Looking for something?

Explore the website

Looking for something?

Thursday, June 26, 2025

စတုတ္ထအကြိမ်မြောက်ဥရောပအာရှစီးပွားရေးဖိုရမ်ဘီလာရုစ်၌စတင်ကျင်းပ ၊ နစက ဥက္ကဌ...

စတုတ္ထအကြိမ်မြောက် ဥရောပအာရှစီးပွားရေးဖိုရမ်ကို ဥရောပအာရှစီးပွားရေးသမဂ္ဂ(EAEU)အတွင်း ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန်အတွက် ရည်ရွယ်ပြီး ကြာသပတေးနေ့က မင်စ့်မြို့တွင် စတင်ကျင်းပလိုက်သည်။ EAEU ဥက္ကဋ္ဌရာထူးကို ၂၀၂၅ ခုနှစ်တွင် ရယူထားသည့်...

ဘယ်လာရုစ်နိုင်ငံမှထုတ်လုပ်သည့် ဆေးနှင့် ဆေးပစ္စည်းများအား မြန်မာနိုင်ငံကျန်းမာရေးကဏ္ဍတွင်...

ဘယ်လာရုစ်နိုင်ငံမှထုတ်လုပ်သည့် ဆေးနှင့် ဆေးပစ္စည်းများအား မြန်မာနိုင်ငံကျန်းမာရေးကဏ္ဍတွင် အသုံးပြုသွားရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီး ချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဘယ်လာရုစ်နိုင်ငံ၊ ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီး...

ရန်ကုန်တိုင်း၌ အမေရိကန်ဒေါ်လာ(၁၁၈)သန်းခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကိုမီးရှို့ဖျ-က်ဆီးခဲ့

၂၀၂၅ ခုနှစ်၊ ဇွန် ၂၆ ရက်တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတို-က်ဖျ-က်ရေးနေ့အထိမ်းအမှတ်အဖြစ် တစ်နှစ်တာကာလအတွင်းဖမ်းဆီးရမိ မူးယစ်ဆေးဝါးများ၊ ဓာတုပစ္စည်းများကို ယနေ့ ဇွန် ၂၆...

ဥရောပ-အာရှ စီးပွားရေးသမဂ္ဂ(EAEU)၏ လေ့ လာသူနိုင်ငံအဆင့်အထိတက်လှမ်းနိုင်မည်ကိုယုံ...

လက်မှတ်ရေးထိုးထားသည့် ပူးပေါင်းဆောင်ရွက်မှုစာချွန်လွှာအား အကောင်အထည်ဖော်ဆောင်ရွက်ခြင်းမှတစ်ဆင့် ဥရောပ-အာရှ စီးပွားရေးသမဂ္ဂ (EAEU)၏ လေ့လာသူနိုင်ငံအဆင့်အထိတက်လှမ်းနိုင်မည်ကိုယုံကြည်မျှော်လင့်ထားသည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။ ၎င်းမှ ယနေ့...
HomeCelebrities' NewsCover Newsမြန်မာနိုင်ငံမှာ သီချင်းခွေထုတ်မယ့်နာမည်ကျော် ဂျပန်အမျိုးသမီး...

မြန်မာနိုင်ငံမှာ သီချင်းခွေထုတ်မယ့်နာမည်ကျော် ဂျပန်အမျိုးသမီး ဂီတအဖွဲ့ AKB 48 ရဲ့အဖွဲ့ဝင်ဟောင်း Miray

