အကယ်ဒမီဆုပေးပွဲမှာဓာတ်ပုံရိုက်ရတဲ့ အခက်အခဲနဲ့ပတ်သက်ပြီး ပြောပြလာသူ ဓာတ်ပုံဆရာ အေးဇော်မိုး (စက်မှု)

0
351

အနုပညာလောကမှာ ဓာတ်ပုံ ဆရာတစ်ယောက်အနေနဲ့ နေရာ တစ်နေရာအခိုင်အမာ ရပ်တည်ထား နိုင်တဲ့ ဓာတ်ပုံဆရာအေးဇော်မိုး (စက်မှု)ကတော့ အကယ်ဒမီဆုပေးပွဲ အတွက် အနုပညာရှင်တွေရဲ့ အလှ ပုံရိပ်များကို နှစ်စဉ်နှစ်တိုင်း ကြိုတင် ရိုက်လေ့ရှိပါတယ်။ တစ်ချိန်တုန်းက ဆိုရင် အကယ်ဒမီဆုပေးပွဲမှာ ကိုယ် တိုင်ကိုယ်ကျ သတင်းယူခဲ့ဖူးသူလည်း ဖြစ်တဲ့အတွက် အကယ်ဒမီပွဲအမှတ် တရနဲ့ပတ်သက်ပြီး ကိုအေးဇော် မိုး(စက်မှု)ကို မေးမြန်းကြည့်ခဲ့ရာ …

“အစ်ကိုက အကယ်ဒမီကိုကြို ရိုက်တာများတယ်။ အစက နေပြည် တော်မှာ သွားလုပ်တာဆိုတော့ အကယ်ဒမီပွဲမသွားခင် ရန်ကုန်မှာ အနုပညာရှင်တွေကို ကြိုရိုက်ဖြစ်ခဲ့ တာကနေ ခုချိန်ထိ ကြိုရိုက်ဖြစ်သွား တာ၊ အစ်ကိုကတော့ ရတီမဂ္ဂဇင်းနဲ့ ပေါ်ပြူလာဂျာနယ်အတွက် အမြဲ တမ်းရိုက်ပေးဖြစ်တယ်။ အကယ်ဒမီ အမှတ်တရကတော့ ဟိုအရင်ကဆို ရင် ပေါ်ပြူလာဂျာနယ်အတွက် ဖလင်ခေတ်ဆိုတော့ တစ်နေကုန် ရိုက်၊ ပြီးရင် ညတွင်းချင်း ဓာတ်ပုံတွေ ကူးကြ၊ မနက်ဆို ဂျာနယ်ထွက်၊ ဂျာ နယ်ထွက်ရင်တော့ အကုန်လုံး အ မောပြေကြတာပေါ့၊ ဆုရတဲ့ သရုပ် ဆောင်တွေကြည့်ပြီး ကိုယ်တွေက တော့ ပီတိဖြစ်ရတာပေါ့၊ အဲဒါလေး တွေကတော့ အမှတ်တရလေးတွေ ပါ။ အခုခေတ်ကျတော့ အွန်လိုင်း ခေတ်ဆိုတော့ ချက်ချင်းအမြန်သိရ တယ်။ ခေတ်တွေက ပြောင်းတော့ အစ်ကိုတို့အတွက်က ပျော်စရာ ချည်းပါပဲ”လို့ ပြောပါတယ်။

အခုနောက်ပိုင်းမှာတော့ အ ကယ်ဒမီဆုပေးပွဲမှာ ဓာတ်ပုံမရိုက် ဖြစ်တော့တာ ၃ နှစ်လောက်ရှိပြီဖြစ် တဲ့ ကိုအေးဇော်မိုး(စက်မှု)က အခု နောက်ပိုင်း အကယ်ဒမီဆုပေးပွဲ အ ခက်အခဲနဲ့ပတ်သက်ပြီးလည်း …

“အရင်တုန်းကဆိုရင် ဓာတ်ပုံ ဆရာတွေ ရှိပေမယ့် အခုလောက် မများကြဘူး။ အခုနောက်ပိုင်းကျ တော့ မီဒီယာတွေတအားများလာ တယ်၊ ရုပ်သံမီဒီယာတွေရော၊ အွန် လိုင်းမီဒီယာတွေပါ များပြားလာကြ တော့ စီစဉ်ရတာ၊ ရိုက်ရတာတွေမှာ အခက်အခဲတွေများလာတယ်။ အဲဒီ အခါကျတော့ ဓာတ်ပုံဆရာတွေမှာ အဓိကကတော့ လျှပ်တစ်ပြက် အတွင်းမှာ သူတို့ရဲ့ လှုပ်ရှားမှုကို ယူ နိုင်ဖို့ပဲ အရေးကြီးတယ်။ အခုကျ တော့ သူတို့ဖက်ရှင်မျိုး ယူချင်ရင် ကွင်းထဲမှာ ယူဖို့က သိပ်ခက်သွားပြီ၊ အဲဒါကြောင့် အစ်ကိုတို့က ကြိုရိုက် တဲ့ စနစ်လုပ်လိုက်တာ၊ အခုလို အခက်အခဲတွေရှိလာတော့ ဓာတ်ပုံ ဆရာတွေမှာ တကယ်ကို ပင်ပန်းပါ တယ်။ အခက်အခဲတွေ အများကြီးရှိ ပါတယ်။ စနစ်တကျလုပ်ဖို့ကို လိုအပ် ချက်တွေ အများကြီးရှိပါတယ်။ တစ် ယောက်တည်းလုပ်လို့လည်း မရပါ ဘူး။ အစ်ကိုကတော့ ကွင်းထဲမရိုက် ဖြစ်တာ ၃ နှစ်လောက်ရှိနေပြီလို့ ပြောပါတယ်”လို့ ကိုအေးဇော်မိုး (စက်မှု)က ပြောပါတယ်။

တွယ်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here