Wednesday, May 6, 2026

ဗီယက်နမ်သမ္မတ အိန္ဒိယနိုင်ငံသို့ သုံးရက်ကြာခရီးစဉ်အဖြစ် ရောက်ရှိ

နူးဒေလီ၊ မေ ၅ ရက် ဗီယက်နမ်သမ္မတ တိုလမ် သည် ဝန်ကြီးချုပ် နာရင်ဒြာ မိုဒီ၏ ဖိတ်ကြားချက်အရ အင်္ဂါနေ့တွင် အိန္ဒိယနိုင်ငံသို့ သုံးရက်ကြာ...

ခရီးသွားပြည်သူတွေ အဓိကအားထားလာရတဲ့ မြန်မာ့မီးရထား

ရန်ကုန်ကိုရောက်လာကြသူများနဲ့ ရန်ကုန်ကအပြန် ----------------------------------------------------------------------- မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော် ရန်ကုန်မြို့ကို အလုပ်အကိုင်အခွင့်အလမ်း၊ ပညာရေး၊ ကျန်းမာရေးစသဖြင့် ကဏ္ဍပေါင်းစုံအတွက် တစ်နိုင်ငံလုံးရှိဒေသအသီးသီးမှ ပြည်သူများဟာ ရောက်ရှိလာကြပါတယ်။ အလုပ်ရှိတဲ့သူက အလုပ်လုပ်ကိုင်ရင်းဖြစ်စေ၊ ပညာသင်တဲ့သူတွေက...

မြန်မာ့တိုင်းရင်းဆေးဝါး လုပ်ငန်းရှင် ၃၇၀၀ ကျော်...

နိုင်ငံအတွင်း မြန်မာ့တိုင်းရင်းဆေးဝါးများကို တရားဝင် ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသည့် လုပ်ငန်းရှင်ပေါင်း ၃၇၀၀ ကျော်ရှိနေကြောင်း တိုင်းရင်းဆေးဝါး ထုတ်လုပ်ရောင်းချသူများအသင်းထံမှ သိရသည်။ မြန်မာ့တိုင်းရင်းဆေးဝါးများကို ထုတ်လုပ်ရောင်းချရာတွင် တိုင်းရင်းဆေးဝါးဥပဒေနှင့်အညီ ကျန်းမာရေးဝန်ကြီးဌာန၏...

ပလိပ်မြို့နယ်တွင် မိုးရွာသွန်းလေပြင်းတိုက်၍ လျှပ်စစ်ကွန်ကရစ်ဓာတ်တိုင်(၇)တိုင်ကျိုးပြီး (၂)တိုင်ယိုင်နဲ့ကာ...

မန္တလေးတိုင်း၊ ပလိပ်မြို့နယ်တွင် ယနေ့ မေ ၆ ရက်နံ နက်အစောပိုင်း ၅ နာရီခန့်က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်ခဲ့၍ သစ်ပင်သစ်ကိုင်းများလဲပြိုကျခဲ့ကြောင်း လျှပ်စစ်နှင့်...
HomeArticlesၾကံဳဖူးဆံုဖူး ကိုလူထူးမ်ား(၁၄)

ၾကံဳဖူးဆံုဖူး ကိုလူထူးမ်ား(၁၄)