ရေဘေးဒုက္ခ ကြုံတွေ့ခံစားနေကြတဲ့ ပြည်သူတွေအတွက် ရည်ရွယ်ပြီး ရေဘေးရန်ပုံငွေ ဖျော်ဖြေပွဲတစ်ခုဖြစ်တဲ့ Music x culture Live Event Bar ဂီတဖျော်ဖြေပွဲကို သြဂုတ် ၂၆ ရက်နေ့ ညပိုင်းက Sky Star ဟိုတယ်ရှိ Angel Bar မှာ ပြုလုပ်ခဲ့ ပါတယ်။ ပြည်တွင်းက နာမည်ကျော် အဆိုတော်တွေ ဖြစ်တဲ့ ထူးအယ်လင်း၊ အောင်လ (Reason)၊Sophia Everst၊ Na Na Sakonwaree၊ Aik Min၊ တို့နဲ့ အတူ ဂျပန်အဆိုတော် တစ်ဦးဖြစ်တဲ့ Miray လည်းလာရောက် သီဆို ဖျော်ဖြေပေးသွားခဲ့ပါ တယ်။

ဂျပန်အဆိုတော် Miray ဆိုတာ ကမ္ဘာ့ နိုင်ငံအသီးသီးက သိရှိထားပြီးသား ဖြစ်တဲ့ ကမ္ဘာကျော် J-Pop အမျိုး သမီးအဖွဲ့တစ်ခုဖြစ်တဲ့ AKB 48 ရဲ့ အဖွဲ့ဝင်ဟောင်းတစ်ဦးပဲ ဖြစ်ပါ တယ်။ အခုလက်ရှိမှာတော့ သူဟာ အဖွဲ့ထဲ ကနေ အနားယူခဲ့ပြီးနောက် တစ်ဦး တည်း လှုပ်ရှားမှုတွေနဲ့သာ ဂျပန် နိုင်ငံမှာ သီချင်းခွေ ထုတ်တာကို ဆက်လက်လုပ်ကိုင်ဖြစ်နေပါတယ်။

မြန်မာနိုင်ငံမှာ ရေဘေးရန်ပုံ ငွေအတွက် လာရောက်သီဆို ဖျော် ဖြေဖြစ်တဲ့ Miray ကတော့ မြန်မာ ကိုရောက်ရှိလာတဲ့ ရက်ပိုင်း အတွင်းမှာပဲ မြန်မာစကားတွေ ကောင်းမွန်စွာ ပြောဆိုလာနိုင်ခဲ့ပြီး မြန်မာ စကားကို လည်း ဆက်လက်သင်ကြားသွားမှာ ဖြစ်တယ်လို့ ဆိုလာပါတယ်။ ဘာ ကြောင့် မြန်မာစကားသင်နေရတာလဲဆိုရင်သူ့ရဲ့သီချင်းတွေအတွက်ပဲ ဖြစ်ပါ တယ်။ Miray က မြန်မာနိုင်ငံမှာ သီချင်းခွေထုတ်ချင်နေသူတစ်ဦးပါ။ မြန်မာစာသားတွေကို တချို့တစ်ဝက်ရေးသားပြီး သူ့သီချင်းတွေမှာထည့်သွင်းသီဆို နိုင်ဖို့ ကြိုးစားနေသူ ဂျပန်အဆိုတော်တစ်ဦးဆိုရင် လည်းမမှားနိုင်ပါဘူး။

“ကျွန်မက ဂျပန်မှာဆိုရင် ဂီတ သက်တမ်း ၁၅ နှစ်ရှိပြီ ဖြစ်တဲ့ အဆို တော်တစ်ဦးပါ။ ကျွန်မက အခုလက်ရှိမှာ အသက် ၃ဝ ကျော် အရွယ်ထဲကို ဖြတ်သန်းနေရတာ ဖြစ် တဲ့အတွက် အခုနောက်ပိုင်းမှာတော့ POP Music ဘက်ကိုပဲ လုပ်ဖြစ်ဖို့ ကြိုးစားနေပါတယ်။ ပြောချင်တာကကျွန်မ မြန်မာ နိုင်ငံမှာလည်း အခွေထုတ်နိုင်အောင် ကြိုးစားဖို့ အစီအစဉ်ရှိတယ်။ အဲ့ဒါ ကြောင့်မြန်မာစကားကို သင်ယူဖို့ ကြိုးစားနေပါပြီ။ မြန်မာလို တချို့ နေရာတွေမှာထည့်ပြီးဆိုနိုင်ဖို့လေ။ ကျွန်မထွက်ခဲ့ပြီးတဲ့ သီချင်း တွေကိုလည်း မြန်မာစာသားနဲ့ ပြန်ထည့်သွင်းသီဆိုသွားဖို့ စဉ်းစားထား တာတွေလည်း ရှိပါတယ်” လို့ Miray က ပွင့်ပွင့်လင်းလင်း ပြောပြပါ တယ်။

