Thursday, May 14, 2026

ကျောင်းကုန်းမြို့နယ်တွင် Football For School...

ကျောင်းကုန်းမြို့နယ် အတွင်း Football For School Program ဆိုင်ရာ လုပ်ငန်းများကို Pilot Project အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း...

မြန်မာအစိုးရ၏ မူဝါဒများကို တရုတ်ဘက်က ဆက်လက်ထောက်ခံကြိုဆိုမည်ဟု...

Chongqing မြူနီစီပယ်အစိုးရ နိုင်ငံခြားရေးဌာန ညွှန်ကြားရေးမှူးချုပ် မစ္စဝမ်းဝမ်က မြန်မာအစိုးရ၏ ဆက်လက်အကောင်အထည်ဖော်မည့် မူဝါဒများနှင့် လုပ်ငန်းစဉ်များကို တရုတ်နိုင်ငံဘက်မှ အစဉ်တစိုက် ထောက်ခံကြိုဆိုသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယင်းပြောကြားချက်ကို...

အစိုးရသစ် ရက် ၁၀၀ စီမံချက်အတွင်း...

ဥပဒေရေးရာဝန်ကြီးဌာနလက်အောက်ရှိ မြို့နယ်ဥပဒေရုံး ၁၀ ရုံးကို အစိုးရသစ်၏ ရက် ၁၀၀ စီမံချက်အတွင်း ရှေ့ပြေးဥပဒေရုံးများ (Pilot Law Offices) အဖြစ်...

အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းကို ပြည်သူများ...

အကြံပြုစာများကို ပြည်ထောင်စုလွှတ်တော်ရုံးသို့ ပေးပို့နိုင် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းကို ယနေ့ မေလ ၁၄ ရက်နေ့တွင် ပြည်သူများ သိရှိလေ့လာအကြံပြုနိုင်ရန် နိုင်ငံပိုင်သတင်းစာကတဆင့် အသိပေးထုတ်ပြန်ထားကြောင်း...
HomeCelebrities' Newsဖက်ရှင်နဲ့ ပတ်သက်ပြီးအမြဲတမ်းဝေဖန်ခံရတယ်သင်ဇာဝင့်ကျော်

ဖက်ရှင်နဲ့ ပတ်သက်ပြီးအမြဲတမ်းဝေဖန်ခံရတယ်သင်ဇာဝင့်ကျော်

သရုပ်ဆောင် သင်ဇာဝင့်ကျော်ကတော့ လတ်တလောမှာ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်အကောင့်မှာ တင်လိုက်တဲ့ ဓာတ်ပုံကြောင့် ပရိသတ်တွေရဲ့ ဝေဖန်မှုတွေကို ခံနေရပါတယ်။ ဝေဖန်မှုတွေထဲမှာ အဆိုးဆုံးကွန်းမန့် ပေးထားတဲ့ အကောင့်တစ်ခုကို သင်ဇာဝင့်ကျော်ဟာ တရားစွဲမယ်လို့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်ပေါ်မှာရေးသားထားပါတယ်။ ဝေဖန်နေတဲ့အကြောင်းရင်း အသေးစိတ်ကို သရုပ်ဆောင်သင်ဇာဝင့်ကျော်က အခုလိုပဲ ရှင်းပြခဲ့ပါတယ်။

