Tuesday, August 11, 2026

လဲချားမြို့နယ်အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုများပြုလုပ်သည့် တရုတ်နိုင်ငံသား(၃၄)ဦးကို လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းမိ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ်အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုများပြုလုပ်သည့် တရုတ်နိုင်ငံသား(၃၄)ဦးကို လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူ သြဂုတ် ၁၀ ရက်ကဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ဝင်များက လဲချားမြို့နယ်၊ ဆီးဆောကျေးရွာအနီးမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုများလုပ်ကိုင်သည့်...

MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ...

ရန်ကုန်၊ ဩဂုတ် ၁၁ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSME) ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ ကျပ် ဘီလီယံ ၁၇၀ မတည်ထားရှိပြီး...

​အင်ဒိုနီးရှားမှာ ဒေါ်လာသန်းရာ‌ချီတန်တဲ့ ကက်တမင်းမူးယစ်ဆေး ၁.၃...

​နိုင်ငံခြားသင်္ဘောတစ်စင်းဆီကနေ ဒေါ်လာသန်းရာချီတန်တဲ့ ကက်တမင်း(Ketamine) မူးယစ်ဆေး ၁.၃ တန်ကို အင်ဒိုနီးရှား အာဏာပိုင်တွေက ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အကြီးအကဲက တနင်္ဂနွေနေ့မှာ ပြောပါတယ်။...

ပခုက္ကူမြို့ မြေနိမ့်ပိုင်းရပ်ကွက်ရှိ လူနေအိမ်များ၌ မြစ်ရေဝင်ရောက်နေ၊ယာယီရေဘေးရှောင်စခန်းများ...

ပခုက္ကူ၊ ဩဂုတ် ၁၀မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ရှိ မြစ်ကမ်းနံဘေးနှင့် မြေနိမ့်ပိုင်း ရပ်ကွက်များအတွင်းသို့ ဧရာဝတီမြစ်ရေ ဝင်ရောက်လာသဖြင့် တာဝန်ရှိသူများက ဩဂုတ် ၁၀ ရက်...
HomeMyanmar Theatrical Traditionရန်ဖြစ်လိုက် ပြန်ချစ်လိုက်ပါပဲဆိုတဲ့ တင်မောင်...

ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ပါပဲဆိုတဲ့ တင်မောင် ဆန်းမင်းဝင်း

တင်မောင်ဆန်းမင်းဝင်းက ဇာတ်သဘင်ပိုင်းမှာလည်း အောင်မြင်တဲ့ မင်းသားတစ်ယောက်ဖြစ် သလို အိမ်ထောင်ရေးပိုင်းမှာလည်း အိမ်ထောင်ဦးစီးတာဝန်ကျေပွန်တဲ့ ခင်ပွန်းတစ်ယောက်ဖြစ်ပါ တယ်။ သူဟာအနုပညာကိုလည်း ချစ်သလို သူ့မိသားစုကိုလည်း ချစ်မြတ်နိုးတဲ့သူတစ်ယောက်ပါ။

အခုဆိုရင်တင်မောင် ဆန်းမင်းဝင်းနဲ့ မအေးမမလှိုင်တို့ရဲ့ အိမ်ထောင်သက်တမ်းက ၉ နှစ် ကျော်ခဲ့ပြီဖြစ်ပြီး ချစ်ဖို့ကောင်းတဲ့သားလေးမင်းရွှေရောင်တင်ကိုလည်း ပိုင်ဆိုင်ထားပါတယ်။ သို့ပေမဲ့လည်း သူက မိသားစုကိုလည်းချစ်သလို ပရိသတ်ကိုလည်း ချစ်ပါတယ်ဆို တဲ့သူက –

