Thursday, August 13, 2026

ကူရိုင်းလ်ကျွန်းစုများသို့ သမ္မတပူတင် ပထမဆုံးအကြိမ် သွားရောက်

ဩဂုတ်လ ၁၃ ရက် ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်သည် ကြာသပတေးနေ့က အရှေ့ဖျားဒေသရှိ ကူရိုင်းလ်ကျွန်းစုများသို့ ပထမဆုံးအကြိမ် သွားရောက်လည်ပတ်ခဲ့သဖြင့် အဆိုပါနယ်မြေကို ပိုင်ဆိုင်ကြောင်း အခိုင်အမာ...

အလှူရှင်များအားလုံးကို လေးစားဂုဏ်ပြုမှတ်တမ်းတင်ခဲ့သည့် ဧရာဝတီတိုင်းအစိုးရအဖွဲ့

လေးမျက်နှာမြို့နယ်တွင်ကြုံတွေ့နေရသည့် ရေကြီးရေလျှံမှုဖြစ်စဥ်တွင် လုပ်အားဒါနကူညီပေးကြသူများနှင့် ပြည်တွင်း/ပြည်ပအလှူရှင်များအားလုံးကို လေးစားဂုဏ်ပြုမှတ်တမ်းတင်သည်ဟု ဧရာဝတီတိုင်းအစိုးရအဖွဲ့က ထုတ်ပြန်ခဲ့သည်။ အဆိုပါ အဖိုးတန်သော ကူညီပံ့ပိုးမှုနှင့် မေတ္တာတရားများသည် ရေဘေးသင့်သူများအတွက် အားကိုးရာခွန်အားနှင့် မျှော်လင့်ချက်အလင်းရောင်များဖြစ်ခဲ့ရပြီး...

မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံအကြား လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး...

နေပြည်တော်၊ ဩဂုတ်-၁၃ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ဩဂုတ်-၁၂ ရက် မွန်းလွဲပိုင်းတွင် ဗီယက်နမ်နိုင်ငံ သံအမတ်ကြီး H.E. Mr. Nguyen...

မြန်မာနိုင်ငံကူးလက်မှတ် သက်တမ်းတိုးရန် ၅ နှစ်နှင့်အထက်...

တိုကျို၊ ဩဂုတ် ၁၃ ဂျပန်နိုင်ငံတွင် ရောက်ရှိနေထိုင်ပြီး အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာနိုင်ငံသားများအနေဖြင့် နိုင်ငံကူးလက်မှတ် (Passport) သက်တမ်းတိုးရန် ၅ နှစ်နှင့်အထက် ပျ-က်ကွက်နေပါက မြန်မာနိုင်ငံသို့...
HomeMyanmar Theatrical Traditionအဖေ၊ ဦးလေး၊ အစ်ကိုတို့နဲ့အတူတူရုပ်ရှင်ရိုက်ချင်တဲ့နေမိုးဝင်း

အဖေ၊ ဦးလေး၊ အစ်ကိုတို့နဲ့အတူတူရုပ်ရှင်ရိုက်ချင်တဲ့နေမိုးဝင်း

သဘင်မျိုးရိုးကနေဆင်းသက်လာပေမယ့် သဘင်ထက်ဇာတ်ကိုပဲ အဓိက ထားလုပ်ဆောင်သွားမယ့်သူကတော့ စံပြသဘင်ရဲ့အငယ်ဆုံးဖြစ်တဲ့ နေမိုး ဝင်းပါပဲ။ နေမိုးဝင်းက စံပြသဘင်ရဲ့စင်မြင့်ပေါ်မှာ အစ်ကို အစ်မတွေနဲ့အတူတူ သီချင်းတွေသီဆိုခဲ့ဖူးပါတယ်။ အခုအချိန်မှာတော့ သူကရုပ်သံဇာတ်လမ်းတွဲ တစ်ခုမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး အဲဒီဇာတ်ကားမှာ သရုပ်ဆောင်ခဲ့တဲ့ သူ့ရဲ့ အိုက် တင်တွေနဲ့ ပတ်သက်လို့လည်း အားရကျေနပ်မှုရှိကြောင်း သူကပြောပါတယ်။

