Tuesday, August 11, 2026

မြန်မာနိုင်ငံ၏ ဝါ စိုက်ပျိုးမှုကဏ္ဍတိုးတက်စေရေး အီဂျစ်နိုင်ငံနှင့်ပူး...

မြန်မာနိုင်ငံ၏ ဝါ စိုက်ပျိုးမှုကဏ္ဍတိုးတက်စေရေးအတွက် အီဂျစ်နိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်ရန် မြန်မာသံ အမတ်ကြီးဦးကျော်တင်ရှိန်နှင့် အီဂျစ်စိုက်ပျိုးရေးဝန် ကြီးဌာန၊ နိုင်ငံတကာဆက်ဆံရေးဌာနအကြီးအကဲ Dr. Saad Moussa ၊...

ကြည့်မြင်တိုင်ရှိ ဆက်သွယ်ရေးတိုင်ဟောင်းများကို အ သစ်လဲလှယ်တပ်ဆင်

ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ ကမ်းနားလမ်းမပေါ်ရှိ သီရိမင်္ဂလာဈေးဟောင်းရှေ့တွင် ဆက်သွယ်ရေးတိုင်ဟောင်းများကိုလဲလှယ်တပ်ဆင်လျက်ရှိကြောင်း သိရသည်။ သက်ဆိုင်ရာ ဌာနတာဝန်ရှိသူများ၊ ကျွမ်းကျင်ဝန်ထမ်းများက ဆက်သွယ်ရေးတိုင်ဟောင်းများနှုတ်သိမ်းခြင်းနှင့် တိုင်သစ်များပေါ်သို့ ကေဘယ်ကြိုးများရှင်းလင်းရွှေ့ပြောင်းတပ်ဆင်ခြင်းတို့ကိုပြုလုပ်လျက်ရှိကြောင်း သိရသည်။ ထိုသို့ ပြုလုပ်နေမှုကို...

အကြမ်းဖက်အဖွဲ့ဝင်များဖျ-က်ဆီးခဲ့သည့် ဖလမ်းမြို့၊ တီးတိန်မြို့နှင့် တွန်းဇံမြို့တို့မှ...

ချင်းပြည်နယ်၊ ဖလမ်းမြို့၊ တီးတိန်မြို့နှင့် တွန်းဇံတို့ရှိ အကြမ်းဖက်အဖွဲ့ဝင်များ၏ဖျ-က်ဆီးမှုကြောင့် တစ်စိတ်တစ်ပိုင်းပျ-က်စီးခဲ့သော ဌာနဆိုင်ရာအဆောက်အအုံများကိုပြန်လည်ပြုပြင်ခြင်းအား ဒေသခံကုမ္ပဏီများက စတင်‌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ဖလမ်းမြို့ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ ဖြိုးရေးသင်တန်းကျောင်းအတွင်းမှ...

လဲချားမြို့နယ်အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုများပြုလုပ်သည့် တရုတ်နိုင်ငံသား(၃၄)ဦးကို လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းမိ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ်အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုများပြုလုပ်သည့် တရုတ်နိုင်ငံသား(၃၄)ဦးကို လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူ သြဂုတ် ၁၀ ရက်ကဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ဝင်များက လဲချားမြို့နယ်၊ ဆီးဆောကျေးရွာအနီးမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုများလုပ်ကိုင်သည့်...
HomeMyanmar Theatrical Traditionဆိုင်းပဲတီးသွားမယ်ဆိုတဲ့ ဆိုင်းပညာ ရှင်သီရိမောင်မောင်ရဲ့...

ဆိုင်းပဲတီးသွားမယ်ဆိုတဲ့ ဆိုင်းပညာ ရှင်သီရိမောင်မောင်ရဲ့ သား ဝေယံမောင်

အသက် ၇ နှစ်သား အရွယ်ကတည်းက ပတ္တလားစတင်တီးခတ်နေပြီး မြန်မာ့အနုပညာကို စိတ်ပါဝင်စားခဲ့သူ ဆိုင်းပညာရှင်လေး ဝေယံမောင် ပါ။ သူ့ရဲ့ဖခင်ကတော့ ဆိုင်းပညာရှင် သီရိမောင် မောင်ပဲဖြစ်ပြီး ဖခင်ဖြစ်သူဆီကနေလည်း အနု ပညာအမွေကို ဆက်ခံရယူထားသူပါ။

သူကတော့ ပညာရေးအနေနဲ့ မြန်မာစာနောက် ဆုံးနှစ် တက်ရောက်သင်ကြားနေပြီး ဆိုင်းဘက် မှာလည်း ခေါင်းဆောင်ရွာစား တစ်ဦးအနေနဲ့ ပွဲ တွေမှာ တီးခတ်နေပြီလည်း ဖြစ်ပါတယ်။

