Thursday, August 13, 2026

ကျောက်တံတားမြို့နယ်အတွင်းရှိ လမ်းဘေးစျေးသည်များ ၅ ရက်ပိတ်ရမည်

ရန်ကုန်၊ သြဂုတ်-၁၃ ဝမ်းပျက်/ဝမ်းလျှော ဖြစ်ပွားမှုကို ကြိုတင်ကာကွယ်ရန်အတွက် ကျောက်တံတားမြို့နယ်အတွင်းရှိ လမ်းဘေးစျေးသည်များ ၅ ရက်ပိတ်ရမည်ဖြစ်ကြောင်း ကျောက်တံတားမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင်ကပြောသည်။ "တစ်ပတ်ပိတ်တာမဟုတ်ဘူး၊ မနေ့ ညနေကမှ ၅...

ဥရောပတွင် ၂၇ နှစ်အတွင်း ပထမဆုံးအကြိမ်...

ဥရောပသည် ၂၇ နှစ်အတွင်း ပထမဆုံးအကြိမ် နေအပြည့်ကြတ်ခြင်းကို ဗုဒ္ဓဟူးနေ့တွင် ကြုံတွေ့ခဲ့သည်။ ဥရောပတိုက်၏ ဒေသအချို့တွင်မူ တစ်စိတ်တစ်ပိုင်းနေကြတ်ခြင်းကိုသာ မြင်တွေ့ခဲ့ရသော်လည်း ထိုဖြစ်ရပ်ကို မျက်မြင်တွေ့ရန် လူအများအပြား...

ဒုံးကျည်ခြိမ်းခြောက်မှုကြောင့်ထရမ့်ပ် လျှို့ဝှက်စွာလေယာဉ်ပြောင်းစီးခဲ့ခြင်းဖြစ်

ပြီးခဲ့သည့်လက တုကီ‌ယေးနိုင်ငံခရီးစဉ်အတွင်း အဲရ်ဖို့စ်ဝမ်းလေယာဉ်ကို ပခုံးထမ်းဒုံးကျည်ဖြင့် ပ-စ်မှတ်ထားနိုင်သည်ဟူသော အန္တရာယ်ကြောင့် လျှို့ဝှက်ထောက်လှမ်းရေးက သမ္မတဒေါ်နယ်ထရမ့်ပ်ကို အစိုးရဂျက်လေယာဉ်ငယ်တစ်စင်းပေါ်သို့ လျှို့ဝှက်ရွှေ့ပြောင်းစေခဲ့ခြင်းဖြစ်ကြောင်း ယင်းကိစ္စနှင့်ပတ်သက်၍ သိထားသူတစ်ဦးက ဗုဒ္ဓဟူးနေ့တွင်...

အမေရိကနှင့် စစ်ဘက်ဆက်ဆံရေးကို ကုန်သွယ်ရေးဆွေးနွေးမှုတွင် အားသာချက်အဖြစ်...

အမေရိကနှင့် ကုန်သွယ်ရေးဆွေးနွေးပွဲများတွင် စစ်ရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုကို အားသာချက်အဖြစ် အသုံးချရန် စီစဉ်ထားသည်ဟူသော သတင်းများကို ထိုင်းအစိုးရက ငြင်းဆိုလိုက်ပြီး ဆွေးနွေးပွဲများသည် နိုင်ငံ၏ စီးပွားရေးအကျိုးစီးပွား၊...
HomeInternationalကူရိုင်းလ်ကျွန်းစုများသို့ သမ္မတပူတင် ပထမဆုံးအကြိမ်...

ကူရိုင်းလ်ကျွန်းစုများသို့ သမ္မတပူတင် ပထမဆုံးအကြိမ် သွားရောက်

ဩဂုတ်လ ၁၃ ရက်

ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်သည် ကြာသပတေးနေ့က အရှေ့ဖျားဒေသရှိ ကူရိုင်းလ်ကျွန်းစုများသို့ ပထမဆုံးအကြိမ် သွားရောက်လည်ပတ်ခဲ့သဖြင့် အဆိုပါနယ်မြေကို ပိုင်ဆိုင်ကြောင်း အခိုင်အမာ ပြောဆိုထားသည့် ဂျပန်နိုင်ငံက ပြင်းထန်စွာကန့်ကွက်ဆန္ဒပြခဲ့သည်။

ဂျပန်နိုင်ငံတွင် မြောက်ပိုင်းနယ်မြေများဟု သိကြပြီး ၁၉၄၅ ခုနှစ်တွင် ဆိုဗီယက်ယူနီယံက သိမ်းပိုက်ခဲ့သော အဆိုပါ အငြင်းပွားဖွယ် ကျွန်းများနှင့် ပတ်သက်၍ ရုရှား-ဂျပန် ဆက်ဆံရေးသည် ကာလရှည်ကြာ တင်းမာခဲ့သည်။

