Wednesday, May 6, 2026

ဗီယက်နမ်သမ္မတ အိန္ဒိယနိုင်ငံသို့ သုံးရက်ကြာခရီးစဉ်အဖြစ် ရောက်ရှိ

နူးဒေလီ၊ မေ ၅ ရက် ဗီယက်နမ်သမ္မတ တိုလမ် သည် ဝန်ကြီးချုပ် နာရင်ဒြာ မိုဒီ၏ ဖိတ်ကြားချက်အရ အင်္ဂါနေ့တွင် အိန္ဒိယနိုင်ငံသို့ သုံးရက်ကြာ...

ခရီးသွားပြည်သူတွေ အဓိကအားထားလာရတဲ့ မြန်မာ့မီးရထား

ရန်ကုန်ကိုရောက်လာကြသူများနဲ့ ရန်ကုန်ကအပြန် ----------------------------------------------------------------------- မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော် ရန်ကုန်မြို့ကို အလုပ်အကိုင်အခွင့်အလမ်း၊ ပညာရေး၊ ကျန်းမာရေးစသဖြင့် ကဏ္ဍပေါင်းစုံအတွက် တစ်နိုင်ငံလုံးရှိဒေသအသီးသီးမှ ပြည်သူများဟာ ရောက်ရှိလာကြပါတယ်။ အလုပ်ရှိတဲ့သူက အလုပ်လုပ်ကိုင်ရင်းဖြစ်စေ၊ ပညာသင်တဲ့သူတွေက...

မြန်မာ့တိုင်းရင်းဆေးဝါး လုပ်ငန်းရှင် ၃၇၀၀ ကျော်...

နိုင်ငံအတွင်း မြန်မာ့တိုင်းရင်းဆေးဝါးများကို တရားဝင် ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသည့် လုပ်ငန်းရှင်ပေါင်း ၃၇၀၀ ကျော်ရှိနေကြောင်း တိုင်းရင်းဆေးဝါး ထုတ်လုပ်ရောင်းချသူများအသင်းထံမှ သိရသည်။ မြန်မာ့တိုင်းရင်းဆေးဝါးများကို ထုတ်လုပ်ရောင်းချရာတွင် တိုင်းရင်းဆေးဝါးဥပဒေနှင့်အညီ ကျန်းမာရေးဝန်ကြီးဌာန၏...

ပလိပ်မြို့နယ်တွင် မိုးရွာသွန်းလေပြင်းတိုက်၍ လျှပ်စစ်ကွန်ကရစ်ဓာတ်တိုင်(၇)တိုင်ကျိုးပြီး (၂)တိုင်ယိုင်နဲ့ကာ...

မန္တလေးတိုင်း၊ ပလိပ်မြို့နယ်တွင် ယနေ့ မေ ၆ ရက်နံ နက်အစောပိုင်း ၅ နာရီခန့်က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်ခဲ့၍ သစ်ပင်သစ်ကိုင်းများလဲပြိုကျခဲ့ကြောင်း လျှပ်စစ်နှင့်...
HomeArticlesမင်းသားတော့မင်းသား

မင်းသားတော့မင်းသား

ပြီးခဲ့သည့် ဇွန်လ ၂၉ ရက်နေ့က ရုပ်ရှင်သရုပ်ဆောင် နေတိုးသည် ဒဂုံ မြို့သစ်မြောက်ပိုင်း တော်ဝင်အိမ်ရာ၊ (၄၁) တိုးချဲ့ရပ်ကွက်၊ မြတ်လေးလမ်း တွင် (ကျပ် ”သိန်းပေါင်းတစ်သောင်း” အကုန်အကျခံကာ)Story Book Movie Studio ရုပ်ရုင်စတူဒီယိုကြီး တစ်ခု ဖွင့်လှစ်လိုက်သော သတင်းကို ဖတ်ရှုလိုက်ရသည်။ ”ကောင်းပေစွ” ဟု စိတ်မှ ရေရွတ်မိပါ၏။

