Saturday, May 9, 2026

မန္တလေးရှိ သုသာန်များတွင် မီးသင်္ဂြိုဟ်ခ တိုးမြှင့်ကောက်ခံမည်

မန္တလေးမြို့ရှိ သုသာန်များတွင် စက်သုံးဆီအခက်အခဲများကြောင့် မီးသင်္ဂြိုဟ်ခ တိုးမြှင့်ကောက်ခံမည်ဖြစ်ကြောင်း လူမှုကူညီရေးအသင်းများထံမှ သိရသည်။ ထိုသို့တိုးမြှင့်ကောက်ခံမှုသည် ယနေ့ (မေ ၉) တွင် စတင်ခဲ့ပြီ ဖြစ်ကြောင်းလည်း...

တောင်သူလယ်သမားဦးကြီးများသို့ အသိပေးကြေညာချက်

စိုက်ပျိုးစရိတ်ချေးငွေများ တိုးမြှင့်ထုတ်ချေးမည် နိုင်ငံတော်အစိုးရ၏ ရက်ပေါင်း (၁၀၀) စီမံချက်အရ တောင်သူများ၏ လယ်ယာကုန်ထုတ်လုပ်မှု မြှင့်တင်နိုင်ရန်အတွက် စိုက်ပျိုးစရိတ်ချေးငွေများကို နှုန်းထားသစ်များဖြင့် တိုးမြှင့်ထုတ်ချေးပေးသွားမည် ဖြစ်ပါသည်။ ၁။ စိုက်ပျိုးစရိတ်ချေးငွေ...

မြန်မာ-နီပေါနှစ်နိုင်ငံ ဘဏ်လုပ်ငန်းနှင့် ဒီဂျစ်တယ်ငွေရေးကြေးရေးကဏ္ဍ ပူးပေါင်းမြှင့်တင်ရန်...

ဗဟိုဘဏ်ဥက္ကဋ္ဌဒေါက်တာခင်နိုင်ဦးနှင့် မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံအမတ်ကြီး H.E. Mr. Harishchandra Ghimire တို့တွေ့ဆုံကာ နှစ်နိုင်ငံကြား ဘဏ္ဍာရေးနှင့် နည်းပညာဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်နိုင်ရေးကိုဆွေးနွေးခဲ့ကြသည်။ မေ ၈ ရက်နေ့လည်ပိုင်းက...

ကမ္ဘာ့အဖိုးတန်ဆုံး မြန်မာ့ပတ္တမြား – သမိုင်းအစဉ်အလာနှင့်...

"ပတ္တမြားမြေ" ဟု တင်စားခေါ်ဝေါ်ကြသည့် မြန်မာနိုင်ငံ၊ မိုးကုတ်ဒေသမှ ထွက်ရှိသော ပတ္တမြားများသည် ကမ္ဘာ့ကျောက်မျက်ရတနာစျေးကွက်တွင် ယနေ့တိုင် ထိပ်ဆုံးမှ ရပ်တည်လျက်ရှိသည်။ မြန်မာ့ပတ္တမြား သမိုင်းကြောင်းနှင့် ဂုဏ်သတင်း မြန်မာ့ပတ္တမြားသည်...
HomeCelebrities' Newsအခုခေတ်ပေါ်နေတဲ့ ရွှေထူးလား၊ ဒါမှမဟုတ်...

အခုခေတ်ပေါ်နေတဲ့ ရွှေထူးလား၊ ဒါမှမဟုတ် လွှမ်းပိုင်လားဆိုပြီး မေးခွန်းထုတ်လိုက်တဲ့ မေခလာ

ရှေ့က စီနီယာအဆိုတော်ကြီးတွေရဲ့ ချစ်ခင်လေးစားစရာ ကောင်းတဲ့ဂုဏ်အင်တွေက ရွယ်တူတွေအချင်း ချင်းလေးစားပြီး လူငယ်တွေကို လက်ကမ်းကြိုဆိုတယ်ဆိုလာသူ အဆိုတော်မေခလာပါ။ လူငယ်တွေကိုWelcome လုပ်လေ့ရှိတဲ့ အဆိုတော်မေခလာ၊ ကိုယ်တိုင်ပြောတာရှိပါသေးတယ်။ အဲဒါက ဘာလဲဆို တော့…

