Wednesday, May 6, 2026

ဗီယက်နမ်သမ္မတ အိန္ဒိယနိုင်ငံသို့ သုံးရက်ကြာခရီးစဉ်အဖြစ် ရောက်ရှိ

နူးဒေလီ၊ မေ ၅ ရက် ဗီယက်နမ်သမ္မတ တိုလမ် သည် ဝန်ကြီးချုပ် နာရင်ဒြာ မိုဒီ၏ ဖိတ်ကြားချက်အရ အင်္ဂါနေ့တွင် အိန္ဒိယနိုင်ငံသို့ သုံးရက်ကြာ...

ခရီးသွားပြည်သူတွေ အဓိကအားထားလာရတဲ့ မြန်မာ့မီးရထား

ရန်ကုန်ကိုရောက်လာကြသူများနဲ့ ရန်ကုန်ကအပြန် ----------------------------------------------------------------------- မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော် ရန်ကုန်မြို့ကို အလုပ်အကိုင်အခွင့်အလမ်း၊ ပညာရေး၊ ကျန်းမာရေးစသဖြင့် ကဏ္ဍပေါင်းစုံအတွက် တစ်နိုင်ငံလုံးရှိဒေသအသီးသီးမှ ပြည်သူများဟာ ရောက်ရှိလာကြပါတယ်။ အလုပ်ရှိတဲ့သူက အလုပ်လုပ်ကိုင်ရင်းဖြစ်စေ၊ ပညာသင်တဲ့သူတွေက...

မြန်မာ့တိုင်းရင်းဆေးဝါး လုပ်ငန်းရှင် ၃၇၀၀ ကျော်...

နိုင်ငံအတွင်း မြန်မာ့တိုင်းရင်းဆေးဝါးများကို တရားဝင် ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသည့် လုပ်ငန်းရှင်ပေါင်း ၃၇၀၀ ကျော်ရှိနေကြောင်း တိုင်းရင်းဆေးဝါး ထုတ်လုပ်ရောင်းချသူများအသင်းထံမှ သိရသည်။ မြန်မာ့တိုင်းရင်းဆေးဝါးများကို ထုတ်လုပ်ရောင်းချရာတွင် တိုင်းရင်းဆေးဝါးဥပဒေနှင့်အညီ ကျန်းမာရေးဝန်ကြီးဌာန၏...

ပလိပ်မြို့နယ်တွင် မိုးရွာသွန်းလေပြင်းတိုက်၍ လျှပ်စစ်ကွန်ကရစ်ဓာတ်တိုင်(၇)တိုင်ကျိုးပြီး (၂)တိုင်ယိုင်နဲ့ကာ...

မန္တလေးတိုင်း၊ ပလိပ်မြို့နယ်တွင် ယနေ့ မေ ၆ ရက်နံ နက်အစောပိုင်း ၅ နာရီခန့်က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်ခဲ့၍ သစ်ပင်သစ်ကိုင်းများလဲပြိုကျခဲ့ကြောင်း လျှပ်စစ်နှင့်...
HomeArticlesစက်ဘီးလေးရဲ့ ဘီးပေါက်ခြင်းအလှ

စက်ဘီးလေးရဲ့ ဘီးပေါက်ခြင်းအလှ

ဘ၀မှာ “ဘီးပေါက်တာကြီး” တစ် ခုကိုပဲ၊ အလုပ်တစ်ခုလို လုပ်နေ တော့မှာလား စက်ဘီးလေးရယ်။ကာလက “မြို့ပေါ်က စက်ဘီး တွေ” တော စပို့စဉ်ကာလက တော ကိုနောင်အခါ မြို့သစ်လို့ပြောင်းခေါ်။ ပို့တဲ့နေရာက စက်ဘီးကို ကားမ တိုက်။ စက်ဘီြးေ>ွမကိုက်တဲ့နေရာ ထားပါ။

မြို့ဟောင်းက မြို့သစ်အပြန် လမ်းမှာ စက်ဘီးအုပ်ကြီးက ကျိုင်း ကောင်တွေလို အုပ်စုလိုက် ရှည်မျော၊ တစ်စင်းနဲ့တစ်စင်း “ရော”ပါလာကြ။ တစ်ချိန်တွင် “စက်ဘီးမန္တလေး” ဝတ္တုတိုများ ရေးမည့် ကိုယ့်စက်ဘီးက လေးလည်း အများစက်ဘီးနည်းတူ မထင်မရှား ကျိုင်းကောင်တစ်ကောင် ပေါ့၊