Miray က မြန်မာနိုင်ငံကို အခု ရှိုးပွဲမတိုင်ခင် ဇွန်လ တုန်းက တစ်ခေါက်ရောက်သေးတယ်။ အဲဒါ ကြောင့်လည်း အခု ဖျော်ဖြေပွဲကို လာ ရောက်ဖျော်ဖြေပေးဖို့ အစ ဖြစ်စေခဲ့ တယ်။ ပြီးတော့ Miray က မြန်မာနိုင်ငံမှာ နေထိုင်စဉ် သူအရမ်းစိတ် လှုပ်ရှားမှုတွေ ဖြစ်နေရတယ်လို့ ပေါ်ပြူလာဂျာနယ်နဲ့ ဆုံဖြစ်တော့ ပြောပြ တယ်။

“ဘာကြောင့်လဲဆိုတာကို ကျွန် မရှင်းပြချင်ပါတယ်။ ကျွန်မ မြန်မာနိုင်ငံကို ဒီနှစ်ဇွန်လတုန်းက တစ် ခေါက် ရောက်ဖြစ် ခဲ့ပါသေးတယ်။ ပြောချင်တာက ဇူလိုင်လမှာ တုန်းက ကျွန်မတို့ ဂျပန်နိုင်ငံမှာလည်း ရေဘေး အန္တရာယ်နဲ့ ကြုံတွေ့ခဲ့ရပါ တယ်။ မြန်မာနိုင်ငံမှာလိုပါပဲ။ ဂျပန်ပြည်သူတွေလည်း ရေဘေးကြောင့်အတော်ဒုက္ခရောက်ခဲ့ကြရပါတယ်။ အဲဒီလိုပဲရှင့် မြန်မာပြည်မှာ ရေဘေး တွေဖြစ်တာကို မြင်တွေ့ရ တော့ အင်မတန်မှကို စိတ်မကောင်းဖြစ်ရ တယ်။ အဲဒီအချိန်မှာ အခုပွဲ( Music x Culture Live Event)ကို စီစဉ်ခဲ့တဲ့ MBC က သူဌေးက အခုလို ရန်ပုံငွေ ဖျော်ဖြေပွဲရှိတယ်လို့ ပြောလာတာနဲ့ ကျွန်မ အနေနဲ့လည်း လာရောက်ပြီး အားဖြည့်ကူညီပေးခဲ့တဲ့ သဘောပါ။ကျွန်မ မြန်မာ ပြည်ကို ဇွန်လတုန်းက စရောက်လာတော့ တအားကို ရင်ခုန်တဲ့ခံစားမှုပေါ့။ ပြောရရင်စိတ်လှုပ် ရှားမှုတွေ ဖြစ်တယ်။ဘာကြောင့် လဲတော့မသိပေမယ့် Wow ဆိုပြီးတော့ တောင် ဖြစ်မိတယ်။ မြန်မာ လူမျိုး တွေဟာ တအားသဘော ကောင်းကြတယ်။ စိတ် သဘောထား တအားပွင့်လင်း ကြတယ်။ ဒီလို နွေးထွေးတဲ့ လူမျိုးတွေ နေထိုင်တဲ့ တိုင်းပြည်မှာ ကျွန်မရဲ့ သီချင်းခွေတွေကို ထုတ် ချင်စိတ်အင်မတန်ဖြစ်မိသွားတယ်။ ဘာကြောင့် လဲဆိုရင် ကျွန်မကတိုကျိုဆိုတဲ့ နေရာလေးက အဆိုတော် လေးတစ်ဦးလို့ပဲ ခံစားနေရသေး တယ်။ အဲဒါကြောင့် မြန်မာနိုင်ငံမှာကျွန်မရဲ့ သီချင်းတွေကို ဖြန့်ချိသွားဖို့လုပ်ချင်တယ်” လို့ Miray ကတော့ ယတိပြတ်ဆိုခဲ့တယ်။

