ဧရာဝတီ အတွက် ရင်ဖွင့်သံ

0
144

arrawady-1

“နေမဝင်ဧရာဝတီ” လို့ အမည်ပေးထားတဲ့ ဧရာဝတီချစ်သူများရဲ့ရင်ဖွင့်သံအခမ်းအနားကိုတော့ အောက်တိုဘာလ ၂၃ ရက်နေ့ မနက် ၁ဝ နာရီက နာရေးကူညီမှု အသင်း (ရန်ကုန်) ရဲ့ “သုခ” ခန်းမမှာ ကျင်းပပြုလုပ်ခဲ့ရာမှာတော့ အသိပညာရှင်၊ အတတ်ပညာရှင်ကြီးများ၊ စာပေ၊ ဂီတနဲ့ အနုပညာ နယ်ပယ်အသီးသီးမှ ပညာရှင်များနဲ့ ဧရာဝတီချစ်တဲ့ ရဟန်းရှင်လူ၊ ပြည်သူများ တက်ရောက်ခဲ့ကြပါတယ်။ “နေမဝင်ဧရာဝတီ” အခမ်းအနား ပြုလုပ်ရခြင်းအကြောင်းကို နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူက ပြောကြားရာမှာတော့..

“ဧရာဝတီချစ်သူများရဲ့ “နေမဝင်ဧရာဝတီ” အခမ်းအနား လုပ်တာပေါ့။ အမှန်တော့ ဧရာဝတီချစ်သူများဆိုတာ ကျွန်တော်တို့ မြန်မာနိုင်ငံသူ၊ နိုင်ငံသားအားလုံး၊ တိုင်းရင်းသားအားလုံးက ဧရာဝတီ ကိုချစ်တဲ့သူတွေချည်းပါပဲ။ ၂ဝ၁ဝ ခုနှစ်က တစ်ခါလုပ်ခဲ့ဖူးတယ်။ မြစ်ဆုံစီမံကိန်း ကန့်ကွက်ရှုတ်ချတဲ့ပွဲ လုပ်ခဲ့ဖူးတယ်။ အဲဒီနောက်ပိုင်း တော့ သမ္မတဦးသိန်းစိန်က ရပ်ဆိုင်းလိုက်တယ်ဆိုပြီး ပြောတဲ့အတွက် ဒါက ပြီးသွားပြီ။ အခု ဒီစီမံကိန်းက ပြန်စမယ့်အနေအထားမျိုး ရှိနေတဲ့ အတွက် ကျွန်တော်တို့က ဒါကို မြန်မာနိုင်ငံသူ၊ မြန်မာနိုင်ငံသား အားလုံးရဲ့ အုတ်တစ်ချပ်၊ သဲတစ်ပွင့်အနေနဲ့ ပညာရှင်တွေ၊ အနုပညာ ရှင်တွေ၊ ပရဟိတသမားတွေ၊ ရဟန်း ရှင်လူတွေနဲ့ ဒီအခမ်းအနားကို လုပ်ဖြစ်တာ ဖြစ်တယ်” လို့ ဦးကျော်သူက ပြောပြပါတယ်။ အဲဒီနောက် ” ရေကာတာကြီးများ တည်ဆောက်သင့်ပါသလား” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဒေါက်တာဦးထွန်းလွင် (မိုးလေဝသ) က ဟောပြောခဲ့ရာမှာတော့..

” နည်းပညာအရ ကမ္ဘာ့အကောင်းဆုံး နံပါတ်တစ် အကျော်အမော် အောက်စဖို့ဒ်တက္ကသိုလ်က သုတေသနပညာရှင်တွေ ၄ နှစ် အချိန်ယူပြီး ရေကာတာပေါင်း ၂၅ဝ ကျော်ကို သုတေသနလုပ်ခဲ့ကြတယ်။ အဲဒီစာတမ်းရဲ့ တွေ့ရှိချက်အရ နံပါတ်တစ်အချက်က ကုန်ကျစရိတ် တအားများလွန်းပြီး နံပါတ်နှစ် အချက်က အချိန်တွေကြာလွန်းတာ ဖြစ်ပါတယ်။ နောက်တစ်ခုက ဒီ ရေကာတာကြီးတွေ ဆောက်တဲ့အခါမှာ မူလသတ်မှတ်ထားတဲ့ ဘတ်ဂျက် ကို ကျော်လွန်ပြီး မျှော်လင့်ထားသလို အပြည့်အဝ အကျိုးမရပါဘူး။ နည်း ပညာအရ မှားယွင်းနေတဲ့အတွက် ဒါကို ကန့်ကွက်ပါတယ်။ ပြီးတော့ အခုဆောက်မယ့် နေရာက မြန်မာ ပြည်ကြီးရဲ့ အသက်သွေးကြော ဧရာဝတီမြစ်ကြီးပေါ်မှာ ဆောက် မယ့် ဆည်ဖြစ်တယ်။ ဒီဆည်ဆောက် မှုကြောင့် မြန်မာပြည်ရဲ့ အနာဂတ် မလှမပဖြစ်လာမှာကို ကျွန်တော် အလျော်အစား မလုပ်ပါဘူး။ ကျွန် တော်တို့ တတ်နိုင်သမျှ ကာကွယ် ရမယ်” လို့ သူ့ရဲ့ ဧရာဝတီနဲ့ ပတ်သက်တဲ့ ဟောပြောပွဲမှာ ပြော ကြားခဲ့ပါတယ်။ ဧရာဝတီ အကြောင်း ကဗျာတွေများစွာ ရေးသားလေ့ရှိတဲ့ ဆရာမောင်စိန်ဝင်း (ပုတီးကုန်း) ကလည်း=နေမဝင် ဧရာဝတီ+ အခမ်း အနားမှာ ဟောပြောရာမှာတော့..

” အားလုံးသိပြီးသားဖြစ်မယ်လို့ ထင်ပါတယ်။ နိုင်ငံတော်အကြံပေး အဖွဲ့ကနေပြီးတော့ ဧရာဝတီနဲ့ ပတ်သက်တဲ့ နောက်ဆုံးအစီရင်ခံစာကို နိုဝင်ဘာလ ၁၂ ရက်နေ့တင်ပါမယ်။ အဲဒီတော့ မတင်ခင်မှာ ကျွန်တော် တို့ ဒီလိုလှုပ်လှုပ်ရှားရှားလေး လုပ်တာဟာ အင်မတန်မှ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်ကို လုပ်နေတယ်လို့ မြင်ပါတယ်။ ကျွန်တော်တို့ရွေးချယ် တင်မြှောက်လိုက်တဲ့ အစိုးရကလည်း ပြည်သူတွေရဲ့အသံကို ပြတ်ပြတ် သားသားကြားမှ ပြည်သူ့အစိုးရပီပီ ပြည်သူ့ဘက်လိုက်ပြီး ဆုံးဖြတ်နိုင် မယ်လို့ ယုံကြည်ပါတယ်” လို့ ပြောပါတယ်။ “နေမဝင်ဧရာဝတီ” အခမ်းအနား ပြီးဆုံးချိန်မှာတော့ ဧရာဝတီ ရင်ဖွင့်သံ အခမ်းအနား တက်ရောက်လာသူများက ကြေညာချက်တစ် စောင်ထုတ်ပြန်ပြီး အစိုးရကို တင်ပြသွားမယ်လို့ သိရပါတယ်။

မျိုးကျော် (ကနောင်သွေး)


LEAVE A REPLY

Please enter your comment!
Please enter your name here