Wednesday, May 6, 2026

ဗီယက်နမ်သမ္မတ အိန္ဒိယနိုင်ငံသို့ သုံးရက်ကြာခရီးစဉ်အဖြစ် ရောက်ရှိ

နူးဒေလီ၊ မေ ၅ ရက် ဗီယက်နမ်သမ္မတ တိုလမ် သည် ဝန်ကြီးချုပ် နာရင်ဒြာ မိုဒီ၏ ဖိတ်ကြားချက်အရ အင်္ဂါနေ့တွင် အိန္ဒိယနိုင်ငံသို့ သုံးရက်ကြာ...

ခရီးသွားပြည်သူတွေ အဓိကအားထားလာရတဲ့ မြန်မာ့မီးရထား

ရန်ကုန်ကိုရောက်လာကြသူများနဲ့ ရန်ကုန်ကအပြန် ----------------------------------------------------------------------- မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော် ရန်ကုန်မြို့ကို အလုပ်အကိုင်အခွင့်အလမ်း၊ ပညာရေး၊ ကျန်းမာရေးစသဖြင့် ကဏ္ဍပေါင်းစုံအတွက် တစ်နိုင်ငံလုံးရှိဒေသအသီးသီးမှ ပြည်သူများဟာ ရောက်ရှိလာကြပါတယ်။ အလုပ်ရှိတဲ့သူက အလုပ်လုပ်ကိုင်ရင်းဖြစ်စေ၊ ပညာသင်တဲ့သူတွေက...

မြန်မာ့တိုင်းရင်းဆေးဝါး လုပ်ငန်းရှင် ၃၇၀၀ ကျော်...

နိုင်ငံအတွင်း မြန်မာ့တိုင်းရင်းဆေးဝါးများကို တရားဝင် ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသည့် လုပ်ငန်းရှင်ပေါင်း ၃၇၀၀ ကျော်ရှိနေကြောင်း တိုင်းရင်းဆေးဝါး ထုတ်လုပ်ရောင်းချသူများအသင်းထံမှ သိရသည်။ မြန်မာ့တိုင်းရင်းဆေးဝါးများကို ထုတ်လုပ်ရောင်းချရာတွင် တိုင်းရင်းဆေးဝါးဥပဒေနှင့်အညီ ကျန်းမာရေးဝန်ကြီးဌာန၏...

ပလိပ်မြို့နယ်တွင် မိုးရွာသွန်းလေပြင်းတိုက်၍ လျှပ်စစ်ကွန်ကရစ်ဓာတ်တိုင်(၇)တိုင်ကျိုးပြီး (၂)တိုင်ယိုင်နဲ့ကာ...

မန္တလေးတိုင်း၊ ပလိပ်မြို့နယ်တွင် ယနေ့ မေ ၆ ရက်နံ နက်အစောပိုင်း ၅ နာရီခန့်က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်ခဲ့၍ သစ်ပင်သစ်ကိုင်းများလဲပြိုကျခဲ့ကြောင်း လျှပ်စစ်နှင့်...
HomeArticlesကလယ်ရီနက် သမား

ကလယ်ရီနက် သမား

သူသည် ကလယ်ရီနက်သမားအဘိုးအိုဖြစ်သည်။ ကလယ်ရီ နက်ဆိုသည်မှာ လေမှုတ်တူရိယာ တစ်ခုဖြစ်ကာ အနက်ရောင်ြေ>ွမ သဖွယ်ရှိပြီး လေပေါက်များကို ဖွင့် ပိတ်ပေးနိုင်သော ခလုတ်များပါရှိ သလို လျှာခင်ဖြင့် ဂီတသံပေါ်ထွက် အောင် မှုတ်နိုင်ပါသည်။ ကလယ်ရီ နက်သမား အဘိုးအိုသည် သူလူငယ် ဘဝက နာမည်သိပ်မကြီးသော ဆပ် ကပ်အဖွဲ့ တစ်ဖွဲ့ထဲတွင် လိုက်ပါခဲ့ သည်။ ထိုဆပ်ကပ်အဖွဲ့တွင် သူသည် ခုံမြင့်မြင့် တစ်ခုပေါ်၌ ထိုင်ကာ ကလယ်ရီနက်ကို မှုတ်ပြရသည်။

