Tuesday, December 16, 2025

အိမ်အရောက်ပို့ (Door to Door)...

(၂၄) ပြည်ဆန်အိတ်များကို အိမ်အရောက်ပို့ (Door to Door) စနစ်ဖြင့် အိမ်ထောင်စု အရေအတွက်၂၆၇ ခုကို ဆန်အိတ်ရေ ၃၀၀ ကျော်ကို...

ငါးနှစ်အတွင်း ဘီလီယံ ၅၃၀၀ ကျော်...

၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်ထိ စုစုပေါင်းတန်ဖိုးငွေကျပ် (၅၃၂၉) ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဓါတုပစ္စည်းများကို မီးရှို့ဖျ-က်ဆီးနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ သိရသည်။ ၂၀၂၁...

အကြမ်းဖက်အဖွဲ့က မန္တလေး-မတ္တရာ-သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ သံကူကွန်ကရစ်တံတားကို မိုင်းခွဲဖျ-က်ဆီး

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာအနီးရှိ မန္တလေး-မတ္တရာ- သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ ဇရပ်ကွင်းကျေးရွာနှင့် လိပ်ကြကျေးရွာတို့အားဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်သံကူကွန်ကရစ်တံတားအား အကြမ်းဖက်အဖွဲ့မှ ယနေ့ ဒီဇင် ဘာ ၁၄...

ပြည်ကြီးတံခွန်မြို့နယ်၌ မီးလေ-ာင်မှုဖြစ်ပွား

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၄၁ (C)လမ်းနှင့် ၆၇ လမ်းတွင် ယနေ့ ဒီဇင်ဘာ ၁၄ ရက်ည ၇ နာရီကျော်ခန့်ကမီးလေ-ာင်မှုဖြစ်ပွား၍ ပြည်ကြီးတံခွန်မြို့...
HomeCelebrities' Newsဖြိုးပြည့်စုံ နဲ့ နှစ်ယောက်တွဲရှိုးပွဲတွေလုပ်ဖို့ရည်ရွယ်ထားတဲ့အောင်ထက်

ဖြိုးပြည့်စုံ နဲ့ နှစ်ယောက်တွဲရှိုးပွဲတွေလုပ်ဖို့ရည်ရွယ်ထားတဲ့အောင်ထက်


အောင်ထက်နဲ့ ဖြိုးပြည့်စုံတို့ သီဆိုထားကြတဲ့ ‘ကြယ်’ဆိုတဲ့အခွေ လေး ထွက်လာခဲ့ပြီ။ အောင်ထက်က အိပ်မက်ဆုံရာက၊ ဖြိုးပြည့်စုံက Melody World က။ မတူညီတဲ့ သီ ချင်းဆို ပြိုင်ပွဲ ၂ ခုကနေ တက်လှမ်း လာခဲ့ကြတဲ့ အဆိုတော်တွေ၊ အသံ ကာလာ၊ ဆိုပုံဆိုပေါက်မတူညီကြပေ မယ့် တစ်ယောက်နဲ့ တစ်ယောက် ချစ်ချစ်ခင်ခင်ပါပဲ။ ဖြိုးပြည့်စုံနဲ့အတူ အနုပညာ မှတ်တိုင် စိုက်ထူခွင့်ရလို့ အောင်ထက်ကတော့ ပျော်ရွှင်နေပါ တယ်။ နှစ်ယောက်က အတွဲညီကြတယ်ဆိုတော့ ပွင့်လင်းရာသီတွေရောက် လာရင် နှစ်ယောက်တွဲရှိုးလုပ်ဖို့ရှိမလားလို့ ဆိုတော့…

“ကျွန်တော် ကိုဖြိုးနဲ့ ပြော ဖူးပါတယ်။ ကျွန်တော်တို့ ၂ ယောက် တွဲ ရှိုးပွဲလုပ်ကြရအောင်ပေါ့။ သူလုပ်ချင်တယ်တဲ့။ ဒါပေမဲ့ ကျွန်တော်တို့ လောလောဆယ်မှာ အဆင်သင့်မဖြစ်သေးဘူးပေါ့နော်။ သူကလည်း ပြော ပါတယ်။ သူလည်း အဆင်သင့်မဖြစ်သေးဘူး။ ဒါပေမဲ့ ကြိုးစားကြတာပေါ့။ အမှတ်တရတစ်ခုအနေနဲ့ ကျွန်တော်တို့ ရှိုးပွဲလုပ်ကြမယ်။ ကျွန်တော်တို့ ပထမ ဆုံးအဖြစ် လုပ်ဖြစ်မှာပါ။ ကိုဖြိုးနဲ့ ပြောဖြစ်တယ်” လို့ အောင်ထက် ကပြော ပါတယ်။