Story Book ဆိုသောအမည် ကိုဘဝင်မကျသော်လည်း သူ့အဓိပ္ပာယ် နှင့် သူတော့ရှိသည် ထင်ပါ၏။ ကြားဖူးနားဝ ရှိနေမည့် စကားလုံးက Story Book ဖြစ်ပါ၏။ ရုပ်ရှင် ဇာတ်လမ်း၊ ကြော်ငြာများ ရိုက်ကူး ရာတွင် ရုပ်ပုံအနေအထားပြ စာရွက် ပေါ်တွင် ဆွဲထားသော အရုပ်များကို ခေါ်ဝေါ်ခြင်း ဖြစ်သည်။ သူ၏ Story Book က ကလေးများအတွက် ”ဇာတ်လမ်း ရုပ်ပြစာအုပ်”ဟု ခေါ် ဆိုရမည် ထင်၏။ သူ့အဓိပ္ပာယ်နှင့် သူတော့ ရှိပေလိမ့်မည်။

”နှင်းဆီပန်း” ကို မည်သို့ပင် ခေါ်ဆိုစေကာမူ အမွှေးနံ့သည် ရှိစမြဲ ဆိုသည့်ပမာ ရုပ်ရှင်စတူဒီယို၏ အမည်ကို မည်သည့်အမည်ကိုပဲ ပေး စေကာမူ ရုပ်ရှင်လောကအတွက် တော့ အကျိုးရှိစေမည်ဟု ယုံကြည်မိ ပါ၏။ သရုပ်ဆောင်နေတိုးကိုယ်တိုင် ၌ကလည်း ရုပ်ရှင်လောကအတွက် အကျိုးရှိနိုင်လိမ့်မည်ဟူသော ယုံ ကြည်ချက်ဖြင့် ဤစတူဒီယိုကို တည် ဆောက်လိုက်ခြင်း ဖြစ်ပေလိမ့်မည်။ သူ့အနေဖြင့် စီးပွားရေးသက်သက် လုပ်မည်ဆိုလျှင် မိန်းမကြိုက်အလှ ကုန်လုပ်ငန်း၊ အဝတ်အထည်၊ လူသုံး ကုန်ပစ္စည်းစသည်တို့တွင် သူ့အမည် သုံး၍ အရင်းအနှီးပြုနိုင်ပါသည်။ အနုပညာရှင်တစ်ဦးအနေနှင့် သည့် ထက်ဆိုးဝါးစွာ စီးပွားရှာဦးမည် ဆို ပါက ကာရာအိုကေဆိုင်တွေ၊ ဘီယာ ဆိုင်တွေ ထောင်ကာ အိုစာမင်းစာ စီးပွားရှာနိုင်ပါလိမ့်မည်။ သို့သော် သူသည် သူ့ကို ကျွေးမွေးခဲ့သော ရုပ် ရှင်လောက အကျိုးကို ငဲ့ကြည့်ပုံရ ၏။ သူစုဆောင်းရရှိထားသော ငွေ အရင်းအနှီးကို ရုပ်ရှင်လောကအကျိုး ငှာ သုံးစွဲလိုက်လေသည်။ ကောင်း လေစွ ကောင်းလေစွ။

သရုပ်ဆောင် နေတိုးကို အ ကြောင်းပြု၍ ယခင် ခေတ်အဆက် ဆက် သရုပ်ဆောင်ကြီးများ၏ ရုပ် ရှင်လောကအပေါ် ပြန်လည်လုပ် ကျွေးသမှု ပြုကြသည်များကို ပြန်စဉ်း စားကြည့်မိသည်။ တကယ်တော့ သရုပ်ဆောင်နေတိုးကဲ့သို့ မကြာသေး မီအချိန်ကပင်လျှင် ရုပ်ရှင်အပေါ် ကျေးဇူးသိတတ်ခဲ့သူ သရုပ်ဆောင် တစ်ဦးရှိခဲ့ဖူးပါ၏။ အခြားသူမဟုတ်။ သရုပ်ဆောင် လွင်မိုးဖြစ်ပါ၏။ လွင် မိုးသည် လွန်ခဲ့သော ၁ဝ နှစ်ကျော် ခန့်က ရုပ်ရှင်လောကအတွက် အ လွန်တန်ဖိုးကြီးလှသော ခေတ်မီ ရုပ် ရှင်ကင်မရာ (Arriflex BL3) ကို ဝယ်ယူထူထောင်ခဲ့ဖူးသည်။ အစစ ခေတ်နောက်ကျနေသော မြန်မာ့ရုပ် ရှင် စက်မှုပိုင်းဆိုင်ရာကို သတ္တိ ကောင်းကောင်းဖြင့် ခေတ်မီ ကင် မရာတစ်လုံးကို ဝယ်ယူပြီး မြန်မာ့ရုပ် ရှင်လောကကို အင်အား ဖြည့်တင်း ပေးခဲ့ဖူးသည်။ ကံဆိုးချင်တော့ဖလင် ခေတ် ကုန်ဆုံးပြီး ဒီဂျစ်တယ်ခေတ် သို့ ပြောင်းလာသည်။ သူ့ကင်မရာ ကြီးမှာ အသုံးပြု၍ မရတော့။ သူ သည် လက်မလျှော့သေး။ ရုပ်ရှင်ရုံ ၁ဝဝ စီမံကိန်းဖြင့် ရုပ်ရှင်ရုံ ၁ဝဝ ဆောက်လုပ်ရန် ကြိုးစားနေသည်။ ဝိုင်းဝန်းအားပေးဖို့ ကောင်းပါ၏။