ဆပ်ကပ်အဖွဲ့မှာ သာမန်ဖြစ်သော် လည်း သူ၏ကလယ်ရီနက်မှ မှုတ် သံမှာ ညွှတ်နူးပျော့ပျောင်း၍ ငြိမ့် ညောင်းသာယာသော ဂီတသံသာဖြစ် သည်ကို ဆပ်ကပ်အဖွဲ့ ကြည့်ရှုရန် လာသူများ သတိပြုမိကြပေသည်။ ဆပ်ကပ်အဖွဲ့မှ ပြကွက်များမှာ အထူးအဆန်းများ သိပ်မပါချေ။ ဆပ် ကပ်အဖွဲ့၏ ပြကွက်များမှာ လာ ရောက်ကြည့်ရှုသူများပင် မိမိတို့ လည်း လုပ်ဆောင်နိုင်သည်ဟု ထင် မှတ်လာကြလေ့ရှိသည်။ ရွှေပွဲလာ များ သမ်းဝေလာကြပြီဆိုလျှင် ဆပ် ကပ်တည်ထောင်သူသည် ကလယ်ရီ နက်သမားကို ခုံမြင့်မြင့်ပေါ်တက်စေ ကာ တေးသွားတစ်ခုကို မှုတ်၍ ဖျော် ဖြေတင်ဆက်စေတော့သည်။ ခုံမြင့် မြင့်ပေါ်ရှိ အနက်ရောင်ကလယ်ရီ နက်မှ ဂီတသံထွက်ပေါ်လာပြီဆိုလျှင် ရွှေပွဲလာတို့သည် ထူးဆန်းသောတေး သံကို နားဆင်ကြရသလို ထင်မှတ်မိ ကြတော့သည်။

စောစောက ဆပ် ကပ်အဖွဲ့မှ အံ့သြဖွယ်မရှိသော ပြကွက်များကို မေ့လျော့သွားကြကာ ကလယ်ရီနက်ဂီတသံ မျှဉ်းမျှဉ်းကို ငေးမောကြည့်ရှုကြတော့သည်။ ဆပ် ကပ်အဖွဲ့မှ အစီအစဉ်ကြေညာသူ သည် ယခုဖျော်ဖြေနေသော တေး သွားမှာ မည်သည့်တေးသွားဖြစ် ကြောင်း ပြောပြနေသည်။ ‘မြောက် ပိုင်းဆီသို့ ခရီးသွားခြင်း’တေးသွား၊ ‘မြစ်ကြီး ဂင်္ဂါ’တေးသွား၊ ‘ပိတုန်း ကောင်ပျံဝဲခြင်း’ တေးသွားတို့မှာ ရွှေ ပွဲလာတို့၏ ဘဝင်နှလုံးကို ကျေနပ် ပီတိဖုံးစေတော့သည်။ ဂီတသံများထဲ တွင် မြင်းခွာသံများ ကြားမိရသလိုလို၊ ရေအလျဉ် တိုးဝှေ့စီးဆင်းသံများ ပါလာသလိုလို၊ ပိတုန်းကောင် အတောင်ပံ ခေတ်သည်ကို တွေ့နေရ သလိုလို ခံစားလာရစေသည်ဟု ဆို ကြပါသည်။ ကလယ်ရီနက်သမား သည် နာမည်သိပ်မကြီးသော ဆပ် ကပ်အဖွဲ့တွင် လိုက်ပါလျက် တီးမှုတ် ဖျော်ဖြေခဲ့သည်။

သူသည် ရံဖန်ရံခါြေ>ွမများ၊ မျောက်များနှင့်လည်း တွဲဖက်ကာ ဖျော်ဖြေခဲ့ရသည်။ ဆပ် ကပ်အဖွဲ့ကြေ>ွမများမှာ အထူးအဆန်း ဘာမျှသိပ် လုပ်မပြနိုင်ကြချေ။ သူ တို့သည် လူ၏ ခန္ဓာကိုယ်ကို ရစ်ပတ် လိမ်ကာ ပြီးလျှင် ပခြုပ်ထဲသို့ ပြန် လည်ဝင်ရောက် သွားကြသည်သာ ပင်။ ဆပ်ကပ်အဖွဲ့တွင် စိတ်ဝင်စား စရာကောင်းသည်ဟု ဆိုနိုင်သည် ကား မျောက်တို့၏ ပြကွက်များဖြစ် သည်။ ဆပ်ကပ်ပိုင်ရှင်သည် မျောက် များကို အမိန့်နာခံတတ်ရန် လေ့ကျင့် ပေးထားနိုင်ခြင်းမရှိပေ။

