အချစ်​ကို ဇွတ်​မှိတ်​ပြီး ယုံကြည်​တဲ့အထဲမှာ မပါဘူး မိုးစက်​ဝိုင်

0
171

အနုပညာလှုပ်​ရှားမှုတွေ နည်းပါးနေတဲ့ အလှမယ်မိုးစက်ဝိုင်ကတော့ လတ်တလောမှာ စီးပွားရေးလုပ်​ငန်းဘက်ကို အားစိုက်ပြီး လုပ်ကိုင်ဖြစ်နေပါတယ်။ အနုပညာနဲ့စီးပွားရေး ယှဉ်​လာတဲ့အခါ စီးပွားရေးဘက်​ကို ပိုပြီးလုပ်​ကိုင်​ဖြစ်​မယ်​ဆိုတာကို မိုးစက်​ဝိုင်က …

”သရုပ်​ဆောင်​ပိုင်းမှာ မိုးစက်​ရဲ့ ပက်​ပက်​စက်​စက်​ညှို့ရုပ်​ရှင်​ကားက ရုံတင်​ပြီးသွားပြီ။ နောက်​ထပ်​ရုံတင်​ပြသဖို့က သတ္တိရှိရင်​လောင်း မလားဆိုတဲ့ ရုပ်​ရှင်​ကားရှိသေးတယ်​။ ​အခုနောက်​ပိုင်း မိုးစက်​ရဲ့ MOEZY by Moesetwine ဆိုတဲ့ Skin Care and Cosmetic Brand လေးထုတ်​ထားတယ်​။ အဲဒီဘက်​မှာ ရောင်း ကောင်းဖို့ရယ်​၊ ကိုယ့်ရဲ့ Brand လေးပေါက်​ဖို့အတွက်​ရယ်​ ကြိုးစားပြီးတော့ လုပ်​ကိုင်​နေပါတယ်​။ ပြီးတော့ မိုးစက်​ကလုပ်​ချင်​တာတွေကတအားများနေတယ်​။ မိုးစက်​ခရီးတွေလည်းထွက်​ဖြစ်​နေတယ်​။ အဓိကတော့ မိုးစက်​စီးပွားရေးဘက်​ကို ပိုပြီးတော့ သွားဖြစ်​နေတဲ့အတွက်​ အနုပညာလှုပ်​ရှားမှုက ပိုပိုပြီးတော့ နည်း သွားမှာပါ။ အခြေအနေအရ စီးပွားရေးဘက်​ကိုပဲ အားစိုက်​ပြီးလုပ်​ဖြစ်​သွားမှာပါ”လို့ ပြောပြပါတယ်​။

အချစ်ရေးအကြောင်း ဆက် လက်မေးမြန်းကြည့်တဲ့အခါမှာတော့ အချစ်ကို ဇွတ်​မှိတ်​ပြီးယုံကြည်​တဲ့အထဲမှာ မပါဘူးလို့လည်း မိုးစက်ဝိုင်က ဆိုပါတယ်။ ‘အိမ်​ထောင်​ပြုရမယ်​ဆို တဲ့ စိတ်​ကူးက မရှိခဲ့ပါဘူး။ အိမ်​ထောင်​ပြုရမယ်​ဆိုတာကို အခုကြီးလာမှ ပြန်​စဉ်းစားမိတာ။ အမှန်​အတိုင်းပြောရရင်​ မိုးစက်​ခွေးလေးသေသွားတဲ့ အချိန်​မှ မိုးစက်​စပြီးတော့ ငါ့မိသားစု လေးရှိရမယ်​။ မိုးစက်​ခွေးလေးက မိုးစက်​ရဲ့ မိသားစုလေးဆိုတော့။ အဲဒီတော့မှပဲ Feeling စရှိတာပါ။ အိမ်​ထောင်​မပြုဘူးလို့တော့ မစဉ်းစားထားပါဘူး။ ရေစက်​ကြုံတဲ့လူရှိရင်​ ပြုဖြစ်​မှာပါ။ အဓိကတော့ မိုးစက်​နဲ့ရေစက်​ရှိတယ်​။ ဘာပဲဖြစ်​ဖြစ်​ ကမ္ဘာမှာ ကိုယ်​ယုံကြည်​ရမယ့် သူဖြစ်​ရမယ်​။ မိုးစက်​ယုံကြည်​ထားတာက အိမ်​ထောင်​ပြုတယ်​ဆိုတာ တစ်​ယောက်​နဲ့တစ်​ယောက်​ အတူတူတစ်​သက်​လုံး နေထိုင်​မယ်​ဆိုတဲ့အဓိပ္ပာယ်​။ ကိုယ်​နဲ့အတူတူနေထိုင်​မယ့်​ သူတစ်​ယောက်​ကို သံသယနေ့တိုင်းဝင်​မယ်​၊ မယုံကြည်​ဘူး၊ ဂယက်​တွေထနေမယ်​ဆိုရင်​ သိပ်​ပြီးအခြေအနေမကောင်းဘူးလေ။ တစ်​ယောက်​တည်းနေတာက ပိုကောင်းမယ်​ထင်​တယ်​။ မိုးစက်က အချစ်​ကိုယုံကြည်​သင့်​သလောက်​တော့ ယုံကြည်​ပါတယ်​။ အချစ်ကို ဇွတ်​မှိတ်​ပြီးယုံကြည်​တဲ့ အထဲမှာတော့မပါဘူး။ အဓိကတော့ မိုးစက်​ယုံကြည်​လို့ ရလောက်​မယ့်​သူ ဖြစ်​စေချင်​ပါတယ်​” လို့ ပြောပြခဲ့ပါသေးတယ်​။

ခိုင်​ဝါဝင်း၊

ဓာတ်​ပုံ – သားဒွေး


LEAVE A REPLY

Please enter your comment!
Please enter your name here