“ဖက်ရှင်နဲ့ ပတ်သက်ပြီး သင်ဇာ အမြဲတမ်း ဝေဖန်ခံနေရတဲ့ သူတစ်ယောက်ပါ။ ဘယ်လိုပဲဖြစ်ဖြစ် သင်ဇာကတော့ ကိုယ့်ရဲ့ဖက်ရှင် ကိုတော့ အမြဲတမ်း အကောင်းဆုံးဖြစ်အောင်ပြင်ဆင်တယ်။ Sexy အင်္ကျီတွေ ဝတ်တာကလည်း ပရိသတ်ကို Entertainment လုပ်တာပါ။ အဲဒီနေ့ကဖြစ်ချင်တော့ အဲဒီအင်္ကျီဝတ်ပြီး တင်ဖြစ်တာက စိတ်ထဲမှာ လည်း တင်ချင်စိတ်ပေါ်လို့။ တစ်ခါမှလည်း အဲဒီလိုပုံမျိုး သင်ဇာမ တင်ဖူးဘူး။ ပြီးတော့သင်ဇာကလည်း အဲဒီနေ့ကအွန်လိုင်းပေါ်က အင်္ကျီတွေမှာ တစ်ယောက်တည်း ပျင်းလို့ ဆိုပြီး အခန်းထဲမှာကိုယ့်ဘာသာ တစ်ယောက် တည်း အဲဒီအင်္ကျီတွေ ဝတ်ကြည့်နေတာ။ ပြီးတော့လည်း ဘာမှမဟုတ်ဘူး စိတ်ကပေါက်လို့တင်တာ။ အဲဒါကို သင်ဇာ့ကွန်းမန့်မှာ ဝင်ပြီးလာဆဲတာ။ လူလည်းတအား ဒေါသထွက်သွားတယ်။ အရင် တုန်းကဆိုရင် သင်ဇာ ဒီလိုအင်္ကျီတွေဝတ်တယ်။ဖေ့စ်ဘွတ်ခ်ပေါ်တင် တယ်။ ဝေဖန်ကြတယ်။ ဒါပေမဲ့ အဲဒီလောက် ပြင်းပြင်းထန်ထန်ကြီး မဝေဖန်ခံရဘူး။ သူပြောတာသင်ဇာကပဲ ဒီလို လုပ်နေတယ်ဆိုတော့ သင်ဇာ့သိက္ခာ ထိခိုက်တယ်”လို့ သင်ဇာဝင့်ကျော်က ပြောပါတယ်။

အဲဒီလိုဝေဖန်တဲ့သူကို လတ်တလောမှာတော့ တရားစွဲဆိုတာမျိုးမလုပ်သေးဘူးဆိုတာကိုလည်း “တကယ်လို့ သူတို့ ပြောတဲ့ အတိုင်း သင်ဇာဟုတ်တယ်ဆိုရင်သက်သေနဲ့လာပြီး ပြောလေ။ သက်သေ အတိအကျနဲ့လာပြော သင်ဇာလက်ခံတယ်။ မဟုတ်ဘဲနဲ့ လာမစွပ်စွဲနဲ့ လက်မခံနိုင်ဘူး။ အခု သင်ဇာ့ကိုဝေဖန်တဲ့ အကောင့်ကို သင်ဇာ့ကိုတောင်းပန်ဖို့ ပြောထားတယ်။ တော်ရုံတန်ရုံ မိန်းကလေးဆို အဲဒီ လိုမျိုးတွေပြောနေရင်အလွန်ရှက်နေလောက်ပြီ။ သင်ဇာသူတို့ကို လည်းဆက် သွယ်မှု ဥပဒေနဲ့ တရားစွဲလို့ရတယ်။ ဒါပေမဲ့ အခုအဲဒီလိုမလုပ်သေးပါဘူး။ သူ တို့ဘက်က ပြန်တောင်းပန်တာကို စောင့်နေပါတယ်”လို့ သင်ဇာဝင့်ကျော်က ပြောပါတယ်။ လတ်တလောမှာတော့သရုပ်ဆောင် သင်ဇာဝင့်ကျော်က သရုပ်ဆောင် မြင့်မြတ်၊ အိချောပို၊ မေမြင့်မိုရ်တို့နဲ့ အတူတွဲပြီး အချစ်ဆုံး(Crush) ရုပ်ရှင် ဇာတ်ကားကြီးမှာ ပါဝင်ရိုက်ကူးနေတယ်လို့ သိရပါတယ်။

သဲစုလှိုင်၊

ဓာတ်ပုံ-မင်းမင်းထွန်း

 

Ads Space Available


Continue reading

ကျောင်းကုန်းမြို့နယ်တွင် Football For School စီမံကိန်း စတင်အကောင်အထည်ဖော်၊ မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်နိုင်ရေး ရည်မှန်း