မျောက်များ သည် အချိန်မစေ့မချင်း မိမိတို့ ထင် ရာမြင်ရာများကို ပြုမူ လုပ်ဆောင် ကြပြီး ထိုအချိန်သည် ရွှေပွဲလာပရိ သတ်တို့ စိတ်ဝင်စားခြင်းခံရသော အချိန်လည်းဖြစ်ပေသည်။ အချိန်စေ့ သွားလျှင် မျောက်များအားလုံး စီတန်း ကာ ဇာတ်ခုံကို စက်ဝိုင်းပုံပတ်၍ လှောင်အိမ်အတွင်း အသီးသီး ပြန် ဝင်သွားကြပြီဆိုလျှင် လက်ခုပ်သံများ ကွင်းလုံးပြည့်ကြားလာရတော့သည်။ ထိုအချိန်တွင် ကလယ်ရီ နက်သမားသည် ‘မြောက်ပိုင်းဆီသို့ ခရီးသွားခြင်း’ တေးသွားကို ထွက်ပေါ်စေကာ ဖျော်ဖြေပါတော့သည်။ မှန်ပါသည်။ ယင်း ကြောင့်ပင် ဆပ်ကပ်အဖွဲ့သည် နာမည် သိပ်မကြီးသော်လည်း ကပြလေရာတွင် ရုံဝင်ကြေး တူတူတန်တန် ရရှိခြင်းဖြစ်ပါသည်။

ယခုမူ ကလယ်ရီနက်သမားသည် အဘိုးအိုဖြစ်လာကာ အဘိုးအိုသည် အိမ်ထဲမှ အိမ်ပြင်သို့ သိပ်မထွက်တော့ပေ။ ကလယ်ရီနက်သမား အဘိုးအိုသည် ရံဖန်ရံခါ အရက်ကလေး ခပ်ထွေထွေရှိသော ညနေခင်းများတွင် သူ၏ အနက်ရောင် ကလယ်ရီနက်ကိုထုတ်ယူကာ ဂီတသံထွက် ပေါ်လာစေတော့ သည်။ သူ၏ကလယ်ရီနက်မှုတ်သံမှာ ပီသကြည်လင်ခြင်းမရှိ တော့။

လမ်းပေါ်မှ ဖြတ်သန်းသွားလာသူတို့က ဘာသိဘာသာပင်။ သူတို့သည် ကလယ်ရီနက်သံကို အရေးတယူမရှိကြပေ။ သို့ရာ တွင် အချို့သော သိမီလိုက်သူတို့က အလွန်ခမ်းနားသော ‘မြောက်ပိုင်းဆီသို့ ခရီးသွားခြင်း’ တေးသွားဖြစ်ကြောင်း ပြောကြ သည်။ သို့ရာတွင် ထိုတေးသွားကို နားထောင်ဖူးသူမှာ အနည်း ငယ်မျှသာ။

နေမျိုး

Ads Space Available


Continue reading

ဗီယက်နမ်သမ္မတ အိန္ဒိယနိုင်ငံသို့ သုံးရက်ကြာခရီးစဉ်အဖြစ် ရောက်ရှိ

နူးဒေလီ၊ မေ ၅ ရက် ဗီယက်နမ်သမ္မတ တိုလမ် သည် ဝန်ကြီးချုပ် နာရင်ဒြာ မိုဒီ၏ ဖိတ်ကြားချက်အရ အင်္ဂါနေ့တွင် အိန္ဒိယနိုင်ငံသို့ သုံးရက်ကြာ နိုင်ငံတော်ခရီးစဉ်အဖြစ် ရောက်ရှိလာခဲ့သည်။ ယင်းမှာ ပြီးခဲ့သည့်လက ဗီယက်နမ်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရပြီးနောက် ၎င်း၏ ပထမဆုံးသော အိန္ဒိယနိုင်ငံခရီးစဉ် ဖြစ်သည်။ တိုလမ်သည် နူးဒေလီမြို့သို့ မရောက်ရှိမီ ဘီဟာပြည်နယ်အရှေ့ပိုင်းရှိ ထင်ရှားသော ဗုဒ္ဓဘာသာဝင်တို့၏ အထွတ်အမြတ်ထားရာ ဗုဒ္ဓဂါယာသို့ သွားရောက်ခဲ့သည်။ ခရီးစဉ်အတွင်း သမ္မတနှင့်အတူ ဝန်ကြီးများ၊ အကြီးတန်းအစိုးရအရာရှိများ ပါဝင်သော အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့နှင့် စီးပွားရေးကိုယ်စားလှယ်အဖွဲ့တို့ လိုက်ပါလာကြောင်း သိရသည်။ Ref:...