”ဘိုးဘိုးရွှေမန်းတင်မောင်ကတော့ ရှေ့ဆောင်လမ်းပြပေါ့။ ဘိုးဘိုး ပေးခဲ့တဲ့ ဇာတ်ခုံပေါ်မှာကပြနေတာပါ။ ကပြပြီးရင် ထမင်းစားကြမယ်။ ထမင်းကဘယ်သူကျွေးမှာလဲဆိုတော့ ပရိသတ်ကကျွေးမှာလေ။ အဲဒါကြောင့်မို့ ကျွန်တော့်အနေနဲ့ ပရိသတ်ကို အဓိကတန်ဖိုးပို ထားပါတယ်။ ကျွန်တော့်မိသားစုဖူလုံရေးကလည်း ပရိသတ် ကပဲ ကျွေးမှာဖြစ်တဲ့အတွက်ကြောင့်လေ။ ကျွန်တော်ကတော့ အဲဒီလိုပဲခေါင်းထဲထည့်ထားတယ်။ အဲဒီလိုစိတ်မျိုးကို အဖွဲ့ သားတွေကိုလည်း ထည့်ခိုင်းသလို မိသားစုကိုလည်း ထည့် ခိုင်းထားတယ်။ ကျွန်တော့်အမျိုးသမီးရဲ့ ပံ့ပိုးမှုတွေလည်း အများကြီးပါပါတယ်” လို့ တင်မောင်ဆန်းမင်းဝင်းက ပြောပြပါတယ်။ သူတို့ဇနီး မောင်နှံနှစ်ယောက်က တစ် ယောက်နဲ့တစ်ယောက် ရန်ဖြစ်လိုက်ပြန်ချစ်လိုက်ပါပဲလို့ ရယ်မောရင်းပြောလာတဲ့ တင်မောင်ဆန်းမင်းဝင်းက ဇနီး ဖြစ်သူနဲ့ သားဖြစ်သူကိုလည်း အမြဲတမ်းပျော်အောင်ထားတတ် သူပါ။ ”အိမ်ထောင်ရေးတစ်ခုကို သူလည်းမကွဲချင်သလို ကိုယ် လည်းမကွဲချင်ဘူး။ ဘယ်အိမ်ထောင်ရေးမှ ကွဲချင်ကြမှာမဟုတ် ပါဘူး။ ကျွန်တော့်ရဲ့ အဓိက လူက ပရိသတ်ဆိုတာ သူသိသွားတဲ့ အခါကျတော့ အဆင်ပြေသွားပါ တယ်” လို့ တင်မောင်ဆန်းမင်းဝင်းက ပြောပြပါတယ်။

လင်းအက္ခရာ

Ads Space Available


Continue reading

လဲချားမြို့နယ်အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုများပြုလုပ်သည့် တရုတ်နိုင်ငံသား(၃၄)ဦးကို လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းမိ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ်အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုများပြုလုပ်သည့် တရုတ်နိုင်ငံသား(၃၄)ဦးကို လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူ သြဂုတ် ၁၀ ရက်ကဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ဝင်များက လဲချားမြို့နယ်၊ ဆီးဆောကျေးရွာအနီးမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုများလုပ်ကိုင်သည့် တရားမဝင် တရုတ်နိုင်ငံသား(၃၄)ဦးကို လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်၊ ထို့ကြောင့် ဖမ်းဆီးရမိသူများအား လိုအပ်သည့်စစ် ဆေးမှုများပြီးစီးပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်ပြင်းထန်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် သိမ်းဆည်းရမိခဲ့သည့် လုပ်ငန်းသုံးဆက်စပပစ္စည်းများကိုလည်း လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ ကျပ် ဘီလီယံ ၁၇၀ မတည်ထားပြီး ကျပ် ဘီလီယံ ၁၅၀ ကို ချေးငွေအဖြစ် ထုတ်ချေးပေးမည်

ရန်ကုန်၊ ဩဂုတ် ၁၁ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSME) ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ ကျပ် ဘီလီယံ ၁၇၀ မတည်ထားရှိပြီး ယင်းအနက် ကျပ် ဘီလီယံ ၁၅၀ ကို MSME ချေးငွေအဖြစ် ထုတ်ချေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့၏ (၂/၂၀၂၆) အစည်းအဝေးမှ သိရသည်။ အဆိုပါအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းက လုပ်ငန်းရှင်များ ချေးငွေရယူရာတွင် အဆင်ပြေစေရန် လုပ်ထုံးလုပ်နည်းများ ပြင်ဆင်ဖြေလျှော့ပေးထားပြီး...

​အင်ဒိုနီးရှားမှာ ဒေါ်လာသန်းရာ‌ချီတန်တဲ့ ကက်တမင်းမူးယစ်ဆေး ၁.၃ တန်ဖမ်းဆီးရမိ

​နိုင်ငံခြားသင်္ဘောတစ်စင်းဆီကနေ ဒေါ်လာသန်းရာချီတန်တဲ့ ကက်တမင်း(Ketamine) မူးယစ်ဆေး ၁.၃ တန်ကို အင်ဒိုနီးရှား အာဏာပိုင်တွေက ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အကြီးအကဲက တနင်္ဂနွေနေ့မှာ ပြောပါတယ်။ ဒါဟာ အင်ဒိုနီးရှားနိုင်ငံရဲ့ အကြီးမားဆုံး မူးယစ်ဆေးဖမ်းဆီးရမိမှုတွေထဲက တစ်ခုပါပဲ။ သင်္ဘောပေါ်က အမှုထမ်း ၈ ဦးကို ထိန်းသိမ်းထားရာမှာ မြန်မာနိုင်ငံသား ၇ ဦးနဲ့ ထိုင်ဝမ်သား ၁ ဦး ပါဝင်တယ်လို့ မူးယစ်ဆေးဝါးနှိမ်နင်းရေးအေဂျင်စီက ဆိုပါတယ်။ ​ဖေဖော်ဝါရီလတုန်းက ထိုင်းနိုင်ငံကနေ အရှေ့ဘက်ကို ဦးတည်ထွက်ခွာလာတဲ့ MV King Sun သင်္ဘောပေါ်မှာ "မသင်္ကာစရာ"...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071