”ကျွန်တော့်အနေနဲ့ ဆိုင်းပဲ တစိုက်မတ်မတ် လုပ်သွားဖို့ ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆိုင်း လောကမှာက လူငယ်တွေနည်းနည်း ရှားလာပြီလေ။ ဒါကြောင့် ကျွန်တော်ကတော့ ဆိုင်းပဲလုပ်သွားဖြစ်မယ်။ လူငယ်တွေက စိတ်ဝင်စားမှုနည်းတာတော့ မဟုတ်ဘူး။ ပြီးခဲ့တဲ့လတုန်းက ဆိုင်းပွဲတော်အနေနဲ့ လုပ်ခဲ့တယ်။ ရန်ကုန်မှာရှိတဲ့ ဆိုင်း ဆရာ စုစုပေါင်း ၁၃ ယောက်ပါတယ်။ နာမည်ကျော်ဆိုင်းဆရာ တွေ မျိုးဆက်သစ်ဆိုင်းဆရာတွေပါတယ်။ အဲဒီမှာ ဘာတွေ့လဲ ဆိုတော့ ဆိုင်းပွဲတော်အနေနဲ့ လုပ်တာ ဒီပွဲကပထမဆုံးပဲ။ လူစိတ်ဝင်စားမှုလျော့မယ်လို့ ကျွန်တော်တို့က ထင်ခဲ့တယ်။ ဒါပေမဲ့ ရုံပြည့်နီးပါး လူစိတ်ဝင်စားမှုရှိခဲ့တယ်။ အကြောင်း ကြောင်းကြောင့်Live မလွှင့်နိုင်ခဲ့ပေမယ့် ရုံထဲမှာတော့ ရုံပြည့် လုနီးပါးလူရှိခဲ့တယ်။ ဆိုင်းက ထိတွေ့မှုနည်းနေလို့သာ လူစိတ် ဝင်စားမှု နည်းနေတာပါ။ ထိတွေ့မှု ရှိနေမယ်ဆိုရင်တော့ ဒါက တိမ်ကော ပျောက်ပြယ်သွားမှာမဟုတ်ပါဘူး။ ကျွန်တော်တို့ မထိ တွေ့ခဲ့ရတဲ့အတွက် လူငယ်တွေကြားမှာ ပျောက်ကွယ် လုနီးပါး ဖြစ်ခဲ့ရတယ်လို့ ကျွန်တော်ကတော့ မြင်ပါတယ်”လို့ ဆိုင်း ပညာရပ်နဲ့ ပတ်သက်လို့ ဝေယံမောင်က သူ့ရဲ့အမြင်ကို ပြောပြ ပါတယ်။ ဝေယံမောင်က ဆိုင်းအခွေသီးသန့်ထွက် နိုင်ဖို့အတွက် ကြိုးစားပြင်ဆင်သွားမယ်လို့လည်း ပြောပြခဲ့ပါတယ်။

လင်းအက္ခရာ

Ads Space Available


Continue reading

မြန်မာနိုင်ငံ၏ ဝါ စိုက်ပျိုးမှုကဏ္ဍတိုးတက်စေရေး အီဂျစ်နိုင်ငံနှင့်ပူး ပေါင်းဆောင်ရွက်မည်

မြန်မာနိုင်ငံ၏ ဝါ စိုက်ပျိုးမှုကဏ္ဍတိုးတက်စေရေးအတွက် အီဂျစ်နိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်ရန် မြန်မာသံ အမတ်ကြီးဦးကျော်တင်ရှိန်နှင့် အီဂျစ်စိုက်ပျိုးရေးဝန် ကြီးဌာန၊ နိုင်ငံတကာဆက်ဆံရေးဌာနအကြီးအကဲ Dr. Saad Moussa ၊ အီဂျစ်စိုက်ပျိုးရေးသုတေသနဌာန(ARC)ဥက္ကဋ္ဌ (President) Professor Dr. Adel Abd-Elazim Al-Akhedar တို့ဆွေး နွေးခဲ့ကြသည်။ ၎င်းတို့သည် သြဂုတ် ၉ ရက်နံနက် ၁၀ နာရီက ကိုင်ရိုမြို့၊ ဂီဇာမြို့နယ်ရှိ အီဂျစ်စိုက်ပျိုးရေးဝန်ကြီးဌာန၊ အီဂျစ်စိုက်ပျိုးရေးသုတေသနဌာန(ARC)တွင်တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။ မြန်မာနိုင်ငံရှိ ဝါ သီးနှံကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဝါ သီးနှံအထွက်နှုန်းတိုးတက်ကောင်းမွန်လာစေရေး အီဂျစ်နိုင်ငံ၊ စိုက်ပျိုးရေးနှင့် မြေယာပြုပြင်ပြောင်းလဲရေးဝန်ကြီးနှင့် ပူးပေါင်းဆောင်ရွက်သွားနိုင်ရေး၊...