ခရီးသွားပြည်သူတွေ အဓိကအားထားလာရတဲ့ မြန်မာ့မီးရထား

ရန်ကုန်ကိုရောက်လာကြသူများနဲ့ ရန်ကုန်ကအပြန် ----------------------------------------------------------------------- မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော် ရန်ကုန်မြို့ကို အလုပ်အကိုင်အခွင့်အလမ်း၊ ပညာရေး၊ ကျန်းမာရေးစသဖြင့် ကဏ္ဍပေါင်းစုံအတွက် တစ်နိုင်ငံလုံးရှိဒေသအသီးသီးမှ ပြည်သူများဟာ ရောက်ရှိလာကြပါတယ်။ အလုပ်ရှိတဲ့သူက အလုပ်လုပ်ကိုင်ရင်းဖြစ်စေ၊ ပညာသင်တဲ့သူတွေက ကျောင်းတက်ပညာသင်ရင်းဖြစ်စေ၊ ကျန်းမာရေးအတွက် ဆေးရုံဆေးခန်းလာရောက်ပြသသူတွေကလည်း ဆေးကုသမှုခံယူရင်းဖြစ်စေ၊ အကြောင်းအမျိုးမျိုးနဲ့ ရန်ကုန်ကိုရောက်ရှိအခြေချနေထိုင်ကြတာလည်းရှိပါတယ်။ နယ်ဒေသအသီးသီးက ပြည်သူတွေဟာ ဘယ်လိုအချိန်အခါမျိုးမှာ ကိုယ့်ရဲ့ မွေးရပ်မြေကို ပြန်ကြလေ့ရှိသလဲဆိုရင် မြန်မာ့နှစ်သစ်ကူးသင်္ကြန်ကာလ၊ သီတင်းကျွတ်ကာလ၊ ပိတ်ရက်ရှည်ရတဲ့ရုံးပိတ်ရက်တွေမှာ ပြန်ကြရတာပါ။ အဲဒီလိုပြန်ကြတဲ့အခါမှာ အများစုက ကား၊ ရထားကို အသုံးပြုပြီး ပြန်ကြတာများတဲ့အတွက် သယ်ယူပို့ဆောင်ရေးကဏ္ဍဟာ အင်မတန်အရေးပါလှပြီး ပုံမှန်အချိန်တွေထက် ခရီးသွားလာမှုကို ဝန်ဆောင်မှုပိုမိုပေးရတဲ့အချိန်လည်း ဖြစ်ပါတယ်။ သင်္ကြန်ကာလနီးရင်...

မြန်မာ့တိုင်းရင်းဆေးဝါး လုပ်ငန်းရှင် ၃၇၀၀ ကျော် တရားဝင် လိုင်စင်ဖြင့် ထုတ်လုပ်ဖြန့်ဖြူးနေ

နိုင်ငံအတွင်း မြန်မာ့တိုင်းရင်းဆေးဝါးများကို တရားဝင် ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသည့် လုပ်ငန်းရှင်ပေါင်း ၃၇၀၀ ကျော်ရှိနေကြောင်း တိုင်းရင်းဆေးဝါး ထုတ်လုပ်ရောင်းချသူများအသင်းထံမှ သိရသည်။ မြန်မာ့တိုင်းရင်းဆေးဝါးများကို ထုတ်လုပ်ရောင်းချရာတွင် တိုင်းရင်းဆေးဝါးဥပဒေနှင့်အညီ ကျန်းမာရေးဝန်ကြီးဌာန၏ တိုင်းရင်းဆေးပညာဦးစီးဌာနတွင် ဆေးဝါးမှတ်ပုံတင်နှင့် ထုတ်လုပ်ခွင့်လိုင်စင်များ လျှောက်ထားရယူရန် လိုအပ်ကြောင်း သိရသည်။ တိုင်းရင်းဆေးဝါး ထုတ်လုပ်ရောင်းချသူများအသင်း၏ ပြောကြားချက်အရ ဆေးဝါးမှတ်ပုံတင်မရှိဘဲ ထုတ်လုပ်ပါက ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်နိုင်ပြီး ထုတ်လုပ်ခွင့်လိုင်စင်မရှိဘဲ ထုတ်လုပ်ပါကလည်း ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်နိုင်ကြောင်း သိရသည်။ ထို့ပြင် မှတ်ပုံတင်နှင့် လိုင်စင် နှစ်ခုလုံးမရှိဘဲ ထုတ်လုပ်ပါက ထောင်ဒဏ်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071