ဒီလိုနေ့စဉ် နေ့စဉ် ပြန်လာကြ တာဆိုတော့ စက်ဘီးအချင်းချင်း လမ်းမှာ ရင်းနှီးကုန်ကြတာပေါ့။ ကိုယ်နဲ့ရင်းနှီးခဲ့တဲ့ စက်ဘီးလေးတွေ ထဲမှာ ကိုသာဖွဲ့ရဲ့ စက်ဘီးလေးလည်း အပါအဝင်ပေါ့။ ကိုသာဖွဲ့ရဲ့ စက်ဘီး လေးကတော့ အတော် “ဖွဲ့”တယ် ခင်ဗျ။

ခုနကိုယ်ပြောခဲ့တဲ့ “ဘဝမှာ ဘီး ပေါက်တာကြီး တစ်ခုကိုပဲ အလုပ် တစ်ခုလို လုပ်နေတော့မှာလား။ စက်ဘီးလေးရယ်”ဆိုတာကလည်း ကို သာဖွဲ့နဲ့ စက်ဘီးလေးကို ကျွန်တော် မေးချင်တဲ့မေးခွန်းပါ။

ဘာဖြစ်လို့လဲဆိုတော့ ကိုသာဖွဲ့ ရဲ့ စက်ဘီးလေးက မြို့သစ်အပြန် လမ်းမှာ အမြဲတမ်းဘီးပေါက်နေလို့ ပါ။ ကိုသာဖွဲ့ ဘီးပေါက်ပုံကလည်း အတော်ကို ကိစ္စဝိစ္စများလှတယ်။ ကြည့်လေ။ ဘီးပေါက်လို့ လမ်းဘေး ထိုးရပ်ထားတဲ့ သူ့စက်ဘီးပေါ်မှာ ကလေးငယ်နှစ်ယောက် အမြဲပါ တယ်။ တစ်ကောင်က နောက်ကယ် ရီယာခွလို၊ တစ်ကောင်က ရှေ့လက် တိုင်မှာ သံခုန်ချိတ်ကလေးပေါ်ထိုင် တို့။ သူ့စက်ဘီးက အမြဲ “ပြား”နေတာ။ ဘီးပေါက်လို့။ ဘီးပေါက်တာကလည်း ရှေ့ဘီးပေါက်ရင်ပေါက်၊ ရှေ့ဘီးစ ပေါက်ရင် နောက်ဘီးပေါက်။ တစ်ခါ တစ်ခါ စုံပေါက်။ လှိုင်လှိုင်ကြီးကို ပေါက်တာ။

ခက်တာက စက်ဘီးစီးသူအချင်း ချင်းမို့ ကိုယ်က နားလည်စာနာပြီး ဘီးဖာဖို့ ငွေစနည်းနည်းပါးပါးပေး ရင် ကိုသာဖွဲ့လက်မခံဘူ။ လက်မခံ တဲ့အပြင် “နေစမ်းပါ ကိုယ့်လူကြီးရာ” ဆိုပြီး အမြဲငြင်းတယ်။ သူ့ကို သုံး လေးခါ ပေးဖူးတယ်။ အမြဲငြင်းတာ ချည်းပဲ။ ဒါနဲ့ သူ့ကို နောက်ထပ်မ ပေးဖြစ်တော့။ ဒီတော့ သူ့ဘီးလေးက မြို့သစ်အပြန်လမ်း တစ်နေရာ မ ဟုတ်တစ်နေရာ ဘီးပေါက်စမြဲပါပဲ။