ရုပ်ရှင်အပေါ် ကျေးဇူးသိတတ် ပြီး ရုပ်ရှင်လောကကို ပံ့ပိုးပေးသော ရုပ်ရှင်သရုပ်ဆောင်ဆိုသည်က ခပ် ရှားရှား ဖြစ်လေသည်။ ရုပ်ရှင်လော က သာယာလျှင် ပူးပေါင်း၍ ရုပ်ရှင် လောက ဖွံ့ဖြိုးနေလျှင် စားသောက် သွားမည့် ”သာပေါင်းညာစား” ရုပ် ရှင်သမားအမည်ခံ ထုတ်လုပ်သူတွေ၊ ပညာရှင်အမည်ခံသူတွေ များစွာ တွေ့ခဲ့ဖူးသည်။ ရုပ်ရှင်လောကကို ဖက်တွယ်၍ သေအတူ ရှင်မကွာနေ ချင်သူက အလွန် နည်းပါးလှသည်။ အထူးသဖြင့် ရုပ်ရှင်နှင့် စီးပွားဖြစ်သူ တော်တော်များများ ငွေထုပ်ကို ပိုက် ကာ ရုပ်ရှင်လောကကို ကျောခိုင်း သွားတတ်ကြသည်။ ရုပ်ရှင်လောက အကျိုးငှာ မည်သို့ ပံ့ပိုးပေးလျှင် ကောင်းမည်နည်းဟု မစဉ်းစား။လှည့်၍ပင် မကြည့်ကြ။ တစ်ခါတစ် ခါ ရုပ်ရှင်လောကသားများကိုပင် မ ကောင်း ပြောတတ်ကြသေး၏။ ခက် ရချည့်။