ခရမ္မလင်နန်းတော်က ပူတင် က ကူရိုင်းလ်ကျွန်းစုများသို့ ရောက်ရှိနေသည့် ဗီဒီယိုကို လွှင့်တင်ခဲ့ပြီး ရုရှားမီဒီယာများ၏ သတင်းရေးသားဖော်ပြချက်များအရ ၎င်းသည် ငါးပြုပြင်မွမ်းမံသည့် စက်ရုံတစ်ခုသို့ သွားရောက်ခဲ့ပြီး ငါးဥဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့ရကြောင်း သိရသည်။

ပူတင်သည် ရုရှားရေတပ် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်နေသည့် အနီးနားရှိ ရုရှားပိုင် ဆာခါလင်းကျွန်းသို့ သွားရောက်ခဲ့ပြီးနောက် ကူရိုင်းလ်ကျွန်းစုများသို့ ခရီးဆက်ခဲ့ခြင်း ဖြစ်သည်။

ဆာခါလင်းကျွန်းတွင် ပူတင်သည် “ရုရှားနိုင်ငံ၏ အရှေ့ဘက်နယ်စပ် လုံခြုံစေရေး” ဆိုင်ရာ အစည်းအဝေးတစ်ခုကို ကျင်းပခဲ့ကြောင်း RIA Novosti သတင်းက ဆိုသည်။

ရုရှားနှင့် တရုတ်၊ မြောက်ကိုရီးယားတို့၏ ဆက်ဆံရေး ပိုမိုနီးစပ်လာချိန် ၂၀၂၂ ခုနှစ်၌ ယူကရိန်းကို အပြည့်အဝ ကျူးကျော်စစ်ဆင်ရေးနောက်ပိုင်း ရုရှားနှင့် ဆက်ဆံရေး ပိုမိုဆိုးရွားလာခဲ့သည့် ဂျပန်နိုင်ငံက ပြင်းထန်စွာ ကန့်ကွက်ခဲ့သည်။

“မြောက်ပိုင်းနယ်မြေများဟာ သမိုင်းကြောင်းအရရော နိုင်ငံတကာဥပဒေအရပါ ဂျပန်နိုင်ငံ ပိုင်နက်ရဲ့ မူလ အစိတ်ပိုင်းတစ်ခု ဖြစ်တာကြောင့် ဂျပန်အစိုးရအနေနဲ့ ဤခရီးစဉ်ကို ပြင်းထန်စွာ ကန့်ကွက်ပါတယ်” ဟု နိုင်ငံခြားရေးဝန်ကြီး တိုရှီမစ်ဆု မိုတေဂီ က ကြေညာချက်တစ်ခုတွင် ပြောကြားခဲ့သည်။

ဟော့ကိုင်းဒိုးကျွန်းမြောက်ဘက်ရှိ မဟာဗျူဟာကျသည့် မီးတောင်ကျွန်းစုများကို ဒုတိယကမ္ဘာစစ် နောက်ဆုံးရက်များတွင် ဆိုဗီယက် ပြည်ထောင်စုက သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး ထိုအချိန်မှစ၍ တပ်စွဲထားမှုကို ထိန်းသိမ်းထားခဲ့သည်။
၂၀၁၀ ပြည့်နှစ်တွင် ထိုစဉ်က သမ္မတ ဒမီထရီ မက်ဗီဒက်ဗ် သည် အငြင်းပွားဖွယ် နယ်မြေသို့ သွားရောက်သည့် ပထမဆုံး ရုရှားခေါင်းဆောင် ဖြစ်လာခဲ့သည်။ မက်ဗီဒက်ဗ်သည် နောက်ပိုင်းတွင် ဝန်ကြီးချုပ်အဖြစ် လုပ်ကိုင်စဉ်အတွင်း အဆိုပါကျွန်းများသို့ အကြိမ်ကြိမ် သွားရောက်ခဲ့သည်။

အငြင်းပွားနေသည့် ကျွန်း ၄ ကျွန်းသည် ရုရှား၏ ကမ်ချက်ကာကျွန်းဆွယ် မှ ဂျပန်၏ အဓိက မြောက်ပိုင်းကျွန်းဖြစ်သော ဟော့ကိုင်းဒိုးအထိ သွယ်တန်းနေသည့် ကူရိုင်းလ်ကျွန်းစုများ၏ အစိတ်အပါအဝင် ဖြစ်သည်။

