အစ္စရေးနှင့် မြန်မာနိုင်ငံ နှစ်နိုင်ငံကြား အနုပညာ ပူးပေါင်းဆောင်ရွက်နိုင်ရန် ကိစ္စရပ်များ ဆွေးနွေး

0
64

မြန်မာနိုင်ငံဆိုင်ရာ အစ္စရေးသံအမတ်ကြီး၏ ဇနီး Madam Sharon Gilor နှင့် အစ္စရေးအနုပညာရှင် Gil Alon ( Zen Master & Theater Director) တို့သည် အောက်တိုဘာလ ၃ ရက်နေ့တွင် ဗဟိုသဘင်ရုံးသို့ လာရောက်ကာ သဘင်အစည်းအရုံး (ဗဟို) ဥက္ကဋ္ဌနှင့် အမှုဆောင်များအားတွေ့ဆုံခဲ့ပြီး အနာဂတ်တွင် ၂ နိုင်ငံကြား အနု ပညာပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်ရေး ကိစ္စရပ်များအား ရင်းနှီးစွာဆွေးနွေးခဲ့ကြ သည်။

မြန်မာနိုင်ငံသဘင်အစည်းအရုံးအနေဖြင့် သြဂုတ်လတုန်းကလည်း တရုတ်နိုင်ငံ တွင် ပြုလုပ်သော အနုပညာဖလှယ်ပွဲသို့ သွားရောက်ခဲ့ပြီး မြန်မာ့အနုပညာနှင့် ပတ် သက်သည်များကို တင်ဆက်ခဲ့ ကြပါသေးသည်။ သဘင်အစည်းအရုံးအနေနှင့် နိုင်ငံ တကာနှင့် ဆက်သွယ်ကာ အနုပညာ နှီးနှောဖလှယ်မှုများကို စဉ်ဆက်မပြတ်ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်းသိရှိရပါသည်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here