ပဲခူးမြို့တွင် ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ကျိုက်ပွန်ဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ကျင်းပလျက်ရှိသည်။
ယခုကျင်းပခြင်းသည် အကြိမ်(၅၅၀)မြောက် ကျင်းပခြင်းဖြစ်သည်။
ကျိုက်ပွန်ဘုရားသည် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် တည်ရှိသည်။
ကကုသန်ဘုရား၊ ကောဏာဂုံဘုရား၊ ကဿပဘုရား၊ ဂေါတမဘုရား တို့အား ရည်မှန်းထားတော်မူသော ရုပ်ပွားတော် လေးဆူသည် အရပ်မျက်နှာအသီးသီးသို့ မျက်နှာမူလျက် ကျောတော်များကပ်၍ တင့်တယ်စွာ စံတော်မူဟန်ဖြင့် တည်ထားကိုးကွယ်ထားသည်။