ဆိုဗီယက် ပြည်ထောင်စုသည် ဟီရိုရှီးမားသို့ အနုမြူဗုံး ကြဲချပြီးနောက်နှင့် စစ်ပွဲမပြီးဆုံးမီ ၆ ရက်အလို ၁၉၄၅ ခုနှစ်၊ ဩဂုတ်လ ၈ ရက်နေ့တွင်မှ ဂျပန်ကို စစ်ကြေညာခဲ့ခြင်း ဖြစ်သည်။

အဆိုပါကျွန်းများ၏ အမည်များသည် နိုင်ငံနှစ်ခုလုံးတွင် ဆင်တူကြပြီး ရုရှားဘာသာဖြင့် Kunashir၊  Habomai၊ Shikotan နှင့် Iturup ဟု ခေါ်ဆိုကြကာ ဂျပန်ဘာသာဖြင့် Kunashiri၊ Habomai၊ Shikotan နှင့် Etorofu ဟု သိကြသည်။

ရုရှားနိုင်ငံသား ၂၀,၀၀၀ ခန့်ရှိသော လူများသည် ကြမ်းတမ်းသော ရာသီဥတုတွင် နေထိုင်ကြသော်လည်း အဆိုပါကျွန်းများ၌ ရွှေနှင့် ငွေ အပါအဝင် သတ္တုသံယံဇာတများ ထွက်ရှိပြီး ငါးဖမ်းကွက်များ ပေါများသည်။

၁၉၄၅ ခုနှစ်တွင် ကျွန်းများကို သိမ်းပိုက်ပြီးနောက် မော်စကိုသည် ထိုနေရာ၌ နေထိုင်သည့် ဂျပန်လူမျိုး ၁၇,၀၀၀ ခန့်ကို နှင်ထုတ်ခဲ့သည်။

ထို့နောက် အဆိုပါကျွန်းများသည် စစ်အေးတိုက်ပွဲကာလအတွင်း ဆိုဗီယက် ပြည်ထောင်စုက အမေရိကန်နှင့် ပစိဖိတ်ဒေသရှိ ၎င်း၏ အနီးကပ်ဆုံး မဟာမိတ် ဂျပန်နိုင်ငံတို့ကို ရင်ဆိုင်ရာတွင် လေကြောင်းနှင့် ရေကြောင်းစခန်းများ ပေးအပ်နိုင်ခဲ့သဖြင့် မဟာဗျူဟာမြောက် အရေးပါမှုများ ရရှိခဲ့သည်။

ဂျပန်အစိုးရနှင့် ရုရှားအစိုးရတို့အကြား ပြုလုပ်ခဲ့သော ဆွေးနွေးပွဲများသည် တိုးတက်မှုအချို့ ရှိခဲ့သည်ဟု ထင်မြင်ခဲ့ကြရပြီး ၁၉၅၆ ခုနှစ်တွင် သံတမန်ဆက်ဆံရေး ထူထောင်စဉ် ထိုစဉ်က ဆိုဗီယက်ခေါင်းဆောင် နီကီတာ ခရူးရှက်ဗ် က ငြိမ်းချမ်းရေးစာချုပ်အောက်တွင် အငြင်းပွားနေသည့် ကျွန်း ၂ ကျွန်းကို ပြန်လည်ပေးအပ်နိုင်ခြေရှိကြောင်း အကြံပြုခဲ့ဖူးသည်။

၁၉၉၁ ခုနှစ်တွင် ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲပြီးနောက် ဆွေးနွေးပွဲများ ပြန်လည်စတင်ခဲ့သော်လည်း ယနေ့ထိ မည်သည့် တိုးတက်မှုမှ မရရှိသေးပေ။

Ref: ဆော့သ်ချိုင်းနားမောနင်းပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကျောက်တံတားမြို့နယ်အတွင်းရှိ လမ်းဘေးစျေးသည်များ ၅ ရက်ပိတ်ရမည်

ရန်ကုန်၊ သြဂုတ်-၁၃ ဝမ်းပျက်/ဝမ်းလျှော ဖြစ်ပွားမှုကို ကြိုတင်ကာကွယ်ရန်အတွက် ကျောက်တံတားမြို့နယ်အတွင်းရှိ လမ်းဘေးစျေးသည်များ ၅ ရက်ပိတ်ရမည်ဖြစ်ကြောင်း ကျောက်တံတားမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင်ကပြောသည်။ "တစ်ပတ်ပိတ်တာမဟုတ်ဘူး၊ မနေ့ ညနေကမှ ၅ ရက် ဆိုပြီးလုပ်တာ။ ကျောက်တံတားမြို့နယ်ထဲက ဆိုင်တွေ မဟုတ်ဘူး။ လမ်းဘေးမှာရောင်းချနေတဲ့ ဆိုင်တွေ။ ဝမ်းပျက်ဝမ်းလျှောတွေ ဖြစ်နေတော့ ကူးစက်မှု မရှိအောင်လို့ ကြိုတင် ကာကွယ်တဲ့ အနေနဲ့ပေါ့" ဟု ဦးသိန်းနိုင်က ပေါ်ပြူလာနယူးစ်သို့ပြောသည်။ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ဩဂုတ် ၉ ရက်မှ ၁၂ ရက်နေ့အထိ ၄ ရက်တာကာလအတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့် ဆေးရုံလာရောက်ပြသသူ...