သြော် …ပြောရဦးမယ်။ ကို သာဖွဲ့က ဘီးပေါက်ဖာဖို့ ကိုယ်ပိုက် ဆံပေးတာမယူပေမယ့် အခြားလူ တွေပေးတာကို ယူတတ်တယ်။ တချို့ ကလည်း မြို့သစ်အဝေးကြီးပြန်မယ့် စက်ဘီးလေး၊ လူမမည်ကလေးနှစ် ယောက်နဲ့ဆိုတော့ ဘီးဖာဖို့ ပေးချင် သူတွေက များပုံရတယ်။ ကိုယ်က လည်း ငယ်ပေါင်းအကြောင်း သိချင်း ဆိုတော့ ရိပ်မိတယ်။ အမှန်တော့ ကိုသာဖွဲ့ဘီးက မပေါက်ဘူး။ လူက “ပေါက်”တာ။ စက်ဘီးကို အမြဲလေ လျှော့ပြီး အကြံအဖန်လုပ်တာ။ သူ့ လွယ်အိတ်ထဲမှာ “လေထိုးတံအတို လေး”ပါတယ်။ အဲဒါလေးကို လူမမြင် အောင် အမြဲထားတာ။

ဒီလိုနဲ့အချိန်တွေ အတော်ကြာ လာတဲ့အခါ ကိုယ်က စက်ဘီးမစီးနိုင် တော့ဘူး။ ဒူးက မခံတော့လို့ တရုတ် ဆိုင်ကယ်လေး ပြောင်းစီးတယ်။ ဖွတ် ချပ်ဖွတ်ချပ်နဲ့ မြို့သစ်အပြန်လမ်း ဘက်ဆီလည်း မရောက်ဖြစ်တော့။ ဒါပေမဲ့ တစ်ရက်ကတော့ မရောက် တာ ကြာပြီဖြစ်တဲ့ မြို့သစ်အပြန်လမ်း ကို ဆိုင်ကယ်နဲ့ ရောက်သွားတယ်။

“အလိုလေး ကိုသာဖွဲ့ဘီးပေါက် တုန်းပါလား”

ကိုယ် ကိုသာဖွဲ့စက်ဘီးနား ရပ် လိုက်တယ်။ ဘီးပေါ် အမြဲပါတဲ့ ပေါက်စနနှစ်ကောင်တောင် ကျောင်း ထားရမယ့် အရွယ်ရောက်လာပြီပဲ။
ကိုသာဖွဲ့စက်ဘီးလေးလည်း ဘီးပေါက်တုန်း။

သူ့လွယ်အိတ်ထဲမှာ လေထိုးတံ တိုလေးလည်း ဝှက်ထားတုန်း။

ကိုယ်ကလည်း ဘီးဖာဖို့ ပိုက်ဆံ ပေးချင်တုန်း …။

ကိုငြိမ်း (မန္တလေး)

Ads Space Available


Continue reading

ဗီယက်နမ်သမ္မတ အိန္ဒိယနိုင်ငံသို့ သုံးရက်ကြာခရီးစဉ်အဖြစ် ရောက်ရှိ

နူးဒေလီ၊ မေ ၅ ရက် ဗီယက်နမ်သမ္မတ တိုလမ် သည် ဝန်ကြီးချုပ် နာရင်ဒြာ မိုဒီ၏ ဖိတ်ကြားချက်အရ အင်္ဂါနေ့တွင် အိန္ဒိယနိုင်ငံသို့ သုံးရက်ကြာ နိုင်ငံတော်ခရီးစဉ်အဖြစ် ရောက်ရှိလာခဲ့သည်။ ယင်းမှာ ပြီးခဲ့သည့်လက ဗီယက်နမ်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရပြီးနောက် ၎င်း၏ ပထမဆုံးသော အိန္ဒိယနိုင်ငံခရီးစဉ် ဖြစ်သည်။ တိုလမ်သည် နူးဒေလီမြို့သို့ မရောက်ရှိမီ ဘီဟာပြည်နယ်အရှေ့ပိုင်းရှိ ထင်ရှားသော ဗုဒ္ဓဘာသာဝင်တို့၏ အထွတ်အမြတ်ထားရာ ဗုဒ္ဓဂါယာသို့ သွားရောက်ခဲ့သည်။ ခရီးစဉ်အတွင်း သမ္မတနှင့်အတူ ဝန်ကြီးများ၊ အကြီးတန်းအစိုးရအရာရှိများ ပါဝင်သော အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့နှင့် စီးပွားရေးကိုယ်စားလှယ်အဖွဲ့တို့ လိုက်ပါလာကြောင်း သိရသည်။ Ref:...