ဖြိုးပြည့်စုံကအောင်ထက် ထက် စီနီယာပိုကျမယ်။ သူ့ အပေါ်ကိုရော အောင်ထက် အနေနဲ့ ဘယ်လိုမြင်လဲလို့ ဆိုတော့ …

“ကိုဖြိုးကတော့ ဂီတလောကထဲမှာ ကျွန်တော့်ထက် အရင်စောပါတယ်။ သီချင်း ဆိုတာနဲ့ပတ်သက်ရင် သူက နူးညံ့မှုတွေ အမြဲတမ်းပေးတယ်။ သူနဲ့လိုက်ဖက်တဲ့ အရာကို ကောင်း ကောင်းရွေးချယ် တတ်တဲ့သူတစ်ယောက်လို့ပဲ သူ့ ကိုပြောပါရစေ။ လူ တစ်ယောက် နဲ့တစ်ယောက်တော့ မတူကြဘူး ပေါ့နော်။ ခံယူပုံချင်းလည်း မတူ ကြဘူး။ ဒါပေမဲ့ လုပ်နေတဲ့အ လုပ်ချင်း အတူတူပါပဲ။ ကိုဖြိုး က လေ့လာတယ်။ ကြိုးစားတဲ့လူ တစ်ယောက်ပါပဲ။ ကျွန်တော့် ထက်လည်း စီနီယာကျပါတယ်။ သူက နူးညံ့မှုတွေပေးတဲ့သူတစ်ယောက်လို့ပဲ ပြောပါရစေ”လို့ အောင်ထက်က ပြောပါတယ်။

ခေတ်ကာလအရ တေး အယ်လ် ဘမ်တစ်ချပ်ထွက် ဖို့ဆိုတာ သိပ်ပြီး လွယ်ကူ လှတဲ့ခေတ်တော့ မဟုတ်ပါ ဘူး။ ဆိုတော့ အောင်ထက် အနေနဲ့ ရော နောက်တစ်ခွေ ထွက်ဖို့ လိုဦးမှာပေါ့။ အောင်ထက် ရဲ့ အသစ်အသစ်သော ဖန်တီးမှု တွေကို ဘယ်လိုပုံစံမျိုးနဲ့ ပရိသတ် ရှေ့ချပြမလဲလို့ဆိုတော့ …

“ပြီးခဲ့တဲ့ ၂ဝ၁၇၊ ၉ လပိုင်း ထွက် ရှိထားတဲ့ ‘နှစ်’ဆိုတဲ့ အခွေကို Music Video အနေနဲ့ ရိုက်ကူးပြီး တော့ You Tube မှာ တင်ပေးဖို့ရှိပါ တယ်။ ကျွန်တော့်ရဲ့ တစ်ကိုယ်တော် အခွေက နည်းနည်းတော့လိုဦးမှာပါ။ ဘာဖြစ်လို့လဲဆို တော့ စီးရီးတစ်ခွေ ဖြစ်ဖို့က တော်တော် မလွယ်ပါဘူး။ သီချင်းတွေ အများကြီးရွေးရ တယ်။ တီးရခတ်ရတယ်။ အခွေထွက်ဖို့ ကြိုးစားရတာ မလွယ်တဲ့အတွက်ကြောင့် နောက်တစ်ကိုယ်တော်အခွေ ကတော့ လိုပါသေး တယ်။ လောလောဆယ် ‘ကြယ်’ အခွေလေးက တော့ တအားအားရတယ်။ ကျေနပ်တယ်။ စိတ်ထဲမှာရှိတာ လုပ်ခွင့်ရလို့ပေါ့။ ပြီးတော့ ရှေ့ က ‘နှစ်’အခွေမှာလည်း ကျွန်တော် စိတ် တိုင်းကျ လုပ်ခွင့်ရခဲ့လို့ ကျေနပ်နေတုန်းပဲဆိုတော့ ဒီ အထဲက သီချင်းတွေကိုပဲကျွန်တော်တို့ promote လုပ်မယ်။ လူတွေခံစားလို့ရအောင်၊ ဒီ့ထက်ပိုပြီး တော့ Official ဖြစ် အောင်ချပြဖို့ပဲ ကြိုးစား နေပါတယ်” လို့ အောင်ထက်က ပြောပြခဲ့ပါတယ်။

