Thursday, August 13, 2026

မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံအကြား လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး...

နေပြည်တော်၊ ဩဂုတ်-၁၃ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ဩဂုတ်-၁၂ ရက် မွန်းလွဲပိုင်းတွင် ဗီယက်နမ်နိုင်ငံ သံအမတ်ကြီး H.E. Mr. Nguyen...

ပြင်းထန်ဝမ်းပျက်/ဝမ်းလျောရောဂါကြောင့် သက်ကြီးပိုင်းအမျိုးသား(၁) ဦးသေဆုံး ရောဂါပိုးတွေ့သူ(၅၄)ဦးရှိ

ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်၍ဆေးကုသမှုခံယူနေရသည့် ပြင်းထန်ဝမ်းပျက်/ဝမ်းလျောရော ဂါဖြစ်ပွားနေသူများအနက် သက်ကြီးပိုင်းအမျိုးသား (၁)ဦးသေဆုံးခဲ့ကာ ရောဂါပိုးတွေ့သူ(၅၄)ဦးရှိနေသည်ဟု ရန်ကုန်တိုင်းအစိုးရအဖွဲ့က အသိပေးခဲ့သည်။ သြဂုတ် ၉ ရက်နှင့် သြဂုတ် ၁၀...

အင်ဒို၌ကူးတို့သင်္ဘောမီးလောင်၊ တစ်ဦး‌ေ-သ၊ ၁၇၂ ဦးကယ်တင်ထားနိုင်

အင်ဒိုနီးရှားနိုင်ငံ ဘာလီ ခရီးသွားကျွန်းမှ ထွက်ခွာလာသော ကူးတို့သင်္ဘောတစ်စင်းသည် လွမ်ဘော့ခ်ကမ်းလွန်ရေပြင်တွင် မီးလောင်ခဲ့သည်။ဗုဒ္ဓဟူးနေ့တွင် လူ ၁၇၂ ဦးကို ကယ်တင်ထားနိုင်ကြောင်း အာဏာပိုင်များက ပြောကြားခဲ့ပြီး...

သစ်ကိုင်းကျိုးကျမှုကြောင့် အဝေးပြေးခရီးသည်တင်ကားပေါ် ဓာတ်ကြိုးပြုတ်ကျပြီး (၁)ဦး‌ေ-သဆုံး၊...

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့တွင် သြဂုတ် ၁၂ ရက်ည ၁၀ နာရီခွဲကျော်ခန့်က သစ်ကိုင်းကျိုးကျမှုကြောင့် အဝေးပြေးခရီးသည်တင်ကားပေါ် ဓာတ်ကြိုးပြုတ်ကျရာမှ ‌ေ-သဆုံး၊ ဒ-ဏ်ရာရမှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြင်ဦးလွင်မြို့နယ်၊...
HomeNewsLocal Newsမြန်မာနိုင်ငံကူးလက်မှတ် သက်တမ်းတိုးရန် ၅...

မြန်မာနိုင်ငံကူးလက်မှတ် သက်တမ်းတိုးရန် ၅ နှစ်နှင့်အထက် ပျ-က်ကွက်ပါက ပြည်တွင်း၌သာ ပြန်လည်ဆောင်ရွက်ရမည်ဟု တိုကျိုရှိ မြန်မာသံရုံးထုတ်ပြန်

တိုကျို၊ ဩဂုတ် ၁၃

ဂျပန်နိုင်ငံတွင် ရောက်ရှိနေထိုင်ပြီး အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာနိုင်ငံသားများအနေဖြင့် နိုင်ငံကူးလက်မှတ် (Passport) သက်တမ်းတိုးရန် ၅ နှစ်နှင့်အထက် ပျ-က်ကွက်နေပါက မြန်မာနိုင်ငံသို့ ပြန်လည်၍ သက်တမ်းတိုး ဆောင်ရွက်ရမည်ဖြစ်ကြောင်း တိုကျိုမြို့ရှိ မြန်မာသံရုံးက အသိပေး ထုတ်ပြန်လိုက်သည်။

အဆိုပါ မြန်မာနိုင်ငံသို့ ပြန်လည် ထွက်ခွာနိုင်ရေးအတွက် မြန်မာသံရုံးအနေဖြင့် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (C of I) ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မြန်မာသံရုံး (တိုကျိုမြို့) အနေဖြင့် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ၏ ကောင်စစ်ဆိုင်ရာ ကိစ္စရပ်များကို လူကိုယ်တိုင်သော်လည်းကောင်း၊ စာတိုက်မှတစ်ဆင့်သော်လည်းကောင်း လက်ခံဆောင်ရွက်ပေးလျက်ရှိသည်။

ထို့ကြောင့် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် မိမိတို့၏ နိုင်ငံကူးလက်မှတ်များကို သက်တမ်းမကုန်ဆုံးမီ ၆ လအလိုကတည်းက ကြိုတင်၍ သက်တမ်းတိုး ဆောင်ရွက်ကြရန် မြန်မာသံရုံးက တိုက်တွန်း နှိုးဆော်ထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံအကြား လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး ဆွေးနွေး