ဥရောပတွင် ၂၇ နှစ်အတွင်း ပထမဆုံးအကြိမ် နေအပြည့်ကြတ်

ဥရောပသည် ၂၇ နှစ်အတွင်း ပထမဆုံးအကြိမ် နေအပြည့်ကြတ်ခြင်းကို ဗုဒ္ဓဟူးနေ့တွင် ကြုံတွေ့ခဲ့သည်။ ဥရောပတိုက်၏ ဒေသအချို့တွင်မူ တစ်စိတ်တစ်ပိုင်းနေကြတ်ခြင်းကိုသာ မြင်တွေ့ခဲ့ရသော်လည်း ထိုဖြစ်ရပ်ကို မျက်မြင်တွေ့ရန် လူအများအပြား စုဝေးကြည့်ရှုခဲ့ကြသည်။     လသည် ကမ္ဘာနှင့် နေအကြား ရောက်ရှိသွားချိန်တွင် နေ၏ မြင်ကွင်းကို ပိတ်ဆို့သွားသောအခါ နေကြတ်ခြင်းဖြစ်ပေါ်သည်။ ဗုဒ္ဓဟူးနေ့တွင် လူပေါင်း တစ်ဘီလျံခန့်သည် ကောင်းကင်တစ်ခုလုံး သို့မဟုတ် တစ်စိတ်တစ်ပိုင်း မှောင်မိုက်သွားသည့် ရှားပါးဖြစ်စဉ်တစ်ခုကို ကြုံတွေ့ခံစားခဲ့ရသည်။      စပိန်၊ ပေါ်တူဂီ၏ ဒေသအချို့၊ ဂရင်းလန်း၊ အိုက်စလန်နှင့် ရုရှားမြောက်ပိုင်းတို့သည် ၁၉၉၉ ခုနှစ်နောက်ပိုင်း ဥရောပတိုက်တွင် ပထမဆုံးအကြိမ်...

ဒုံးကျည်ခြိမ်းခြောက်မှုကြောင့်ထရမ့်ပ် လျှို့ဝှက်စွာလေယာဉ်ပြောင်းစီးခဲ့ခြင်းဖြစ်

ပြီးခဲ့သည့်လက တုကီ‌ယေးနိုင်ငံခရီးစဉ်အတွင်း အဲရ်ဖို့စ်ဝမ်းလေယာဉ်ကို ပခုံးထမ်းဒုံးကျည်ဖြင့် ပ-စ်မှတ်ထားနိုင်သည်ဟူသော အန္တရာယ်ကြောင့် လျှို့ဝှက်ထောက်လှမ်းရေးက သမ္မတဒေါ်နယ်ထရမ့်ပ်ကို အစိုးရဂျက်လေယာဉ်ငယ်တစ်စင်းပေါ်သို့ လျှို့ဝှက်ရွှေ့ပြောင်းစေခဲ့ခြင်းဖြစ်ကြောင်း ယင်းကိစ္စနှင့်ပတ်သက်၍ သိထားသူတစ်ဦးက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။         အီရန်နှင့် တင်းမာမှုများမြင့်တက်နေချိန်တွင် နေတိုးထိပ်သီးအစည်းအဝေးအတွက် ထရမ့်ပ်၏ အန်ကာရာခရီးစဉ် နောက်ဆုံးနေ့တွင် ယင်းခြိမ်းခြောက်မှု အန္တရာယ်ပေါ်ပေါက်ခဲ့ကြောင်း အဆိုပါသတင်းရင်းမြစ်က ပြောကြားခဲ့သည်။ ခြိမ်းခြောက်မှုသည် ယုံကြည်လောက်ဖွယ်ရှိကာ နီးကပ်လာပြီဟု လျှို့ဝှက်ထောက်လှမ်းရေးက ယူဆသဖြင့် အမေရိကန်သမ္မတ၏ လှုပ်ရှားမှုများကို ဖုံးကွယ်ရန် အထူးစစ်ဆင်ရေးတစ်ခုကိုလုပ် ဖြ‌ေဆာင်ခဲ့သည်။     ထောက်လှမ်းရေးသတင်းသည် မည်သည့်နေရာမှ ထွက်ပေါ်လာသည်ကို သတင်းရင်းမြစ်က ပြောကြားရန် ငြင်းဆိုခဲ့သော်လည်း အရာရှိများအနေဖြင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071