သူကတော့ ဂျစ်ကန်ကန်နဲ့ မဟုတ်မခံစရိုက်ရှိတဲ့ ဇာတ်ရုပ်မျိုးတွေ လုပ်ရ တာကို ပိုသဘောကျပြီးအဲဒီဇာတ်ရုပ်ကသူနဲ့လည်း လိုက်ဖက်မှုရှိတယ်လို့ ခံစားရတယ်လို့ဆိုပါတယ်။ ဖခင်ဖြစ်သူ ဦးမိုးဝင်း၊ ဦးလေးဖြစ်သူ ဦးမိုးမင်း၊ အစ်ကိုဖြစ်သူဟန်ဇာမိုးဝင်းတို့ကလည်း ရုပ်ရှင်ဇာတ်ကားတွေ ပါဝင်ရိုက်ကူးခဲ့ဖူး တဲ့သူတွေဖြစ်တဲ့အတွက် သူတို့နဲ့အတူတူ ဇာတ်ကားရိုက်ကူးချင်တဲ့စိတ်လည်း သူ့မှာရှိလို့နေပါတယ်။

”အဖေတို့ ဦးလေးတို့ သရုပ်ဆောင်တုန်းက သားကမွေးတောင် မမွေး သေးဘူး။ သူတို့ သရုပ်ဆောင်တာကို မမြင်ခဲ့ရဘူး။ သူတို့ဇာတ်ကားတွေလည်း မကြည့်ရှုခဲ့ရဘူး။ အဲဒီ တော့ သူတို့နဲ့အတူတူသာဇာတ်ကားရိုက်ကူး ရမယ်ဆိုရင် ပညာတွေအများကြီးရမှာလေ။ သူတို့သရုပ်ဆောင်တာကိုလည်း ပြန်ပြီးကြည့်ရှုရ မယ်။ ပျော်ဖို့လည်းကောင်းမှာပဲ။ ကိုကြီးဟန် ဇာနဲ့ကတော့ ရုပ်ရှင်ရိုက်ကူးရင်းလည်း ရိုက် မယ်။ ပြီးတော့ ဇာတ်ဆိုရင်လည်း ပွဲ အကြီးတွေဆိုရင် ကျွန်တော်လည်း သွားပြီးတော့ သီချင်းသွား ဆိုမယ်။ ညီအစ်ကို နှစ် ယောက်အတူတူ ဖျော် ဖြေမယ်။ အဲဒီလိုလေး တွေတော့လုပ်သွားမှာ ပါ”လို့ နေမိုးဝင်းက သူ့ရဲ့ ဖြစ်စေချင်လိုမှုကို ပြော ပြပါတယ်။

ရုပ်ရှင်မင်း သားတစ်ယောက်ဖြစ်ချင် တဲ့သူက သရုပ်ဆောင် ပိုင်းနဲ့ပတ်သက်လို့လည်း သင်ယူလေ့လာမှုတွေ ပြုလုပ် သွားမှာလည်းဖြစ်ပါတယ်။

