Monday, February 2, 2026

ဒေသတွင်း နိုင်ငံများနှင့်ယှဥ်ပြိုင်နိုင်​အောင်ကြိုးစားနေသည့်ကုန်သေတ္တာများသယ်ယူပို့ဆောင်ရေး အသင်း

မန္တလေးတိုင်း၊ ကျောက်ဆည်တွင် ကုန်သေတ္တာများသယ်ယူပို့ဆောင်ရေး အသင်းရုံးခွဲဖွင့်လှသ်ရန် လုပ်ဆောင်နေကြောင်း (၁၂)ကြိမ်မြောက် မြန်မာနိုင်ငံကုန်သေတ္တာတင်မော်တော်ယာဉ်များအသင်း နှစ်ပတ် လည်အသင်းသားစုံညီအစည်းအဝေးတွင် (၂ဝ၂၂- ၂၀၂၅)ယခင်အလုပ်အမှုဆောင်သက်တမ်း၏ ဥက္ကဋ္ဌဦးစိုးနိုင်က ပြောကြားခဲ့သည်။ ကုန်သေတ္တာတင်မော်တော်ယာဉ်များအသင်းကို...

အာဆီယံ ခရီးသွားလုပ်ငန်းဝန်ကြီးများ အစည်းအဝေးကို မြန်မာပါဝင်တက်ရောက်

အာဆီယံ အပေါင်း ၃(တရုတ်၊ဂျပန်၊ကိုးရီးယား )ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်း အစီအစဉ်များကို အတည်ပြု ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့တွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်မှ...

မွန်ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဖွဲ့စည်း

မွန်ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းကို ဇန်နဝါရီ ၃၀ ရက်က မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှကြီးမှူး၍ ဖွဲ့စည်းပေးခဲ့ကြောင်း သိရသည်။ မွန်ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းရွေးချယ်တင်​မြှောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦး​ဌေးမိုးကကြီးမှူး၍ မြို့နယ်(၁၀) မြို့နယ်မှတက်​ရောက်လာသောကိုယ်စားလှယ်များထဲမှ...

HomePoemဖုတ်ကောင်စီးခြင်း

ဖုတ်ကောင်စီးခြင်း

ပေါက်ကွဲတော့မယ့်ဆဲဆဲ
ပေါက်ကွဲတော့မယ့်ဆဲဆဲ

ငါ့နိုင်ငံတော်ဟာ
ပေါက်ကွဲတော့မယ်ဆဲဆဲ

ဗုံးတစ်လုံးကို
ဖုတ်ကောင်တွေ မွေးမွေးထားတယ် ။

သူတို့ဟာ ငါတို့မြို့တွေထဲကိုလျှောက်မယ်
နန်းတော်ထဲကို လျှောက်မယ်

ညီလာခံတွေ တက်လိမ့်မယ်
မြို့ထဲမှာ ပွင့်လင်းမြင်သာစွာ
အန်ချခွင့်ရရင် ဒီကောင်တွေပဲ
ရုပ်ပျက်ဆင်းပျက် ယိမ်းထိုးနေကြ
ပတ်ဝန်းကျင်မှာ သူတို့ကိုက်လိုက်တိုင်း

ဖုတ်ကောင်တွေ များများလာ
ငါတို့မှာ အသက်ကို ဝဝရှူမရ
ငါတို့အိမ်ယာတွေ

ရှေးဟောင်းအနုလက်ရာတွေ
ငါတို့ရင်သွေးတွေဟာ
မှန်ကွဲစတွေနဲ့အတူ

ငါတို့အိပ်မက်တွေနဲ့အတူ ပြန့်ကျဲလို့
ငါ့နိုင်ငံတော်ဟာ စုစည်းမရခဲ့
ငှက်အုပ်တွေ ထပျံသံကြားတယ်။
ဖုတ်ကောင်တွေ လမ်းလျှောက်လာကြပြီး
လူတွေမှာ ရှောင်ပြေးကြရ

ဦးနှောက်ကို အတတ်နိုင်ဆုံးကာကွယ်ဖို့
ဖုတ်ကောင်ကို လမ်းဖယ်ပေးရရင်း
ငါတို့ဟာ အပျက်အစီးတွေကြား
ကြောက်မက်ဖွယ်ရာ
ညည်းတွားမှုကို ပြုလို့
အိပ်တန်းတက်ပစ်ခဲ့ရ
ငါတို့လည်း ပြင်ဆင်ခွင့်မရ
ငါ့နိုင်ငံတော်အလံ လွှင့်တင်ဖို့
ငါ့ခြေတစ်လှမ်းအရွေ့ ရောက်ဖို့တင်

ငါ့လက်မောင်းသားတွေ
အရည်တွန့်လေပြီ။
ခက်တော့လည်းခက်သား

ငါ့နိုင်ငံတော်ဟာ
ဖုတ်ကောင်တွေ မွေးမွေးထားတယ်။

သူသူမေ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071