Wednesday, April 29, 2026

နျူကလီးယားဓာတ်ပေါင်းဖိုတင်ကုန်ကားကို တရုတ်က စမ်းသပ်နေ

ဧပြီလ ၂၈ ရက် ဦးဆောင်သိပ္ပံပညာရှင်တစ်ဦး၏ အဆိုအရ တရုတ်နိုင်ငံသည် ကုန်တင်ကားပေါ်တွင် တင်ဆောင်သွားနိုင်သည့် နျူကလီးယားဓာတ်ပေါင်းဖို၏ ရှေ့ပြေးပုံစံကို စမ်းသပ်နေပြီဖြစ်ကြောင်း သိရသည်။ ၎င်းက နှစ်ပေါင်းများစွာကြာအောင် တီထွင်ဖန်တီးနေခဲ့သော...

ဒလမြို့နယ်ရှိ ကျေးရွာအချို့ ရေကန်ခန်းခြောက်မှုကြောင့် အခက်ကြုံနေ၊...

ရန်ကုန်တိုင်း၊ ဒလမြို့နယ်ရှိ ကျေးရွာအချို့တွင် နွေရာသီ ရေရှားပါးမှုဒ-ဏ်ကို စတင်ခံစားနေရပြီး အိမ်ခြေ (၅၀၀) ကျော်ရှိသည့် ကျေးရွာတစ်ရွာတွင် သိုလှောင်ကန်များ ခန်းခြောက်မှုကြောင့် သုံးရေနှင့်...

ရန်ကုန်တွင် ယနေ့ မိုးရွာနိုင်ပြီး လေပြင်းတို-က်ကာ...

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယနေ့တွင် မိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိပြီး ညနေပိုင်းအထိ မိုးထစ်ချုန်းရွာရန် (၈၀) ရာခိုင်နှုန်းအထိ ရှိနေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ မိုးတိမ်တောင်များ...

ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့် မြန်မာလုပ်သား...

တားမြစ်ပစ္စည်းများသယ်ဆောင်ခြင်းမပြုရန် မြန်မာသံရုံးသတိပေး ​အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA) မှ တစ်ဆင့် ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့်စေလွှတ်ခဲ့သော မြန်မာကုန်ထုတ်လုပ်သားသစ် (၁၂၃) ဦးသည် ဧပြီ ၂၈...
HomeCelebrities' News၀င်းသပြေထွန်း ကိုအိမ်ထောင် ပြုစေချင်ပြီဆိုတဲ့ဧကရီစုစံ

ဝင်းသပြေထွန်း ကိုအိမ်ထောင် ပြုစေချင်ပြီဆိုတဲ့ဧကရီစုစံ

အနုပညာလောကထဲမှာ အနု ပညာမောင်နှမတွေ၊ အနုပညာညီ အစ်မတွေဆိုတာ သိပ်ကိုချစ်ခင်ကြတဲ့ သူတွေပါ။ သူတို့ဟာလုပ်ငန်းခွင်မှာ အနုပညာအလုပ် တွေ လုပ် ကိုင်ရင်း နေ့စဉ်ထိတွေ့ပြောဆိုနေ ကြသူတွေ ဖြစ်တဲ့အတွက်လည်း ခင်မင် ရင်းနှီးခဲ့ကြတာလည်းဖြစ် ပါတယ်။ ဝင်းသပြေထွန်းနဲ့ ဧကရီစုစံ တို့ နှစ်ယောက် ကတော့ ရွာဇာတ် လမ်းတွဲရိုက်ကူးခဲ့စဉ်ကစလို့ ခင်မင်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ ဒီလိုနဲ့သူတို့ဟာ တစ် ယောက်နဲ့ တစ်ယောက်ညီအစ်မအ ရင်းတွေသဖွယ် ချစ်ခင်ခဲ့ကြပြီး ဆိုးတိုင်ပင် ကောင်းတိုင်ပင်ဖော်တွေ လည်းဖြစ်ခဲ့ပါတယ်။ နှစ်ဦးသားခရီးတွေလည်း အများ ကြီး သွားဖြစ်ခဲ့ကြသလို ခရီး တိုင်းမှာလည်းအမှတ်တရ တွေများစွာရှိခဲ့ကြပါတယ်။ ဒါကြောင့်လည်း ပေါ်ပြူလာ အနေနဲ့ သူတို့ သူငယ်ချင်းနှစ်ယောက်ရဲ့ အလှပုံရိပ် လေးတွေကို ဓာတ်ပုံရိုက်ရင်း အင်တာဗျူးဖြစ်ခဲ့ပါတယ်။