ခရီးသွားပြည်သူတွေ အဓိကအားထားလာရတဲ့ မြန်မာ့မီးရထား

ရန်ကုန်ကိုရောက်လာကြသူများနဲ့ ရန်ကုန်ကအပြန် ----------------------------------------------------------------------- မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော် ရန်ကုန်မြို့ကို အလုပ်အကိုင်အခွင့်အလမ်း၊ ပညာရေး၊ ကျန်းမာရေးစသဖြင့် ကဏ္ဍပေါင်းစုံအတွက် တစ်နိုင်ငံလုံးရှိဒေသအသီးသီးမှ ပြည်သူများဟာ ရောက်ရှိလာကြပါတယ်။ အလုပ်ရှိတဲ့သူက အလုပ်လုပ်ကိုင်ရင်းဖြစ်စေ၊ ပညာသင်တဲ့သူတွေက ကျောင်းတက်ပညာသင်ရင်းဖြစ်စေ၊ ကျန်းမာရေးအတွက် ဆေးရုံဆေးခန်းလာရောက်ပြသသူတွေကလည်း ဆေးကုသမှုခံယူရင်းဖြစ်စေ၊ အကြောင်းအမျိုးမျိုးနဲ့ ရန်ကုန်ကိုရောက်ရှိအခြေချနေထိုင်ကြတာလည်းရှိပါတယ်။ နယ်ဒေသအသီးသီးက ပြည်သူတွေဟာ ဘယ်လိုအချိန်အခါမျိုးမှာ ကိုယ့်ရဲ့ မွေးရပ်မြေကို ပြန်ကြလေ့ရှိသလဲဆိုရင် မြန်မာ့နှစ်သစ်ကူးသင်္ကြန်ကာလ၊ သီတင်းကျွတ်ကာလ၊ ပိတ်ရက်ရှည်ရတဲ့ရုံးပိတ်ရက်တွေမှာ ပြန်ကြရတာပါ။ အဲဒီလိုပြန်ကြတဲ့အခါမှာ အများစုက ကား၊ ရထားကို အသုံးပြုပြီး ပြန်ကြတာများတဲ့အတွက် သယ်ယူပို့ဆောင်ရေးကဏ္ဍဟာ အင်မတန်အရေးပါလှပြီး ပုံမှန်အချိန်တွေထက် ခရီးသွားလာမှုကို ဝန်ဆောင်မှုပိုမိုပေးရတဲ့အချိန်လည်း ဖြစ်ပါတယ်။ သင်္ကြန်ကာလနီးရင်...

မြန်မာ့တိုင်းရင်းဆေးဝါး လုပ်ငန်းရှင် ၃၇၀၀ ကျော် တရားဝင် လိုင်စင်ဖြင့် ထုတ်လုပ်ဖြန့်ဖြူးနေ

နိုင်ငံအတွင်း မြန်မာ့တိုင်းရင်းဆေးဝါးများကို တရားဝင် ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသည့် လုပ်ငန်းရှင်ပေါင်း ၃၇၀၀ ကျော်ရှိနေကြောင်း တိုင်းရင်းဆေးဝါး ထုတ်လုပ်ရောင်းချသူများအသင်းထံမှ သိရသည်။ မြန်မာ့တိုင်းရင်းဆေးဝါးများကို ထုတ်လုပ်ရောင်းချရာတွင် တိုင်းရင်းဆေးဝါးဥပဒေနှင့်အညီ ကျန်းမာရေးဝန်ကြီးဌာန၏ တိုင်းရင်းဆေးပညာဦးစီးဌာနတွင် ဆေးဝါးမှတ်ပုံတင်နှင့် ထုတ်လုပ်ခွင့်လိုင်စင်များ လျှောက်ထားရယူရန် လိုအပ်ကြောင်း သိရသည်။ တိုင်းရင်းဆေးဝါး ထုတ်လုပ်ရောင်းချသူများအသင်း၏ ပြောကြားချက်အရ ဆေးဝါးမှတ်ပုံတင်မရှိဘဲ ထုတ်လုပ်ပါက ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်နိုင်ပြီး ထုတ်လုပ်ခွင့်လိုင်စင်မရှိဘဲ ထုတ်လုပ်ပါကလည်း ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်နိုင်ကြောင်း သိရသည်။ ထို့ပြင် မှတ်ပုံတင်နှင့် လိုင်စင် နှစ်ခုလုံးမရှိဘဲ ထုတ်လုပ်ပါက ထောင်ဒဏ်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071