လင်းအက္ခရာ

Ads Space Available


Continue reading

ကူရိုင်းလ်ကျွန်းစုများသို့ သမ္မတပူတင် ပထမဆုံးအကြိမ် သွားရောက်

ဩဂုတ်လ ၁၃ ရက် ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်သည် ကြာသပတေးနေ့က အရှေ့ဖျားဒေသရှိ ကူရိုင်းလ်ကျွန်းစုများသို့ ပထမဆုံးအကြိမ် သွားရောက်လည်ပတ်ခဲ့သဖြင့် အဆိုပါနယ်မြေကို ပိုင်ဆိုင်ကြောင်း အခိုင်အမာ ပြောဆိုထားသည့် ဂျပန်နိုင်ငံက ပြင်းထန်စွာကန့်ကွက်ဆန္ဒပြခဲ့သည်။ ဂျပန်နိုင်ငံတွင် မြောက်ပိုင်းနယ်မြေများဟု သိကြပြီး ၁၉၄၅ ခုနှစ်တွင် ဆိုဗီယက်ယူနီယံက သိမ်းပိုက်ခဲ့သော အဆိုပါ အငြင်းပွားဖွယ် ကျွန်းများနှင့် ပတ်သက်၍ ရုရှား-ဂျပန် ဆက်ဆံရေးသည် ကာလရှည်ကြာ တင်းမာခဲ့သည်။ ခရမ္မလင်နန်းတော်က ပူတင် က ကူရိုင်းလ်ကျွန်းစုများသို့ ရောက်ရှိနေသည့် ဗီဒီယိုကို လွှင့်တင်ခဲ့ပြီး ရုရှားမီဒီယာများ၏ သတင်းရေးသားဖော်ပြချက်များအရ ၎င်းသည်...

အလှူရှင်များအားလုံးကို လေးစားဂုဏ်ပြုမှတ်တမ်းတင်ခဲ့သည့် ဧရာဝတီတိုင်းအစိုးရအဖွဲ့

လေးမျက်နှာမြို့နယ်တွင်ကြုံတွေ့နေရသည့် ရေကြီးရေလျှံမှုဖြစ်စဥ်တွင် လုပ်အားဒါနကူညီပေးကြသူများနှင့် ပြည်တွင်း/ပြည်ပအလှူရှင်များအားလုံးကို လေးစားဂုဏ်ပြုမှတ်တမ်းတင်သည်ဟု ဧရာဝတီတိုင်းအစိုးရအဖွဲ့က ထုတ်ပြန်ခဲ့သည်။ အဆိုပါ အဖိုးတန်သော ကူညီပံ့ပိုးမှုနှင့် မေတ္တာတရားများသည် ရေဘေးသင့်သူများအတွက် အားကိုးရာခွန်အားနှင့် မျှော်လင့်ချက်အလင်းရောင်များဖြစ်ခဲ့ရပြီး စေတနာထက်သန်စွာဝိုင်းဝန်းလှူဒါန်းကြသူတစ်ဦးချင်းစီ၏ မွန် မြတ်သော စေတနာကောင်းများကြောင့် ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ ချမ်းသာခြင်းတို့နှင့် ပြည့်စုံကြပါစေကြောင်းနှင့် ဘေးအန္တရာယ်အပေါင်းမှကင်းဝေးကြပါစေကြောင်း အလေးအနက်ဆုမွန်ကောင်းတောင်းသည်ဟုလည်း ထုတ်ပြန်ခဲ့သည်။

မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံအကြား လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး ဆွေးနွေး

နေပြည်တော်၊ ဩဂုတ်-၁၃ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ဩဂုတ်-၁၂ ရက် မွန်းလွဲပိုင်းတွင် ဗီယက်နမ်နိုင်ငံ သံအမတ်ကြီး H.E. Mr. Nguyen Anh Duc ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ၍ နှစ်နိုင်ငံအကြား လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကိစ္စရပ်များ ဆွေးနွေးကြကြောင်း သိရသည်။ ထို့ပြင် လက်ရှိအခြေအနေနှင့် ကိုက်ညီပြီး နှစ်နိုင်ငံအကျိုးစီးပွားများအား ပီပြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့်လုပ်ငန်း အစီအစဉ်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရေးကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြသည်။ ထို့နောက် ပုစွန်မွေးမြူရေးကဏ္ဍအတွက် သားဖောက်ပြုစုခြင်းနည်းစနစ်များ၊ အဆင့်မြင့်မွေးမြူရေးနည်းပညာများ၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071