ဘာပဲဖြစ်ဖြစ် ဂျပန်အဆိုတော် တစ်ဦးက မြန်မာပရိသတ်တွေနဲ့ ရင်း နှီးခွင့်ရဖို့ ကိစ္စမျိုးက ကြိုဆိုရမှာ ဖြစ် သလို Miray အနေနဲ့ကလည်း သူ့ သီချင်း တွေကို မြန်မာပရိသတ်တွေ ဘယ်လိုခံစား နားဆင် ကြမလဲဆိုတာကို ရင်ခုန်စိတ်လှုပ် ရှားလျက် ရှိနေတယ်။

“ကျွန်မရဲ့သီချင်းတွေကို မြန်မာ ပရိသတ်တွေ ဘယ်လိုခံစားမိကြမလဲ တော့မသိသေးတဲ့အတွက် လည်းစိတ်လှုပ် ရှားမိပါတယ်။အဲဒီတော့အခွင့်အရေး လေး ရမယ်ဆိုရင်ကျွန်မသီချင်းလေးတွေကို နားထောင် ပေးကြပါလို့ တောင်းဆိုပါတယ်။ ဂျပန်မှာ ထုတ် တဲ့ သီချင်းတွေကော မြန်မာပြည် မှာ လာရောက် ထုတ်လုပ်ထွက်ရှိမယ့် သီချင်းခွေ တွေရော နားထောင်ပေးကြပါလို့ တောင်းဆိုပါ တယ့်” လို့ Miray ကတော့ ပေါ်ပြူလာဂျာနယ်နဲ့ အင်တာဗျူးအဆုံးသတ်မှာ ပြောပြပေးသွားခဲ့ပါ တယ်။

ထက်လူ

ဓာတ်ပုံ-မင်းမင်းထွန်း

Ads Space Available


Continue reading

စတုတ္ထအကြိမ်မြောက်ဥရောပအာရှစီးပွားရေးဖိုရမ်ဘီလာရုစ်၌စတင်ကျင်းပ ၊ နစက ဥက္ကဌ တက်ရောက်

စတုတ္ထအကြိမ်မြောက် ဥရောပအာရှစီးပွားရေးဖိုရမ်ကို ဥရောပအာရှစီးပွားရေးသမဂ္ဂ(EAEU)အတွင်း ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန်အတွက် ရည်ရွယ်ပြီး ကြာသပတေးနေ့က မင်စ့်မြို့တွင် စတင်ကျင်းပလိုက်သည်။ EAEU ဥက္ကဋ္ဌရာထူးကို ၂၀၂၅ ခုနှစ်တွင် ရယူထားသည့် ဘီလာရုစ်နိုင်ငံ သည် ဥရောပအာရှစီးပွားရေးကောင်စီ (Eurasian Economic Council) ၏အစည်းအဝေးနှင့်အတူ ဖိုရမ်ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပနေပြီး EAEU အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံတော်အကြီးအကဲများ ပါဝင်တက်ရောက်ကြသည်။ "ဥရောပအာရှစီးပွားရေး ပေါင်းစည်းမှုမဟာဗျူဟာ--ရလဒ်များနှင့် အလားအလာများ" ဟူသော ခေါင်းစဉ်ဖြင့် ဖိုရမ်ကို နှစ်ရက်ကြာ ကျင်းပသွားမည်ဖြစ်သည်။ နိုင်ငံပေါင်း ၃၀ ကျော်မှ လူပေါင်း ၂,၇၀၀...