ရုပ်ရှင်သရုပ်ဆောင်များသည် ဝင်ငွေအကောင်းဆုံး လူတန်းစားဖြစ် ခဲ့ကြသည်။ သူတို့ထဲက ကြီးပွားသူ များပြားသည်။ သို့သော် ရုပ်ရှင်လော က အတွက် ပြန်လည်ပံ့ပိုးမှု သိပ်မရှိ လှ။ မြန်မာ့ရုပ်ရှင်ပထမဆုံး သရုပ် ဆောင် မောင်ညီပုကတော့ မြန်မာ့ ရုပ်ရှင်လောကကြီး တိုးတက်ရေး အ တွက် ‘တောမြိုင်စွန်းက လွမ်းအောင် ဖန်’ ဆိုသော ရုပ်ရှင်ကားကို တကယ့် ပြင်ပရှုခင်းများတွင် ငွေကုန်ကြေးကျ ခံကာ ရိုက်ကူးခဲ့ကြောင်း၊ မေမြို့ ရေ တံခွန်ကြီးများကြားတွင် ခက်ခက်ခဲခဲ စွန့်စွန့်စားစားရိုက်ခဲ့ရပုံ၊ ဥစ္စာစောင့် မလေး ရေတံခွန်ထဲတွင် ပေါ်လိုက် ပျောက်လိုက်ဖြစ်ပုံကို Cut Tricks နည်းကိုသုံးကာ ဒီဗရေး (Debrie Camera) ကင်မရာဖြင့် ရိုက်ခဲ့ရပုံ၊ ရန်ကုန်မြို့ ကြည့်မြင်တိုင် ယခု အရိုး ဆေးရုံကြီး နေရာတွင် မြန်မာအဆွေ အေဝမ်းမှ ရုပ်ရှင်စတူဒီယိုဆောက် လုပ်ခဲ့ကြပုံများကို ပြောပြခဲ့ဖူးသည်။ အေဝမ်း ရုပ်ရှင်ကုမ္ပဏီသည်လည်း ကောင်း၊ ဗြိတိသျှဘားမား ရုပ်ရှင် ကုမ္ပဏီသည်လည်းကောင်း၊ ရန်ကုန် ရုပ်ရှင်၊ ပဲရော့ရုပ်ရှင်၊ ဆွေဗမာ ရုပ် ရှင်၊ မဟာဝိဇ္ဇာဓိုရ်၊ အမျိုးသားရုပ် ရှင်၊ အောင်ရုပ်ရှင်အစရှိသည်ဖြင့် ရုပ်ရှင်ကုမ္ပဏီကြီးများသည် ကိုယ်ပိုင် စက်အဖွဲ့၊ ကိုယ်ပိုင် ရုပ်ရှင်ခြံ၊ ကိုယ် ပိုင် ရုပ်ရှင်စတူဒီယိုကြီးများဖြင့် မြန် မာ့ရုပ်ရှင်ကို ဖွံ့ဖြိုးတိုးတက်လာ အောင် အသီးသီး ကြံဆောင်လာခဲ့ ကြသည်။ အသံတိတ်မှသည် အသံ ထွက် ရုပ်ရှင်ဖြစ်အောင်၊ ဆေးရောင် စုံဖြစ်အောင်၊ မြင်ကွင်းကျယ် ဖြစ် အောင် ကြိုးပမ်းခဲ့ကြသည်။ ကိုယ် ထူကိုယ်ထ ကြိုးစားခဲ့ကြခြင်းများ ဖြစ်သည်။

ရုပ်ရှင်သရုပ်ဆောင်များထဲမှ ရုပ်ရှင်မင်းသားကဲ့သို့ စတိုင်နှင့် မနေ ဘဲ ရုပ်ရှင်လောက အကျိုးဖွံ့ဖြိုး အောင် ထူးထူးခြားခြား ကြံဆောင် သည့် ရုပ်ရှင်သရုပ်ဆောင်များထဲတွင် ရာဇဝင်မင်းသား ခင်မောင်ညွန့်၊ မင်္ဂလာညွန့် ရုပ်ရှင်ကုမ္ပဏီမှ (ငဘ ရုပ်ရှင်မင်းသား) အေဝမ်းညွန့်မောင် တို့ကိုလည်း မှတ်တမ်းတင် ရမည် ဖြစ်လေသည်။ ရာဇဝင်မင်းသား ခင် မောင်ညွန့်သည် အလောင်းတော်ရာမ ကဲ့သို့သော ဆေးရောင်စုံ ရုပ်ရှင် ကားကြီးကို ဂျပန်နိုင်ငံအထိ သွား ရောက် ရိုက်ကူးကာ မြန်မာ့ရုပ်ရှင် လောကကို ရုပ်ရှင်ပညာများ တိုးပွား စေခဲ့သလို အေဝမ်းညွန့်မောင်သည် လည်း မြင်ကွင်းကျယ် ရုပ်ရှင်တီထွင်မှု များ ပြုလုပ်ခဲ့သည်။ စက်မှု ဝါသနာ ပါသော စတန့်မင်းသား ကျော်မိုးကို လည်း သူနှင့်အတူ မြန်မာ့ရုပ်ရှင် လောက အဆင့်မြင့်မားလာရေး အ တွက် စည်းရုံးကာ နှစ်ယောက်သား ကြိုးစားခဲ့ကြသည်။