ကံတရားပို့ချရာအတိုင်း ရန်ကုန် မှာ မွေး၊ ရန်ကုန်မှာကြီးတော့ အသက်အစိတ်လောက်ကျကာမှပဲ မန္တလေးကို ရောက်ဖူးခဲ့ပါတော့ တယ်။ ရောက်ဖူးတယ်သာဆိုရတာ ဖြတ်သွားတဲ့သဘောလောက်သာ ရှိ ပါတယ်။ ရန်ကုန်ကနေ မန္တလေးကို မီးရထားစီး၊ မန္တလေးကျတော့ ဆင်း၊ အသင့်စောင့်နေတဲ့ ကားနဲ့ ကိုယ် တာဝန်ကျရာ မေမြို့ (အခု ပြင်ဦး လွင်)ကို တန်းတက်သွားခဲ့ရတာကိုး။ မေမြို့မှာ တစ်နှစ်ကျော်ကျော်နေခဲ့ရ ပြီး မေမြို့ကို စွဲလမ်းနှစ်သက်မိရာ က အခုထက်ထိ မေမြို့ကို မေမြို့လို့ပဲ ခေါ်ရတာ နှုတ်ကျိုးနေတယ်။ သွား လေသူအဆိုတော် စိုင်းထီးဆိုင်ရဲ့ ‘မေမြို့မိုး’သီချင်းဆိုရင် လွှတ်ကြိုက် ခဲ့တာပေါ့။ မေမြို့မှာနေတုန်း မေမြို့ ရဲ့ အထူးယမကာ ‘ဂေါ်ရချို’လို့ခေါ် တဲ့ ဂေါ်ရခါးအိမ်တွင်းဖြစ် ‘ယစ်ငွေ ရည်’ကိုလည်း စွဲလမ်းဖူးတယ်။ ယစ် ငွေရည်လို့ ခေါ်ရတာကတော့ အ ရောင်အဆင်းမဲ့ ကြည်လင်တဲ့ ပေါင်း ခံရည်ဖြစ်လို့ပါ။ ထားပါတော့။ ”မဇ္ဇ ပါနာစသံသမော”အကုသိုလ်အ ကြောင်းတွေကို ဇာမချဲ့ချင်တော့ပါ ဘူး။ မန္တလေးအကြောင်း ဆက်ရ အောင်ဗျာ။

မန္တလေးမရောက်ဖူးခင်က မန္တ လေးကို စာအုပ်တွေထဲ ရုပ်ရှင်တွေ ထဲမှာ တွေ့ဖူးခဲ့ရတာ အများကြီးရယ်။ အဲသည်တုန်းက မန္တလေးမှာ ရုပ်ရှင် သမားတွေအကြိုက် ရိုက်ကွင်း Location ကောင်းကောင်းတွေ ရှိခဲ့ ပေသကိုး။ နန်းမြို့ရိုး၊ ကျုံး၊ မန္တလေး တောင်၊ တောင်သမန်အင်း၊ ဦးပိန် တံတား၊ စတာ စတာတွေ။ မန်းသူ ကလေးတွေ စက်ဘီးအစီးများကြတာ လည်း ဓလေ့တစ်ခု။ ကြေးရတတ် မန်းသူတွေ အဲသည်ကာလက ရွှေခြေ ကျင်းတုတ်တုတ်ကြီးတွေ ဝတ်ကြတာ မြင်ရတော့ စာရေးသူ ကိုယ့်ဘာသာ ကိုယ်ဘဝင်မကျဘူး။ ဘာဖြစ်လို့လဲဆို ရင် ခြေကျင်းဝတ်တဲ့ ဓလေ့ဟာ ကု လားမတွေဆီက ကူးစက်လာတာလို့ ထင်လို့ပဲ။ ကုလားမတွေဆီကနေ နှာ ခေါင်းကိုဖောက်ပြီး ရွှေသီးကလေး၊ ရွှေပွင့်ကလေးဝတ်တဲ့ နှာသံသီး ဓလေ့ကို မန်းသူတွေ မရလိုက်တာ တော့ နာသဗျာ။ ကဲ … ထားပါ တော့။