ကျောင်းကုန်းမြို့နယ် အတွင်း Football For School Program ဆိုင်ရာ လုပ်ငန်းများကို Pilot Project အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းနှင့် တာဝန်ရှိသူများသည် ကျောင်းကုန်းမြို့နယ်အတွင်း Football For School Program ဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နေမှုကို မေ ၁၃ ရက် နံနက်ပိုင်းက သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။ ထို့ပြင် ကျောင်းကုန်းမြို့နယ်တွင် တည်ဆောက်မည့် မိုးလုံလေလုံအားကစားရုံအတွက် မြေနေရာများကိုလည်း လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်း...

မြန်မာအစိုးရ၏ မူဝါဒများကို တရုတ်ဘက်က ဆက်လက်ထောက်ခံကြိုဆိုမည်ဟု ချုံချင့် နိုင်ငံခြားရေးဌာနညွှန်ချုပ် ပြောကြား

Chongqing မြူနီစီပယ်အစိုးရ နိုင်ငံခြားရေးဌာန ညွှန်ကြားရေးမှူးချုပ် မစ္စဝမ်းဝမ်က မြန်မာအစိုးရ၏ ဆက်လက်အကောင်အထည်ဖော်မည့် မူဝါဒများနှင့် လုပ်ငန်းစဉ်များကို တရုတ်နိုင်ငံဘက်မှ အစဉ်တစိုက် ထောက်ခံကြိုဆိုသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယင်းပြောကြားချက်ကို Chongqing ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းနှင့် မေ ၁၂ ရက်က တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ညွှန်ကြားရေးမှူးချုပ် မစ္စဝမ်းဝမ်က ချုံချင့်မြူနီစီပယ်အစိုးရအနေဖြင့် မြန်မာနိုင်ငံနှင့် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်သွားရန် အသင့်ရှိကြောင်းနှင့် Chongqing သည် တရုတ်-မြန်မာ ဆက်ဆံရေးအတွက် အရေးပါသည့် မြို့တစ်မြို့ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။ ထို့အပြင် မြန်မာကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းကလည်း...

အစိုးရသစ် ရက် ၁၀၀ စီမံချက်အတွင်း မြို့နယ်ဥပဒေရုံး ၁၀ ရုံးကို Digital ရှေ့ပြေးဥပဒေရုံးများအဖြစ် တိုးချဲ့မည်

ဥပဒေရေးရာဝန်ကြီးဌာနလက်အောက်ရှိ မြို့နယ်ဥပဒေရုံး ၁၀ ရုံးကို အစိုးရသစ်၏ ရက် ၁၀၀ စီမံချက်အတွင်း ရှေ့ပြေးဥပဒေရုံးများ (Pilot Law Offices) အဖြစ် တိုးချဲ့ဖွဲ့စည်းသွားရန် လျာထားကြောင်း သိရသည်။ ယမန်နေ့က Naypyidaw ကောင်စီနယ်မြေအတွင်းရှိ ဇမ္ဗူသီရိ၊ ဥတ္တရသီရိ၊ ဒက္ခိဏသီရိနှင့် ပုဗ္ဗသီရိမြို့နယ် ဥပဒေရုံးများကို ရှေ့ပြေးဥပဒေရုံးများအဖြစ် စတင်အကောင်အထည်ဖော်ခဲ့ကြောင်း သိရသည်။ အဆိုပါ ရှေ့ပြေးဥပဒေရုံးများ ဖွင့်လှစ်ခြင်းသည် ရုံးလုပ်ငန်းများတွင် မှတ်ပုံတင်ခြင်း၊ မှတ်တမ်းတင်ခြင်းနှင့် အစီရင်ခံစာပေးပို့ခြင်း စသည့်လုပ်ငန်းစဉ်များကို Manual စနစ်မှ Digitization စနစ်သို့ ကူးပြောင်းနိုင်ရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်သည်။ ထို့ပြင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071