မြန်မာ့ရုပ်ရှင်လောက ခေတ်မီ အောင် ကြံဆောင်ခဲ့သည့် ရုပ်ရှင် သရုပ်ဆောင်များထဲတွင် မင်းသား ကျော်ဆွေသည်လည်း တစ်ဦး အပါ အဝင် ဖြစ်ခဲ့သည်။ ရုပ်ရှင်ကင်မရာ အမြင်၊ မြင်ကွင်းကျယ်၊ ယမ်းဖောက်ခွဲ မှု အစရှိသော ရုပ်ရှင်နှင့် ပတ်သက် သော ပညာများကို (မိမိစရိတ်ဖြင့် မိမိ) ဂျပန်ပြည်တွင် သွားရောက်လေ့ လာပြီး မြန်မာ့ရုပ်ရှင်လောကအတွက် ထူးထူးခြားခြား အမြင်ဆန်း အသွင် သစ်၍ ခေတ်မီသော ရုပ်ရှင်ကား များကို ဖန်တီးပေးခဲ့သူ ဖြစ်လေ သည်။ (ပုလဲမျက်ရည်၊ ဒဏ်၊ မြတ် နိုးသူ၊ တခြားကမ္ဘာက ချစ်သူ)

အထက်ဖော်ပြပါ ရုပ်ရှင်သရုပ် ဆောင်များသည် ရုပ်ရှင်လောက၏ လိုအပ်မှုကို မည်သူကမှ ခိုင်းစေခြင်း မဟုတ်ဘဲ မိမိတို့ စိတ်စေတနာ အ လျှောက် လုပ်ဆောင်ခဲ့ကြသူများ ဖြစ်ကြသည်။ ပရိသတ်နှင့် ရုပ်ရှင် လောက အကျိုးအတွက် ဘာဆု လာဘ်၊ ဘာဂုဏ်ထူးကိုမှ မမျှော်မှန်း ဘဲ စေတနာသန့်သန့် ဝါသနာပြင်း ပြင်းဖြင့် ဆောင်ရွက်ခဲ့ကြသူများ ဖြစ်ကြလေသည်။ နိုင်ငံတော်အစိုးရ အဆက်ဆက်ကလည်း ¤င်းတို့၏ ကြိုးပမ်းမှုအတွက် မည်သည့် အ ထောက်အကူမှ ပေးခဲ့ခြင်းမရှိပါချေ။ ဥစ္စာရင်လို ဥစ္စာရင်ခဲဆိုသည့် စကား နှင့်အညီ ကိုယ့်ရုပ်ရှင်လောက အ တွက် ကိုယ့်စေတနာနှင့် ကိုယ်ဖန်တီး ခဲ့ကြသူများသာ ဖြစ်ကြသည်။

ယခု သရုပ်ဆောင်လွင်မိုးတို့ သရုပ်ဆောင် နေတိုးတို့သည်လည်း မိမိစေတနာအလျောက် မိမိ ရုပ်ရှင် လောကအတွက် ဆောင်ရွက်နေကြ သည်ဟု မြင်မိပါ၏။ သူတို့သည် မရောင်ရာ ဆီလူးနေခြင်း မဟုတ်၊ အပိုသက်သက် နှမ်းဖြူးနေကြခြင်း မဟုတ်၊ ကိုယ့်ရုပ်ရှင်လောက ဖွံ့ဖြိုး တိုးတက်စေခြင်း အလို့ငှာ ကိုယ် တတ်နိုင်သလောက် စွမ်းအားနှင့် စေတနာသက်သက် ဆောင်ရွက်နေ ကြခြင်း ဖြစ်လေသည်။

ယခုဖော်ပြခဲ့သော သရုပ် ဆောင်များ နည်းတူ မြန်မာ့ရုပ်ရှင် လောကကြီး ဖွံ့ဖြိုးတိုးတက်ရေး အတွက် စွမ်းဆောင်ခဲ့သည့် သရုပ် ဆောင်များ ဖော်ပြရန် ကျန်ရှိနေခဲ့ပါ လျှင် တောင်းပန်အပ်ပါ၏။ ထိုသူ များကဲ့သို့ပင် (သရုပ်ဆောင်မို့ အနေ သာချည်း ဖြစ်ပါလျက်) ကိုယ့်လောက အတွက် ကွက်လပ်ဖြည့်ပေးသူ သရုပ် ဆောင်များကို ဤစာစုဖြင့် ဂုဏ်ပြု အပ်ပါသည်။ လက်ရှိလုပ်ကိုင်နေကြ သော လွင်မိုးတို့၊ နေတိုးတို့၏ လုပ် ငန်းများလည်း ဖွံ့ဖြိုးပါစေကြောင်း ဆန္ဒပြုအပ်ပါ၏။ သို့သော် …

ဒါရိုက်တာကြည်စိုးထွန်း

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071