Home News Local News မြန်မာ-နီပေါနှစ်နိုင်ငံ ဘဏ်လုပ်ငန်းနှင့် ဒီဂျစ်တယ်ငွေရေးကြေးရေးကဏ္ဍ ပူးပေါင်းမြှင့်တင်ရန် ဗဟိုဘဏ်ဥက္ကဋ္ဌနှင့် နီပေါသံအမတ်ကြီးဆွေးနွေး

မြန်မာ-နီပေါနှစ်နိုင်ငံ ဘဏ်လုပ်ငန်းနှင့် ဒီဂျစ်တယ်ငွေရေးကြေးရေးကဏ္ဍ ပူးပေါင်းမြှင့်တင်ရန် ဗဟိုဘဏ်ဥက္ကဋ္ဌနှင့် နီပေါသံအမတ်ကြီးဆွေးနွေး

0
78

ဗဟိုဘဏ်ဥက္ကဋ္ဌဒေါက်တာခင်နိုင်ဦးနှင့် မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံအမတ်ကြီး H.E. Mr. Harishchandra Ghimire တို့တွေ့ဆုံကာ နှစ်နိုင်ငံကြား ဘဏ္ဍာရေးနှင့် နည်းပညာဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်နိုင်ရေးကိုဆွေးနွေးခဲ့ကြသည်။

မေ ၈ ရက်နေ့လည်ပိုင်းက နေပြည်တော်၌တွေ့ဆုံ၍ နှစ်နိုင်ငံကြား ဘဏ်လုပ်ငန်းကဏ္ဍပိုမိုခိုင်မာလာစေရေးအ တွက် မြန်မာနိုင်ငံနှင့် နီပေါနိုင်ငံကြား ဘဏ်လုပ်ငန်းဆိုင်ရာဆက်သွယ်မှုများပိုမိုအားကောင်းလာစေရန်၊ ခေတ်သစ်ငွေရေးကြေးရေးစနစ်ဖြစ်သည့် Digital Banking ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတွေ့အကြုံနှင့် နည်းပညာဖလှယ်ရန်တို့ကို ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် ဘဏ်လုပ်ငန်းစနစ်များတွင် ခေတ်မီအိုင်စီတီနည်းပညာများအသုံးပြု၍ အဆင့်မြှင့်တင်နိုင်ရေးအတွက် နှစ်ဦးနှစ်ဖက် ဆွေးနွေးပွဲများကျင်းပပြုလုပ်ရန်လည်း ဆွေးနွေးခဲ့ကြသည်။

ဗဟိုဘဏ်ဥက္ကဋ္ဌနှင့် သံအမတ်ကြီးတို့၏တွေ့ဆုံမှုသည် မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းကဏ္ဍကိုနည်းပညာဖြင့်အဆင့်မြှင့်တင်ရာ၌ အထောက်အကူပြုစေမည့်အပြင် အိမ်နီးချင်းအာရှနိုင်ငံများကြား ဘဏ္ဍာရေးဆိုင်ရာ ချိတ်ဆက်မှုများကို ပိုမိုကျယ်ပြန့်လာစေမည်ဖြစ်သည်။

အဆိုပါ တွေ့ဆုံဆွေးနွေးမှုမှတစ်ဆင့် မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းစနစ်ကို ခေတ်မီ ICT နည်းပညာများဖြင့် အဆင့်မြှင့်တင်ရန်ကြိုးပမ်းခြင်းသည် ငွေပေးချေမှုစနစ်များ ပိုမိုမြန်ဆန်၊ ဘေးကင်းလာစေရန်ရည်ရွယ်ခြင်း၊ နီပေါနိုင်ငံကဲ့သို့ နိုင်ငံမျိုးနှင့် ဒီဂျစ်တယ်ဘဏ်လုပ်ငန်းဆိုင်ရာဆွေးနွေးခြင်းသည် ဒေသတွင်းနိုင်ငံများ၏ အောင်မြင်သော နည်းပညာစံနမူနာများကို လေ့လာခွင့်ရရှိစေခြင်း၊ နှစ်နိုင်ငံ ဗဟိုဘဏ်နှင့် သံတမန်များကြား ယခုကဲ့သို့ တရားဝင်တွေ့ဆုံမှုများမှတစ်ဆင့် ဘဏ္ဍာရေးကဏ္ဍတည်ငြိမ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ယုံကြည်မှုကိုမြှင့်တင်ပေးနိုင်ခြင်းအကျိုးကျေးဇူးများရရှိနိုင်မည်ဖြစ်သည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here