နေပြည်တော်၊ ဩဂုတ်-၁၃ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ဩဂုတ်-၁၂ ရက် မွန်းလွဲပိုင်းတွင် ဗီယက်နမ်နိုင်ငံ သံအမတ်ကြီး H.E. Mr. Nguyen Anh Duc ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ၍ နှစ်နိုင်ငံအကြား လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကိစ္စရပ်များ ဆွေးနွေးကြကြောင်း သိရသည်။ ထို့ပြင် လက်ရှိအခြေအနေနှင့် ကိုက်ညီပြီး နှစ်နိုင်ငံအကျိုးစီးပွားများအား ပီပြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့်လုပ်ငန်း အစီအစဉ်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရေးကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြသည်။ ထို့နောက် ပုစွန်မွေးမြူရေးကဏ္ဍအတွက် သားဖောက်ပြုစုခြင်းနည်းစနစ်များ၊ အဆင့်မြင့်မွေးမြူရေးနည်းပညာများ၊...

ပြင်းထန်ဝမ်းပျက်/ဝမ်းလျောရောဂါကြောင့် သက်ကြီးပိုင်းအမျိုးသား(၁) ဦးသေဆုံး ရောဂါပိုးတွေ့သူ(၅၄)ဦးရှိ

ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်၍ဆေးကုသမှုခံယူနေရသည့် ပြင်းထန်ဝမ်းပျက်/ဝမ်းလျောရော ဂါဖြစ်ပွားနေသူများအနက် သက်ကြီးပိုင်းအမျိုးသား (၁)ဦးသေဆုံးခဲ့ကာ ရောဂါပိုးတွေ့သူ(၅၄)ဦးရှိနေသည်ဟု ရန်ကုန်တိုင်းအစိုးရအဖွဲ့က အသိပေးခဲ့သည်။ သြဂုတ် ၉ ရက်နှင့် သြဂုတ် ၁၀ ရက်တို့က ဝမ်းပျက်/ဝမ်းလျောရောဂါဖြစ်ပွားမှုကြောင့် ရန်ကုန်ပြည်သူ့ဆေး ရုံကြီး၌ လူနာ(၂၈)ဦး၊ သြဂုတ် ၁၁ ရက်တွင် လူနာ(၇၀) ဦး၊ သြဂုတ် ၁၂ ရက်တွင် လူနာ(၈၄)ဦးတက်ရောက်ကုသမှုခံယူလျက်ရှိကြောင်း သိရသည်။ ၎င်းတို့အနက် အသက်(၉၂)နှစ်အရွယ်ရှိ အမျိုးသားကြီး(၁)ဦးသေဆုံးခဲ့ကာ ပြန်လည်သက်သာလာသဖြင့် ဆေးရုံဆင်းခွင့်ရသူ(၈)ဦးရှိခဲ့ကာ ယနေ့ထိပြင်းထန်ဝမ်းပျက်/ဝမ်းလျောရောဂါပိုးတွေ့သူ(၅၄)ဦးရှိကြောင်း သိရသည်။ ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီးကျန်းမာရေးစောင့်ရှောက်မူဆိုင်ရာစီမံခန့်ခွဲမူလုပ်ငန်းကော်မတီ၏ဦးဆောင်မူဖြင့်ရောဂါဖြစ်ပွားသည့် လမ်းမတော်၊ လသာ၊ ပန်းပဲတန်း၊ ကျောက်တံတားမြို့နယ်တို့၌...

အင်ဒို၌ကူးတို့သင်္ဘောမီးလောင်၊ တစ်ဦး‌ေ-သ၊ ၁၇၂ ဦးကယ်တင်ထားနိုင်

အင်ဒိုနီးရှားနိုင်ငံ ဘာလီ ခရီးသွားကျွန်းမှ ထွက်ခွာလာသော ကူးတို့သင်္ဘောတစ်စင်းသည် လွမ်ဘော့ခ်ကမ်းလွန်ရေပြင်တွင် မီးလောင်ခဲ့သည်။ဗုဒ္ဓဟူးနေ့တွင် လူ ၁၇၂ ဦးကို ကယ်တင်ထားနိုင်ကြောင်း အာဏာပိုင်များက ပြောကြားခဲ့ပြီး ပျောက်ဆုံးနေဆဲဖြစ်သည့် အခြားခရီးသည်များကို ဆက်လက်ရှာဖွေနေဆဲဖြစ်သည်။ KM Putri Yasmin ကူးတို့သင်္ဘောသည် ဘာလီရှိ ပါဒန်ဘိုင်ဆိပ်ကမ်းမှ အနောက် နူဆာ တန်ဂါရာပြည်နယ် လွမ်ဘော့ရှိ လမ်ဘားဆိပ်ကမ်းသို့ ခုတ်မောင်းနေခြင်းဖြစ်ကြောင်း ဒေသခံကယ်ဆယ်ရေးအေဂျင်စီအကြီးအကဲ မူဟာမက် ဟာရီယာဒီက ပြောကြားခဲ့သည်။ ဗုဒ္ဓဟူးနေ့ နံနက် ၄း၃၉ နာရီခန့်က လွမ်ဘော့ခ်ရေလက်ကြားတွင် အဆိုပါဖြစ်ရပ်ဖြစ်ပွားခဲ့ခြင်းဟု ဟာရီယာဒီက ရိုက်တာကို ပြောကြားခဲ့သည်။ ဖြစ်စဉ်အတွင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071