မျိုးမောင်၊

ဓာတ်ပုံ-အောင်ဇော်မင်း

Ads Space Available


Continue reading

အိမ်အရောက်ပို့ (Door to Door) စနစ်ဖြင့် ဆန်အိတ်ရေ ၃၀၀ ကျော် ရောင်းချပေးခဲ့

(၂၄) ပြည်ဆန်အိတ်များကို အိမ်အရောက်ပို့ (Door to Door) စနစ်ဖြင့် အိမ်ထောင်စု အရေအတွက်၂၆၇ ခုကို ဆန်အိတ်ရေ ၃၀၀ ကျော်ကို နှစ်ပတ်အတွင်း ရောင်းချပေးခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားသည်။ ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ အိမ်ထောင်စု အရေအတွက် စုစုပေါင်း (၂၆၇) ခုကို ရက် (၉၀) ဆန် ၅၉ အိတ်၊ ရွှေဘိုပေါ်ဆန်း ၁၉၀ အိတ်၊ ဧည့်မထဆန်၂၄ အိတ်၊ ဧရာဝတီပေါ်ဆန်း ကြားပျံ (ဆန်သစ်) ၂၉ အိတ်၊...

ငါးနှစ်အတွင်း ဘီလီယံ ၅၃၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဓါတုပစ္စည်းများ မီးရှို့ဖျ-က်ဆီးနိုင်ခဲ့

၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်ထိ စုစုပေါင်းတန်ဖိုးငွေကျပ် (၅၃၂၉) ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဓါတုပစ္စည်းများကို မီးရှို့ဖျ-က်ဆီးနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ သိရသည်။ ၂၀၂၁ ခုနှစ်တွင် ၁၀၆၈ ဒသမ ၆၆ ဘီလီယံကျော်၊ ၂၀၂၂ ခုနှစ်တွင် ၁၁၈၈ ဒသမ ၈၂၈ ဘီလီယံကျော်၊ ၂၀၂၃ ခုနှစ်တွင် ၉၃၆ ဒသမ ၇၂၃ ဘီလီယံကျော်၊ ၂၀၂၄ ခုနှစ်တွင် ၁၁၆၃ ဒသမ ၆၄၈ ဘီလီယံကျော်၊ ၂၀၂၅ ခုနှစ်တွင် ၉၇၁...

အကြမ်းဖက်အဖွဲ့က မန္တလေး-မတ္တရာ-သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ သံကူကွန်ကရစ်တံတားကို မိုင်းခွဲဖျ-က်ဆီး

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာအနီးရှိ မန္တလေး-မတ္တရာ- သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ ဇရပ်ကွင်းကျေးရွာနှင့် လိပ်ကြကျေးရွာတို့အားဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်သံကူကွန်ကရစ်တံတားအား အကြမ်းဖက်အဖွဲ့မှ ယနေ့ ဒီဇင် ဘာ ၁၄ ရက်နံနက်ပိုင်းကမိုင်းခွဲဖျ-က်ဆီးခဲ့ကြကြောင်း သိရသည်။ အကြမ်းဖက်အဖွဲ့ဝင်များသည် လုံခြုံရေးအဖွဲ့ဝင်များအား စတင်ပစ်ခတ်တိုက်ခိုက်ပြီးနောက် လုံခြုံရေးအဖွဲ့ဝင်များကပြန်လည်ပ-စ်ခတ်ရာထွက်ပြေးချိန်၌ တံတားအရှည်(၈၀)ပေ၊ အကျယ်(၁၅)ပေရှိ ကျေးရွာချင်းဆက် သံကူကွန်ကရစ်တံတားအား မိုင်းထောင်ဖေ-ာက်ခွဲခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် တံတားအောက်ခြေတိုင်များပြိုကျပျ-က်စီးခဲ့သဖြင့် လူနှင့် ယာဉ်များဖြတ်သန်းသွားလာမရဖြစ်နေ၍ လုံခြုံရေးအဖွဲ့ဝင်များက အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေးကို ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ပျ-က်ဆီးခဲ့သည့်တံတားအား ပုံမှန်အတိုင်းပြန်လည်အသုံးပြုနိုင်ရန် တာဝန်ရှိသူများနှင့်အတူဆောင်ရွက်နိုင်ရေးပြုလုပ်လျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071