မေမြို့မှာ ခြေချပြီး တစ်ပတ် မကြာသေးဘူး။ စာရေးသူနဲ့ သူငယ် ချင်းတစ်ယောက်တို့ မန္တလေးကို ဒရောသောပါး ဆင်းလာခဲ့ကြကရော။ အရေးပေါ်ကိစ္စပေါ် လာလို့ပါ။ အ ရေးပေါ်ကိစ္စဆိုတာက ရန်ကုန်နဲ့ မန္တ လေးတစ်ပြိုင်တည်း ရုံတင်ပြသနေတဲ့ New One-armed Swordman ဆိုတဲ့ ဟောင်ကောင်ဓားသိုင်းရုပ်ရှင် ကားကို ကြည့်ဖို့ပါ။ ”ဒေးဗစ်ချန်း လက်တစ်ဖက်ပြတ်ကား”လို့ ရွှေမြန် မာတွေက ဘာသာပြန်ကြပါတယ်။ ဟောင်ကောင်တရုတ်တွေ ဘယ့်က လောက်တန်ခိုးကြီးသလဲဆိုရင် မန္တ လေးသားသူဌေးတချို့ လေယာဉ်ပျံ စီးပြီး ရန်ကုန်မှာ အဲသည်ရုပ်ရှင်ကို သွားကြည့်ကြသတဲ့။ အဲသည်တုန်းက ရန်ကုန်မှာ ရှိတဲ့ သမ္မတရုပ်ရှင်ရုံမျိုး မန္တလေးမှာက မရှိရှာဘဲကိုး။ စာရေး သူတောင် မေမြို့ကနေ ၄၂ မိုင်ဝေး တဲ့ မန္တလေးကို ဆင်းပြီး ‘လက်ပြတ်’ ရုပ်ရှင်ကို တိုးတိုးဝှေ့ဝှေ့ ကြည့်ခဲ့ရ တာမဟုတ်လား။

လက်မှတ်ပေါက်မှာ တန်းစီနေ တုန်း စာရေးသူကို ”ဘိုးတော် သိပ် မတိုးပါနဲ့ဗျ’ လို့ ရှေ့ကနေ လှည့် ဟောက်တဲ့ ပုဂ္ဂိုလ်ကတော့ အသက် ၁၂ နှစ်လောက် ကိုရင်ကလေးတစ်ပါး ရယ်ဗျ။ အဲဒီတုန်းက မန္တလေးက ရုပ် ရှင်ရုံတွေ၊ ဘောလုံးကွင်းတွေထဲမှာ ရွှေဝါရောင်တွေ မျက်စိကျိန်းအောင် လင်းထိန်နေတဲ့ခေတ်ပေကိုး။ ရုပ်ရှင် ရုံထဲရောက်တော့လည်း လွတ်လပ် ရေးတွေ ရနေလိုက်တာ ဆေးလိပ်မီး ခိုးတွေကိုမှောင်လို့။ အင်း … ကြာ ခဲ့ပြီလေ။ ၁၉၇၄ ခုနှစ်လောက်ကဆို တော့ ရာစုဝက်နီးပါးကြာခဲ့ပြီပေါ့။

ပြောလက်စနဲ့ ပြောရရင်တော့ အဲသည်တုန်းက မန္တလေးမြို့လယ် ကောင်ကို စိတ်ကုန်လှသဗျာ။ မြင်း လှည်းတွေ၊ စက်ဘီးတွေ၊ မော်တော် ဆိုင်ကယ်တွေ၊ ရန်ကုန်မှာ ဗိုက်ပူလို့ ခေါ်တဲ့ ချက်ဗလက်ခေါင်းတိုဘတ်စ် ကားအိုကြီးတွေက နှေးတုံ့နှေးတုံ့ သွားနေကြတာကလား။ နှေးဆို လမ်း တွေက ကျဉ်းကြတာကိုး။ မြင်းလှည်း တွေက ကျကျန်ရစ်တဲ့ မြင်းချေးတွေ နဲ့ ရောနေတဲ့ ရွှံ့ဗွက်တွေကလည်း လမ်းပေါ်မှာ စိုစိ စိုစိနဲ့။ အံမယ်… ဈေးချိုရှေ့မှာတော့ စိတ်ကူးဆန်းတဲ့ ကွမ်းယာသည်က ဂျစ်ကားရပ်ပြီး ဂျစ်ကားကျောဘက်မှာ ကွမ်းယာ ဆိုင်ဖွင့်ထားတာကလား။ ရောင်း လိုက်ရတာ လက်မလည်ရှာဘူး။