သူငယ်ချင်းနှစ်ယောက်အမှတ်တရ

ဇာတ်လမ်းတွဲရိုက်ကူးရင်းနဲ့ ခင်မင်သွားကြတာ။ နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် ခဏခဏ လည်း စိတ်ကောက်ကြတယ်။ တည့်ရင်လည်းသူများတွေအမြင်ကတ် လောက်အောင်တည့် တယ်။ သူမပါ ရင် မသွားဘူးလို့ သူမစားရင်ကိုယ်မစားဘူးလို့ အဲဒီလိုတွေလုပ်ကြတာလေ။ (ရယ်လျက်) မတည့်ရင်လည်း နှစ်ယောက်သား စကားမပြောဖြစ် တာ တစ်နှစ်လောက်တောင်ကြာ သွားတယ်။ အဲဒါကရန်ဖြစ်တာလည်း မဟုတ်ဘူး။ သူကလည်းစိတ်ကောက် ပြီးမခေါ်ဘူး။ ကိုယ်ကလည်းစိတ် ကောက်ပြီးမခေါ်ဘူး။ ပြီးတော့ သူကလည်း တနင်္လာ၊ စုကလည်းတနင်္လာ ဆိုတော့ စိတ်ထဲမှာ ကောက်နေကြတာပေါ့။ စိတ်ထဲမှာတစ်ယောက်နဲ့ တစ်ယောက် ကျိတ် ကောက်နေကြတာပေါ့။ အခုကျတော့ ပြန်တည့်သွားတော့ သူမပါရင်ကိုယ်မသွားဘူးဆိုပြီး ပြန်ဖြစ်နေကြပြန်ပြီ။ အဲဒါလေးတွေ ကတော့ အမှတ်တရပါပဲ။

ဝင်းသပြေထွန်းကို မကြိုက်တာ ဘာရှိလဲ

သူကအမှတ်မထားဘူး။ စုကကျတော့မှတ်ထားတယ်။ မှတ်ထားတယ် ဆိုတာက ဥပမာ ကိုယ့်အပေါ်တစ်ယောက်ယောက်က မကောင်းဘူးဆိုရင်လည်း မှတ်ထားတယ်။ ကိုယ့်အ ပေါ်ကောင်းရင်လည်း ကိုယ်ကမှတ်ထားတယ်။ သူက အဲဒီလိုမဟုတ်ဘူး။ သူ့အပေါ်ကောင်းကောင်းမကောင်းကောင်း သူကကောင်းတယ်။ သူ့အ ပေါ် မကောင်းတဲ့လူဆိုရင်လည်း မှတ်မထားဘဲနဲ့ ဒုက္ခတွေ ခံတယ်။ အဲဒါကိုတွေ့ရင် ကိုယ်တွေကသူ့ကို ကြည့်ပြီးအားမရဘူး။ သူ့ကို အဲဒါတော့မကြိုက်ဘူး ။ ပြင်စေချင်တယ်။

