး ကိုယ့်နှုတ်ခမ်းက အရေပြားလေးကို အသာဆွဲဆွဲပြီး အရေပြားလေး ပြတ်မသွားရအောင်ခွာတာမျိုးတော့ လုပ်ဖူးကြမှာပါ။ အဲဒါလည်း အရသာ တစ်မျိုးရှိပါ့။ အခုလိုဆောင်းတွင်းမျိုး ဆိုအရေပြားခွာလို့ကောင်းမှကောင်း။

အခု နံရံကပ်စက္ကူဟောင်းတွေ ခွာရတာဟာလည်း အဲသလို အရသာ မျိုးပဲ။ ဗြိခနဲ ဆွဲခွာလိုက်ရင်ရပေမယ့် မပြဲမစုတ်အောင် အသာလေး အ သက်အောင့်ပြီး တဗြစ်ဗြစ်နဲ့ ဆွဲခွာ နေရတာဟာ ပျော်စရာလည်း ကောင်း အရသာလဲရှိပါ့။

ဒါပေမဲ့ ခုနံရံကပ် စက္ကူဟောင်း တွေကို ခွာလိုက်တဲ့အခါမတော့ ထူးဆန်းတာ တစ်ခုတွေ့ရတယ်။ စက္ကူတစ်ချပ် ခွာလိုက်ပြီးတိုင်း အဲဒီ စက္ကူကို ကပ်ထားတဲ့ နေရာရဲ့ ထောင့်စွန်းလေးမှာ နာမည်တစ်ခုနဲ့ နေ့စွဲတစ်ခုစီ သံချွန်လိုမျိုးနဲ့ သစ်သား ကိုခြစ်ပြီး ရေးထားတာတွေ တွေ့ရ လေရဲ့။ တစ်ချပ်ခွာလိုက် နာမည် တစ်ခုနဲ့ နေ့စွဲတစ်ခု တွေ့လိုက်၊ နောက်တစ်ချပ်ခွာလိုက် နောက်ထပ် နာမည်တစ်ခုနဲ့ နေ့စွဲတစ်ခုတွေ့ လိုက်နဲ့ အချပ်တိုင်းအောက်မှာ အဲသလိုတွေ တွေ့ရတော့ ကျွန်မရဲ့ သိချင်စိတ်က မနေနိုင်တော့ဘူး။ ဘာလို့ နာမည်တွေနဲ့ နေ့စွဲတွေ ရေးထားရတာပါလိမ့်။ အရင် အိမ် ရှင်ဟောင်းက သူ့မိသားစုဝင်တွေ သူငယ်ချင်းတွေကို နံရံကပ်စက္ကူတွေ ကပ်ခိုင်းပြီး နာမည်တွေ အမှတ်တရ ရေးထားတာများလား။

ဒါနဲ့ ညနေဖက်ရောက်တော့ စိတ်ထဲက မှတ်လာတဲ့ နာမည် တစ်ခုကို ဂူးဂဲလ်မှာရိုက်ပြီး ရှာကြည့် လိုက်မိတယ်။ ချက်ချင်းတန်းတွေ့ တာပါပဲ။ အဲဒီနာမည်နဲ့လူဟာ ပျောက်ဆုံးနေတာ။ ဘယ်နေ့ဘယ် ရက်က ပျောက်သွားတယ်ပေါ့။ မထူး ဆန်းလှပါဘူး။ မှုခင်းသတင်းပါ။ လူ ပျောက်သတင်းပေါ့။ ဒါပေမဲ့ ဆန်း တာကတော့ရှိတယ်။ အဲဒီလူပျောက် ဆုံးသွားတဲ့နေ့ဟာ ကျွန်မခွာခဲ့တဲ့ နံရံ ကပ်စက္ကူအောက် သစ်သားပြင်မှာ လူနာမည်နဲ့တွဲပြီးရေးထားတဲ့ နေ့စွဲနဲ့ ကွက်တိဖြစ်နေတာပဲ။ ဘာကြောင့်ဆို တာ ဘယ်လိုမှကို စဉ်းစားလို့မရဘူး။

ဒါကြောင့် နောက်နေ့မတော့ ကျွန်မခွာပြီးခဲ့သမျှ နံရံကပ်စက္ကူ ဟောင်းတွေအောက်မှာ ရေးထားတဲ့ လူနာမည်တွေနဲ့ နေ့စွဲတွေကို အကုန် ကူးပြီး ဂူးဂဲလ်မှာ ရှာကြည့်လိုက်တယ်။ အကုန်လုံး လူပျောက်တွေချည်းပဲ။ နေ့စွဲတွေအကုန်လုံးကလည်း သူတို့ ပျောက်သွားတဲ့နေ့တွေချည်းပဲ။ ဒီ တော့ကာ ကျွန်မလည်း သိပ်ပြီးခေါင်း ရှုပ်မခံတော့ဘူး။ ရဲကိုပဲဖုန်းဆက်ပြီး အ ကျိုးအကြောင်းပြောပြလိုက်တော့ တယ်။

မကြာပါဘူး ရဲတွေရောက်လာ ကြတယ်။ ကျွမ်းကျင်သူ ပညာရှင် တစ်ယောက်လည်း ပါလာတယ်။ ကျွန်မက ဖြစ်ကြောင်းရယ်ကုန်စင်ကို အသေးစိပ်ထပ်ပြောပြပြီး ကျွန်မခွာ ထားတဲ့ နံရံကပ်စက္ကူတွေရော အဲဒါ တွေအောက်က နံရံမှာ သံချွန်နဲ့ ခြစ်ရေး ထားတဲ့ နာမည်တွေနဲ့ နေ့စွဲတွေကိုရော သေသေချာချာလိုက်ပြလိုက်တယ်။
ကျွမ်းကျင်သူဆိုတဲ့ နားရွက် ကားကား မျက်လုံးပြူးပြူးနဲ့လူက ကျွန်မခွာထားတဲ့ နံရံကပ်စက္ကူချပ် တွေ ကို သေသေချာချာ စစ်ဆေး ကြည့်လိုက်ပြီးတဲ့နောက် ကျွန်မကို မော့ကြည့်ရင်းက ”သေချာပါ တယ်ဗျာ။ လူပါ” လို့ပြောတယ်။ ကျွန်မလည်း သူပြောတာ နားမလည် တော့ ”ဘာလဲရှင့် လူပါဆိုတာ။ ဘာကိုပြောတာလဲ” လို့ ပြန်မေး လိုက်တယ်လေ။ ဒီအခါမှာ သူက ”ခင်ဗျား ခွာထားတာတွေလေ။ အဲ ဒါတွေဟာ လူရဲ့အရေပြားတွေလို့ ပြောတာ။ သေချာပါတယ်။ လူ့ အရေပြားတွေပါပဲ” တဲ့။

ဟက်ကာ
မှတ်ချက် – BatoutoHell
ရေးသားသော “This new old house” ကို မြန်မာလိုပြန်ရေးသည်။

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071