“ချစ်ငယ်ကတော့ အားလုံးကို Welcome လုပ်နိုင်တဲ့အတွက် အခုခေတ်ပေါ်တဲ့ သီချင်းတွေ ကိုလည်း သီဆိုနိုင်တယ်။ ဥပမာအားဖြင့် စိုင်းစိုင်းခမ်းလှိုင်သီချင်းလား။ အခုခေတ်ပေါ်နေတဲ့ ရွှေထူးလား၊ ဒါမှမဟုတ် လွှမ်းပိုင် လား။ ချစ်ငယ် အလွန်ကြိုက်တယ်”လို့ ပြောပါတယ်။ မေခလာရဲ့ ဂီတဖျော်ဖြေပွဲ တစ်ခုရှိပါသေးတယ်။ အဲဒီအကြောင်းကိုလည်း သူမက …

“ဒီနှစ်ထဲမှာ ချစ်ငယ်မှန်းထားပါတယ်။ ချစ်ငယ်တို့ကို ပွဲစီစဉ်ပေးမယ့် Organizer တစ်ဦး ကလည်း ပြောထားတယ်။ ချစ်ငယ်က ပြောတယ်။ တစ်ယောက်တည်း မဆိုချင်ဘူး။ နောက် တစ်ယောက်ပါ ထည့်ပေးပါ။ ဆိုတော့ ချစ်ငယ်ထင်တယ်။ ဇွန်၊ ဇူလိုင်လောက်လည်း ဖြစ်သွား နိုင်ပါတယ်” လို့ မေခလာကပြောပါတယ်။ ချစ်ခင်အားပေးကြတဲ့ ပရိသတ်ကို အမြဲတမ်း ကျန်းမာ၊ ချမ်းသာပါစေဆိုပြီး ဆုတောင်းပေးနေရခြင်းမှာ ကျန်းမာခြင်းက ဘယ်လောက်အရေးကြီး လဲဆိုတာကိုလည်း သူမက အခုလိုပြောပြပါတယ်။ “လူတစ်ယောက် ကျန်းမာဖို့ဆိုတာ ကိုယ်ရော၊ စိတ်ရော အဆင်ပြေနေမှ။ ကိုယ်ကျတော့ ကိုယ့်ရဲ့ကျန်းမာရေးကို အမြဲတမ်းဂရုစိုက်နေရမယ်။ စိတ်ကျတော့လည်း မကောင်းတာတွေ အမြဲမသွင်းနေဘဲနဲ့ Delete လုပ်ပစ်ရမယ်။ ဒါပေမဲ့ ခန္ဓာကိုယ် ကို Care လုပ်ဖို့က ပိုက်ဆံလည်းရှိမှနော့။ တချို့ မရှိဆင်းရဲတဲ့လူတွေက ရောဂါရလာရင် သေရုံပဲလေ။ သနားပါတယ်။ ချစ်ငယ် အဲဒီလိုမျိုးတွေကြားရရင် အလွန်စိတ်မကောင်းဖြစ်ရတယ်။ ချစ်ငယ်မကြားချင်ဘူး။ စိတ်လည်းမချမ်းသာဘူး။ လူဆိုတာ တစ်နေ့တော့သေကြရမှာပါပဲ။ ဒါပေမဲ့လည်း အဲဒီလိုမျိုး ဗြုန်းစား ကြီးသေရတာမျိုး မဖြစ်စေချင်ပါဘူး။ ဒါကြောင့်မို့ ပရိသတ်အားလုံးကို ချစ်ငယ်က ဆုတောင်းပေးချင်တယ်။ ပိုက်ဆံတွေရပါစေ။ ကျန်းမာပါစေ။ အဓိကက အဲဒါပါပဲ”လို့ မေခလာက ပြောပြခဲ့ပါတယ်။

မျိုးမောင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071