သူငယ်ချင်းကိုအားကျရတဲ့အချက်

အားကျရတာကဘာလဲဆိုတော့ သူနဲ့ကိုယ်နဲ့အနုပညာအလုပ်လုပ် ကိုင်နေတာချင်းတူပေမယ့် လမ်းကြောင်းကမတူဘူး။ သူကကျတော့ အငြိမ့်ဘက်မှာ ကတာတွေလည်း တအားကောင်းတယ်။ သူ့နာမည် လေးနဲ့ သူရပ်တည်နေတယ်။ ကိုယ်ကကျတော့ အကနဲ့ပတ်သက်လို့ လုံးဝနား မလည်ဘူး။ ကလည်းမက တတ်ဘူး။ အကပညာကိုဒီလောက် ခက်ခဲမှန်းလည်းမသိဘူး။ သူနဲ့ပွဲလေးတွေ လိုက်ကြည့်တော့ သူက အပြင်မှာနေတာနဲ့ မတူဘူး။ စင်ပေါ်ရောက်ရင် တအားလှတယ်။ ကိုယ့် သူငယ်ချင်းက အဲဒီလိုတော်တဲ့ အခါကျတော့ ကိုယ့်အနေနဲ့က ဂုဏ်လည်း ယူတယ်။ သူကနေတာကို ကြည့်ပြီးလည်း မြန်မာအကက တအား ခက်ခဲပါလား ဆိုတာ တွေးမိလာတယ်။ သူ့ကိုလည်း ပိုပြီးတော့ လေးစားလာတယ်။

ဘယ်သူအရင်အိမ်ထောင်ပြုဖြစ်မလဲ

သူ့ကိုတော့အရင်အိမ်ထောင်ပြု စေချင်တယ်။ ပြုစေချင်တယ်ဆို တာက တစ်ခါတလေကျရင် သူက တအားစိတ်နှစ်လွန်းတယ်။ ကိုယ် တွေလည်း ရည်းစားတော့ထားတာ ပေါ့လေ။ သူလည်းရည်းစားထား တယ်။ သူလည်းအဆင် မပြေ ပြတ်တဲ့အချိန်ရှိတယ်။ ကိုယ်လည်း အဆင်မပြေ ပြတ်တဲ့အချိန်ရှိတယ်။ သူက စိတ်ကြီးတအားနှစ်ပြီးနေတော့ သူစိတ်မချမ်းသာတာမျိုးကို ကိုယ်ကမမြင် ချင်ဘူး။ စုလည်းစိတ် နှစ်တယ်။ ဒါပေမဲ့ အကန့်လေးတွေ ခွဲထားနိုင်တယ်။ သူနဲ့ စာရင်ကိုယ်က စိတ်နည်းနည်း မာတယ်ပြောရမလားပဲ။ အဲဒီတော့ သူပျော်နေတယ်ဆိုရင် အိမ်ထောင်ပြုစေချင်ပြီ။

Ads Space Available


Continue reading

နျူကလီးယားဓာတ်ပေါင်းဖိုတင်ကုန်ကားကို တရုတ်က စမ်းသပ်နေ

ဧပြီလ ၂၈ ရက် ဦးဆောင်သိပ္ပံပညာရှင်တစ်ဦး၏ အဆိုအရ တရုတ်နိုင်ငံသည် ကုန်တင်ကားပေါ်တွင် တင်ဆောင်သွားနိုင်သည့် နျူကလီးယားဓာတ်ပေါင်းဖို၏ ရှေ့ပြေးပုံစံကို စမ်းသပ်နေပြီဖြစ်ကြောင်း သိရသည်။ ၎င်းက နှစ်ပေါင်းများစွာကြာအောင် တီထွင်ဖန်တီးနေခဲ့သော ထိုဓာတ်ပေါင်းဖိုကို "ကမ္ဘာ့ပထမဆုံး ၁၀-မဂ္ဂါဝပ် ယာဉ်တင်နျူကလီးယားစွမ်းအင်သုံးယူနစ်" ဟု ဖော်ပြခဲ့ပြီး၊ နောက်ကွယ်မှ အဖွဲ့အနေဖြင့် ယခုအခါ ၎င်းကို လက်တွေ့အသုံးပြုနိုင်မည့် အခွင့်အလမ်းများကို ရှာဖွေနေသည်ဟု ဆိုသည်။ အဆိုပါစွမ်းအင်ပမာဏသည် အလတ်စား AI ဒေတာစင်တာတစ်ခုကို လျှပ်စစ်ပေးရန် လုံလောက်သော ပမာဏဖြစ်သည်။ "ကျွန်တော်တို့ အဆိုပြုထားတဲ့ 'နျူကလီးယား ပါဝါဘဏ်' ဟာ မျိုးဆက်သစ်...