အဲသည်တုန်းက ရန်ကုန်ဗန်း စကား ‘ဘဲ’၊ ‘ဘဲကြီး’၊ ‘ဘဲနာ’ဆိုတာ မျိုး မန္တလေးမှာ မသုံးဘူး။ သူတို့က ကိုယ့်ထက်နည်းနည်းကြီးရင် ‘ဘိုး တော်’လို့ပဲ ခေါ်ကြတာ။ ဖအေကို လည်း ဘိုးတော်၊ ဦးလေးကိုလည်း ဘိုးတော်၊ ကိုယ့်ဆရာကိုလည်း ဘိုး တော်လုပ်နေကြတာ။ ကြာလာတော့ စာရေးသူလည်း ဘိုးတော်အသုံးအ နှုန်းကို နားယဉ်သွားပါတယ်။

ကံအကြောင်းတရားအရ မကြာ ခင်မှာပဲ စာရေးသူဟာ ‘တောင်မြို့’ လို့ မန္တလေးသားတွေခေါ်ကြတဲ့ အမ ရပူရမြို့ကို ယာယီတာဝန်အနေနဲ့ ပြောင်းရွှေ့ခဲ့ရပြန်ပါတယ်။

”မောင်ရင်တို့ မြို့က တောင်မြို့ လို့သာ ခေါ်နေကြတယ်။ တောင် လည်း တစ်လုံးမှ မရှိပါကလား”လို့ စာရေးသူက အမရပူရမြို့သား စာ ပေသမား မောင်ကိုကို (အမရပူရ) ကိုပြောတော့ သူက မပွင့်တပွင့်ပြုံး တယ်။ တကယ်က မန္တလေးမြို့တော် ရဲ့ တောင်ဘက်အရပ်မှာရှိလို့ အမရ ပူရမြို့ကို ‘တောင်မြို့’လို့ ခေါ်ကြတာ ပါ။ မန္တလေးသူ မန္တလေးသားများဟာ ပထဝီဝင်ပညာကို လက်တွေ့အသုံး ချကြပါတယ်။ တောင်ပြင်တဲ့၊ မြောက်ပြင်တဲ့၊ အရှေ့ပြင်တဲ့၊ အနောက်ပြင်တဲ့။ စာရေးသူတို့ ရန်ကုန်သားတွေကတော့ ပထဝီဝင်ပညာကို မသုံးကြ ဘူး။ အခု စာရေးသူနေတဲ့ မှော်ဘီ မြို့နယ်ဟာ ရန်ကုန်မြောက်ပိုင်းခရိုင် ထဲမှာပါတယ်။ စာရေးသူဟာ ဘယ် တော့မှ ”ကျုပ်က မြောက်ပိုင်းခရိုင် ထဲမှာနေတာ”လို့ မပြောပါဘူး။

ကဲ …မန္တလေးက ရရှိခဲ့တဲ့ အဦး အစပထမဆုံး စာပေမိတ်ဆွေ တစ်ဦး အကြောင်းကို တင်ဆက်ပါ့ မယ်။

အမရပူရမြို့မှာ နေထိုင်ရင်းက နေ စာရေးသူဟာ မင်္ဂလာသတင်း တစ်ပုဒ်ကို ကြားပါတယ်။ မန္တလေး မြို့လယ်ကောင်မှာရှိတဲ့ ‘ဟံသာဝတီ’ သတင်းစာတိုက်မှာ စနေနေ့မွန်းလွဲ ပိုင်းမှာ ‘စနေဝိုင်း’ဆိုတဲ့ စာပေဆွေး နွေးပွဲဆိုတာရှိတယ်ဆိုတဲ့ မင်္ဂလာ သတင်းပါပဲ။ စာရေးသူက စာပေ နယ်ကို ခြေစုံပစ်ဝင်ဖို့ ကြံရွယ်နေတဲ့ လူမွဲအလောင်းအလျာဆိုတော့ ‘စာ ပေဝိုင်း’ဆိုတဲ့ အသံကြားတာနဲ့ က ချင်သလိုလို ခုန်ချင်သလိုလို ဖြစ်လာ ရတာပေါ့။ ”သမဏေန သမဏော၊ ဂေါဏေန ဂေါဏော”ဆိုတဲ့ လောက နီတိစာအသွားအရ၊ စာပေသမား ဆိုတာ စာပေသမားတွေကြားမှာပဲ မွေ့လျော်တတ်ပေသကိုး။

