မန္တလေးမှာ နှစ်ရက်တာ ကပြခဲ့တဲလင်္ကာဒီပချစ်သူ ပြဇာတ်

0
156

မန္တလေးတိုင်းဒေသကြီး လူမှုရေးနှင့် သဘာဝဘေးအန္တရာယ် ကာကွယ် စောင့်ရှောက်ရေးရန်ပုံငွေ လင်္ကာဒီပချစ်သူပဒေသာကပွဲကြီးနှင့် ဈေးရောင်းပွဲ တော်ကြီးကို မန္တလေးမြို့ အမျိုးသားကဇတ်ရုံနဲ့ ဝင်းအတွင်း၌ ဒီဇင်ဘာလ ၁၄ ရက်နဲ့ ဒီဇင်ဘာလ ၁၅ ရက်များမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။


စာရေးဆရာချစ်ဦးညိုရဲ့ လင်္ကာဒီပချစ်သူ ဝတ္တုကို ဒါရိုက်တာမောင်သီ က လင်္ကာဒီပချစ်သူပြ ဇာတ်အ ဖြစ်ပုံဖော်ပြီး ဒဿဂီရိအဖြစ် လူမင်း၊ မာရဇ္ဇအဖြစ် မိုးဝင်း၊ ဘိဘိသနအဖြစ် ဟန်ဇာမိုးဝင်း၊ ရာမအဖြစ် ခါရာ၊ လက္ခဏာအဖြစ် တိုင်ရွန်၊ မယ်သီတာအဖြစ် ဝတ်မှုံရွှေရည်တို့က စံပြသဘင် အဖွဲ့သားများနဲ့အတူ စင်ပေါ်မှာ သက်ဝင်လှုပ်ရှား ကပြကြပါတယ်။ လင်္ကာဒီပ ချစ်သူပြဇာတ်ကို ခမ်းခမ်းနားနား ဆက်တင်တွေရယ် နာမည်ကြီး ဒီဇိုင်နာတွေရဲ့ ခမ်းနားလှတဲ့ ဝတ်စုံဒီဇိုင်းတွေနဲ့ ထူးခြားစိတ်လှုပ်ရှားစရာ တင်ဆက်ခဲ့ပါတယ်။


လင်္ကာဒီပချစ်သူပဒေသာကပွဲမှာ ရိုးရာ မုန့်ဈေးတန်း၊ ရိုးရာကစားပွဲ၊ကလေးကစားစရာများ၊ပါဝင်ပြီး စာပေချစ်သူတို့အတွက်လည်း စာပေပွဲတော် မှာ သုတ၊ ရသစုံ စာအုပ်မျိုးစုံကို ရောင်းချပေးခဲ့ပါတယ်။

သတင်း

ဓာတ်ပုံ – ချမ်းသာ


LEAVE A REPLY

Please enter your comment!
Please enter your name here