ကြည့်မြင်တိုင်ရှိ ဆက်သွယ်ရေးတိုင်ဟောင်းများကို အ သစ်လဲလှယ်တပ်ဆင်

ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ ကမ်းနားလမ်းမပေါ်ရှိ သီရိမင်္ဂလာဈေးဟောင်းရှေ့တွင် ဆက်သွယ်ရေးတိုင်ဟောင်းများကိုလဲလှယ်တပ်ဆင်လျက်ရှိကြောင်း သိရသည်။ သက်ဆိုင်ရာ ဌာနတာဝန်ရှိသူများ၊ ကျွမ်းကျင်ဝန်ထမ်းများက ဆက်သွယ်ရေးတိုင်ဟောင်းများနှုတ်သိမ်းခြင်းနှင့် တိုင်သစ်များပေါ်သို့ ကေဘယ်ကြိုးများရှင်းလင်းရွှေ့ပြောင်းတပ်ဆင်ခြင်းတို့ကိုပြုလုပ်လျက်ရှိကြောင်း သိရသည်။ ထိုသို့ ပြုလုပ်နေမှုကို ရန်ကုန်တိုင်းအစိုးရအဖွဲ့၊ လျှပ် စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန် ကြီး ဒေါက်တာမျိုးသော်က သြဂုတ် ၁၀ ရက်မွန်းလွဲပိုင်းတွင်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ကြည့်ရှုစစ်ဆေးစဥ် ကမ်းနားလမ်းမကြီးအဆင့်မြှင့်တင်ရန်နှင့် မြို့အင်္ဂါရပ်သန့်ရှင်းသပ်ရပ်စေရေးအတွက် ဟောင်းနွမ်းနေသောတိုင်များစနစ်တကျနှုတ်သိမ်းရန်၊ ပြည်သူများသွားလာရာတွင် အန္တရာယ်မရှိစေရေးအ တွက် လျှပ်စစ်/ဆက်သွယ်ရေးကေဘယ်ကြိုးများကို စနစ်တကျရွှေ့ ပြောင်းတပ်ဆင်ရန်၊ စံချိန်စံညွှန်းမီ ကေဘယ်လိုင်းများသပ်ရပ်စွာတပ်ဆင်ရန်နှင့် သတ်မှတ်ကာလအတွင်းပြီးစီးရန်တို့ကိုမှာကြားခဲ့ကြောင်း သိရသည်။

အကြမ်းဖက်အဖွဲ့ဝင်များဖျ-က်ဆီးခဲ့သည့် ဖလမ်းမြို့၊ တီးတိန်မြို့နှင့် တွန်းဇံမြို့တို့မှ ဌာနဆိုင်ရာအ‌ဆောက်အအုံများကိုပြန် လည်ပြင်ဆင်

ချင်းပြည်နယ်၊ ဖလမ်းမြို့၊ တီးတိန်မြို့နှင့် တွန်းဇံတို့ရှိ အကြမ်းဖက်အဖွဲ့ဝင်များ၏ဖျ-က်ဆီးမှုကြောင့် တစ်စိတ်တစ်ပိုင်းပျ-က်စီးခဲ့သော ဌာနဆိုင်ရာအဆောက်အအုံများကိုပြန်လည်ပြုပြင်ခြင်းအား ဒေသခံကုမ္ပဏီများက စတင်‌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ဖလမ်းမြို့ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ ဖြိုးရေးသင်တန်းကျောင်းအတွင်းမှ ရုံး၊ ဝန်ထမ်းအိမ်ရာ၊ သင်တန်းသားအိပ်ဆောင်နှင့် စားရိပ်သာများ၊ သင် တန်းကျောင်းဝင်းအတွင်းလမ်းမများကို စက်ကြီးများဖြင့်ပြုပြင်ရှင်းလင်းလျက်ရှိကြောင်း သိရသည်။ ထို့ပြင် မြန်မာ့စီးပွားရေးဘဏ်၊ မြို့နယ်လျှပ်စစ်အင် ဂျင်နီယာရုံး၊ ဆောက်လုပ်ရေးရိပ်သာ၊ ခရိုင်စိုက်ပျိုး ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးနေအိမ်တို့ကိုလည်း ပြန် လည်ပြုပြင်တည်ဆောက်လျက်ရှိပြီး အမျိုးသားသ ဘာဝဘေးစီမံခန့်ခွဲရေးကော်မတီ၏ ရန်ပုံငွေအထောက်အပံ့ဖြင့်ထောက်ပံ့မည့် သစ်များခွဲစိတ်နိုင်ရေးအတွက်လည်း ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထို့အတူ တီးတိန်မြို့ရှိ မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး၊ မြို့...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071