
ဟာသ သရုပ်ဆောင်ပွင့်ကတော့ ဘေဘီပွင့်လို့ အမည်ပေးထားတဲ့ တေးအယ်လ်ဘမ်နဲ့ ဂီတခြေလှမ်း သစ်တစ်ခုကို စတင် လိုက်ပါပြီ။ ဘေဘီပွင့်အခွေမှာတော့ တေးသီချင်း စုစုပေါင်း ၁၂ ပုဒ်ပါဝင်ပြီး သီချင်း အားလုံးကလည်း ကိုယ်ပိုင်သံစဉ် သီ ချင်း များသာဖြစ်တယ်လို့ သိရပါ တယ်။ တေးရေးဆရာများအနေနဲ့ နောင်နောင်(Sun Flower)၊ ရွှေဂျော် ဂျော်၊ ဟဲလေး၊ ဆလိုင်း၊ ဝေကြီး၊ ညီမင်းခိုင်၊ ဒါရိုက်တာမောင်သီ၊ သဟာအောင်တို့က အားဖြည့်ပေးထားပြီး တေးရေး ဝေကြီးကလည်း ထူးထူးခြား ခြား ပွင့်နဲ့အတူ သီချင်းတစ်ပုဒ်ကို တွဲဖက်သီဆိုထားပါတယ်။
”သီချင်း ၁၂ ပုဒ်လုံးက ခံစားမှု အရသာမျိုးစုံဖြစ်အောင် အမြူးလေး တွေ၊ သီချင်းချိုချိုလေးတွေ၊ အသည်း ကွဲသီချင်းလေးတွေ စုံအောင်ထည့် ပေးထားပါတယ်။ ပွင့်ရဲ့ ဘဝ၊ ပွင့်ရဲ့ Life အကြောင်းရေးထားတဲ့သီချင်း လေးလည်း ထည့်ထားတယ်။ ဒီအခွေလေးအတွက် တအားကို စိတ်ရောလူရောအပင်းပန်းခံပြီးလုပ်ထားခဲ့တယ်။ ပွင့်လို တအားကို ပျော်တတ်တဲ့ လူတောင်တကယ်ကို Stress တွေများပြီး စိတ်ဓာတ်တွေကျခဲ့ရတဲ့အချိန် တွေလည်း ရှိခဲ့ပါတယ်။ အခွေကိုရပ် ပစ်ချင်တဲ့စိတ်တွေလည်း ခဏခဏပေါ်ခဲ့ပါတယ်”လို့ ပွင့်က ပြောပြပါတယ်။
ဘေဘီပွင့် တေးစီးရီးကတော့ မေလ ၁၈ ရက်နေ့မှာ စတင်ဖြန့်ချိမှာဖြစ်ပြီး ပရိုမိုးရှင်းအခမ်းအနားကိုလည်း မေ လ ၁၈ ရက်နေ့ လှည်းတန်းစင်တာ ရဲ့ Outdoor Area မှာ ပြုလုပ်မှာဖြစ် ပါတယ်။ လက်ရှိဂီတ လောကမှာ သီချင်းအခွေတွေ ထွက်ရှိတဲ့အခါအဆိုတော်ကိုယ်တိုင်ကပဲ ငွေကြေးအရှုံး ခံထုတ်ဝေကြရပါတယ်။ ပွင့်အနေနဲ့ လည်း အခွေကို ငွေကြေးအကုန်အ ကျခံထုတ်ဝေတဲ့အကြောင်းကို …
”လူဆိုတာကတော့ အမြဲတမ်း အကောင်းဆုံးတွေကိုပဲ လိုချင်ကြတာ ပါ။ ပွင့်ဘက်ကလည်း အကောင်း ဆုံးတွေဖြစ်ချင်တယ်။ ဒါကြောင့် နာမည် ကြီးတေးရေးဆရာတွေ၊ Band တွေ နဲ့ အကောင်းဆုံးပွင့် ကြိုးစားထား တယ်။ ပွင့်တို့က ပိုက်ဆံချမ်းသာလို့ အခွေထုတ်တာမျိုးလည်း မဟုတ်ပါ ဘူး။ ကိုယ့်မှာရှိတဲ့ ချွေးနည်းစာလေး နဲ့စုပြီးတော့ လုပ်ထားတာပါ။ နောက် ပြီး ဒီခေတ်မှာအခွေတစ်ခွေထုတ်ရင် ရှုံးမယ်ဆိုတာ သိပြီးသားပါပဲ။ ဒါကို သိလျက်နဲ့ပရိသတ်တွေကို ပွင့်က အကောင်းဆုံးရသတစ်ခုကို ပွင့်မှာ ပိုင်ဆိုင်တဲ့အသံလေးနဲ့ ပေးဆပ်ချင် တဲ့ စိတ်လေးနဲ့ပဲလုပ်ထားခဲ့တယ်။ ဒီစေတနာလေးကိုထောက်ထားပြီး မူရင်းအခွေလေးကိုတော့ အားပေး ကြပါဦး ရှင့်”လို့ ပြောပြပါတယ်။ ဘေ ဘီပွင့် တေးအယ်လ်ဘမ်ရဲ့ စာနယ်ဇင်းမိတ်ဆက်ပွဲအခမ်းအနားကိုတော့ မေလ ၁ဝ ရက်နေ့က ဗိုလ်တစ်ထောင် ဘုရားလမ်းမှာရှိတဲ့ Orchid Hotel မှာ ပြုလုပ်ခဲ့ပါတယ်။
မြတ်မိုးပွင့်၊