ဒလမြို့နယ်ရှိ ကျေးရွာအချို့ ရေကန်ခန်းခြောက်မှုကြောင့် အခက်ကြုံနေ၊ အိမ်ခြေ (၅၀၀) ကျော်အတွက် ရေအလှူရှင်များလိုအပ်နေ

ရန်ကုန်တိုင်း၊ ဒလမြို့နယ်ရှိ ကျေးရွာအချို့တွင် နွေရာသီ ရေရှားပါးမှုဒ-ဏ်ကို စတင်ခံစားနေရပြီး အိမ်ခြေ (၅၀၀) ကျော်ရှိသည့် ကျေးရွာတစ်ရွာတွင် သိုလှောင်ကန်များ ခန်းခြောက်မှုကြောင့် သုံးရေနှင့် သောက်ရေ အရေးပေါ် လိုအပ်လျက်ရှိကြောင်း သိရသည်။ အဆိုပါ အခြေအနေအပေါ် ရောင်စဉ်မဲ့ လူမှုကူညီရေးအသင်း (ရန်ကုန်) ၏ ယနေ့ ကွင်းဆင်းလေ့လာချက်အရ ဒလမြို့ပေါ်ရပ်ကွက်အချို့တွင် သုံးရေ အဆင်ပြေသေးသော်လည်း မြို့အစွန်ပိုင်းရှိ ကျေးရွာများတွင်မူ အခြေအနေ ဆိုးရွားနေခြင်းဖြစ်သည်။ ကျေးရွာရှိ အဓိကရေသိုလှောင်ကန်မှာ လုံးဝခန်းခြောက်နေပြီဖြစ်ကာ ဒေသခံများအနေဖြင့် ရေရရှိရန်အတွက် အလွန်ဝေးကွာသော နေရာများသို့ သွားရောက်ခပ်ယူနေရကြောင်း သိရသည်။ အိမ်ခြေ...

ရန်ကုန်တွင် ယနေ့ မိုးရွာနိုင်ပြီး လေပြင်းတို-က်ကာ မိုးသီးကြွေနိုင်ဟု မိုး/ဇလ သတိပေး

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယနေ့တွင် မိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိပြီး ညနေပိုင်းအထိ မိုးထစ်ချုန်းရွာရန် (၈၀) ရာခိုင်နှုန်းအထိ ရှိနေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ မိုးတိမ်တောင်များ ဖြစ်ပေါ်နေသဖြင့် မိုးရွာသွန်းမှုနှင့်အတူလေပြင်းတို-က်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်းနှင့် မိုးကြိုးပ-စ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းတို့ဖြစ်ပွားနိုင်သဖြင့် သတိပြုကြရန်လည်း အသိပေးထားသည်။ ရန်ကုန်အပြင် ပဲခူး၊ ဧရာဝတီနှင့် မွန်ပြည် နယ်တို့တွင်လည်း နေရာကျဲကျဲ မိုးရွာသွန်းနိုင်ကြောင်း ခန့်မှန်းထားသည်။ နောက် (၂) ရက်အတွင်း ရန်ကုန်အပါအဝင် မြန်မာနိုင်ငံအလယ်ပိုင်းနှင့် အောက်ပိုင်းဒေသများတွင် မိုးဆက်လက်ထစ်ချုန်းရွာနိုင်သည့် အခြေအနေဆက်လက်ရှိနေသည်ဟု မိုး/ဇလက ခန်းမှန်းထားသည်။...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071