ဘယ်လာရုစ်နိုင်ငံမှထုတ်လုပ်သည့် ဆေးနှင့် ဆေးပစ္စည်းများအား မြန်မာနိုင်ငံကျန်းမာရေးကဏ္ဍတွင် အသုံးပြုသွားမည်

ဘယ်လာရုစ်နိုင်ငံမှထုတ်လုပ်သည့် ဆေးနှင့် ဆေးပစ္စည်းများအား မြန်မာနိုင်ငံကျန်းမာရေးကဏ္ဍတွင် အသုံးပြုသွားရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီး ချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဘယ်လာရုစ်နိုင်ငံ၊ ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီး Mr. Aliaksandr Khajayeu တို့ဆွေးနွေးခဲ့ကြသည်။ နစက ဥက္ကဋ္ဌသည် ယနေ့ ဇွန် ၂၆ ရက်နံနက်ပိုင်းက ဘယ်လာရုစ်နိုင်ငံ၊ မင့်စ်မြို့ရှိ Belmedpreparaty ဆေးဝါးစက်ရုံအားသွားရောက်လေ့လာစဥ် ဆွေး နွေးခဲ့ကြခြင်းဖြစ်သည်။ Belmedpreparaty ဆေးဝါးစက်ရုံသို့ရောက်ရှိစဥ် နစက ဥက္ကဋ္ဌသည် စက်ရုံရှေ့၌ပြသထားသည့် ဆေး ကုသရေးအထောက်အကူပြု မော်တော်ယာဉ်များ၊ ဘယ်လာရုစ်နိုင်ငံမှထုတ်လုပ်ထားသည့် ဆေးဝါးများပြခန်း၊ ဆေးကုသမှုများဆောင်ရွက်ရာတွင်အ သုံးပြုသည့်...

ရန်ကုန်တိုင်း၌ အမေရိကန်ဒေါ်လာ(၁၁၈)သန်းခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကိုမီးရှို့ဖျ-က်ဆီးခဲ့

၂၀၂၅ ခုနှစ်၊ ဇွန် ၂၆ ရက်တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတို-က်ဖျ-က်ရေးနေ့အထိမ်းအမှတ်အဖြစ် တစ်နှစ်တာကာလအတွင်းဖမ်းဆီးရမိ မူးယစ်ဆေးဝါးများ၊ ဓာတုပစ္စည်းများကို ယနေ့ ဇွန် ၂၆ ရက်ကမီးရှို့ဖျ-က်ဆီးခဲ့ကြသည်။ ထိုသို့ ပြုလုပ်ရာ ရန်ကုန်တိုင်း၊ လှိုင်သာယာ(အ နောက်ပိုင်း)မြို့နယ်၊ ကုန်တင်ယာဉ်ရပ်နားကွင်း၌ ကျင်းပသည့် ဖမ်းဆီးရမိမူးယစ်ဆေးဝါးများမီးရှို့ဖျ-က်ဆီးခြင်းအခမ်းအနားတွင် ငွေကျပ်(၄၂၄)ဘီလီယံခန့်(အမေရိကန်ဒေါ်လာ ၁၁၈ သန်းခန့်)အား မီးရှို့ဖျ-က်ဆီးခဲ့ကြသည်။ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့မှဖမ်းဆီးရမိခဲ့သော ဘိန်း(၃၅)ကီလိုခန့်၊ ဘိန်းဖြူ(၁၇၃)ကီလိုကျော်၊ စိတ်ကြွဆေးပြား(၇၃) သန်းကျော်၊ အိုက်စ်(၁၀,၄၇၆)ကီလိုကျော်၊ စိတ်ပြောင်းဆေးဝါး (Happy Water)...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071