စာရေးသူဟာ တစ်ယောက် တည်း မေးစမ်းပြီး ဟံသာဝတီသတင်း စာတိုက်ကို ရောက်သွားပါတယ်။ စာ ရေးသူက မျက်နှာစိမ်းလည်းဖြစ်ပြန် ဝတ်ပုံစားပုံက ရွှေမန်းသားတွေလို ရိုးပုံရိုးလက်မရှိတာမို့ တချို့က ဘယ် သူပါလိမ့်ဆိုတဲ့အကြည့်နဲ့ အကဲခတ် နေကြပါတယ်။ သည်တုန်းမှာ ဆံပင် တိုနန့်နန့်၊ ကော်လာခေါင်းတုံးရှပ်အ ဖြူလက်ရှည်ကို ကြယ်သီးအပြည့်တပ် ဝတ်၊ ပုဆိုးကို ကျစ်ကျစ်လျစ်လျစ် ရှည်ရှည်ဝတ်ထားတဲ့ ရွယ်တူတစ် ယောက်က မိတ်ဆက်လာပါတယ်။ ရုပ်ကတော့ ရန်ကုန်မှာတွေ့ရတတ် တဲ့ ကုလားဒိန်ရုပ်မျိုးပါ။
”ကျွန်တော်က ဘိုချို (မန်းတက္က သိုလ်)ပါ ခင်ဗျာ”တဲ့။

စာရေးသူနည်းနည်းတော့ အံ့ သြနေတယ်။ သူက နောက်ပိတ် (ဘွတ်)ဖိနပ်ကြီးစီးထားလေသကိုး။ သူ့ကဗျာတွေ ငွေတာရီမဂ္ဂဇင်းမှာ စာ ရေးသူ ဖတ်ဖူးပါတယ်။ ငွေတာရီ မဂ္ဂဇင်းမှာပါတာဆိုတော့ သူ့ကဗျာ တွေက ဂန္ထဝင်နံ့၊ ခေတ်စမ်းနံ့ သင်း ပေသပေါ့။ လူအနေနဲ့တော့ ဆရာဘို ချိုဟာ ပြုံးပြုံးပြုံးပြုံးနဲ့ ဖော်ရွေရည် မွန်သူပါပဲ။ သူက မန္တလေးဘူတာကြီး အရှေ့ဘက်က ‘ကသည်း’ အဆက် အနွှယ်တွေနေကြတဲ့ အစုမှာ နေထိုင် ပါတယ်။

သူစီးထားတဲ့ ဘွတ်ဖိနပ်အ ဟောင်းကြီးကို စာရေးသူက မျက် စောင်းတထိုးထိုးလုပ်နေတာကို သူ သတိထားမိပြီး လိပ်ပြာမလုံတဲ့အပြုံး နဲ့ …

”ဟဲဟဲ၊ ဘွတ်ဖိနပ်စီးထားလို့ ကိုလိုနီခေတ်အရာရှိ ဂိုက်ဖမ်းတယ် မထင်ပါနဲ့ဗျာ။ ကျုပ်တို့ ရပ်ကွက်က ရွှံ့ဗွက်ထူလို့ပါ”လို့ ရှင်းပြတယ်။
မိတ်ဆွေကြီး ဘိုချို၊ အခုထက် ထိ ဘွတ်ဖိနပ်စီးတုန်းလား မသိပါ။

ကြူးနှစ်

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071