Looking for something?

Explore the website

Looking for something?

Wednesday, June 11, 2025

ရန်ကုန်တိုင်းဒေသကြီး လူငယ်စင်တာတွင် အရေးပေါ်ကယ်ဆယ်ရေး ရေပြင်၊...

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ အားကစားနှင့် လူငယ်ရေးရာ အထောက်အကူပြုလုပ်ငန်းကော်မတီ၊ ငြိမ်းချမ်းရေးနှင့် ဘဝလုံခြုံရေးကော်မတီနှင့် Emergency Medical Services Myanmar အဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သည့်...

ယနေ့မှ ဇွန်(၁၆) ရက်အထိ မိုးသည်းထန်ပြီး...

မုတ်သုံ‌လေနှင့် လေပွေလှိုင်းအရှိန်များကြောင့် ဒေသအများစုတွင် မိုးသည်းထန်ပြီး လေပြင်းတို-က်ခြင်း၊ သဘာဝဘေးတွေ့ခြင်းမျိုးဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတိပေးထားသည်။ ယနေ့မှစ၍ ဇွန်(၁၆)ရက်အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊...

ငလျင်သင့် ပြည်သူများအတွက် KBZ Center...

အင်အားပြင်း မန္တလေးငလျင်ကြီးကြောင့် အခက်အခဲကြုံတွေ့ခဲ့ရသည့် ငလျင်သင့် ပြည်သူများအတွက် KBZ Center Mandalay တွင် အထူးချေးငွေဌာနများဖွင့်လှစ်၍ အမြန်ဆုံးထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းသို့ အထူးချေငွေဌာနများ...

မိုးများ၍ အမရပူရမြို့နယ် အနိမ့်ပိုင်းရပ်ကွက်များ ရေဝင်နေ

ယခုရက်သတ္တပတ်အတွင်း သည်းထန်စွာရွာသွန်းနေသည့် မိုးကြောင့် မန္တလေးတိုင်း၊ အမရပူရမြို့နယ် အနိမ့်ပိုင်းရပ်ကွက်များတွင် ရေဝင်နေကြောင်း သိရသည်။ “မနေ့ညကနေ တစ်ညလုံးရွာတာ။ ရေဝင်တာ၊ ရေတက်တာလည်း မြန်တယ်။ အိမ်ထဲ...
HomeCelebrities' Newsအဖေ့မေတ္တာကို မျှော်လင့်ခဲ့ရဖူးတဲ့ အခိုက်အတန့်အကြောင်း...

အဖေ့မေတ္တာကို မျှော်လင့်ခဲ့ရဖူးတဲ့ အခိုက်အတန့်အကြောင်း အိုင်ရင်းဇင်မာမြင့်ပြောပြ

တိုက်ဆိုင်မှုရယ်ပဲလားလို့ မပြောတတ်ပါဘူး။ သူမငယ်စဉ်က အဖေ့မေတ္တာငတ်ခဲ့ရတယ်။ ဒါတောင် အမေ့မေတ္တာကို အပြည့်အဝ ရခဲ့တာနော်လို့ အိုင်ရင်းက ပြောပါတယ်။ သူမဖျော်ဖြေခဲ့ရတဲ့ပွဲလေး က ဝိသာခါဖောင်ဒေးရှင်းက ကျင်းပတဲ့ စွန့်ပစ်ခံရင်ခွင်မဲ့ကလေးများ စနစ်တကျပြုစုစောင့်ရှောက်ရေး ရန်ပုံငွေ ဂီတဖျော်ဖြေပွဲလေးပါ။ အိုင်ရင်းဇင်မာမြင့်ရယ်၊ ဂျူဝယ်ရယ်တို့ သီဆိုဖျော်ဖြေသွားတဲ့ စွန့်ပစ်ခံ ရင်ခွင်မဲ့ကလေးများအကြောင်း သီချင်းလေးဆိုရင် ခံစားဖို့သိပ်ကောင်းလှပါတယ်။

“အဓိကကတော့ ဒီကလေး လေးတွေ နေရာကနေ ခံစားပြီးသီဆိုတာပေါ့နော်။ ဆိုတဲ့အခါ မှာလည်း အဲဒီခံစားချက်ကို ရပါတယ်။ ဆရာစောခူဆဲရေး ထားတဲ့ စာသား၊ အန်တီဝင်းမင်းသစ်ရဲ့ အတွေးအခေါ်တွေ ကလည်း တအားခံစားရတဲ့ အကြောင်းအရာတွေများပါ တယ်။ ကိုယ်ကိုယ်တိုင် မိစုံ၊ ဖစုံနဲ့ နေရတဲ့သူတစ်ယောက် ဖြစ်တာတောင်မှ ဒီလိုခံစားချက်ကြီးရှိပါတယ်” လို့ အိုင်ရင်း ဇင်မာမြင့်က ပြောပါတယ်။ အိုင်ရင်းတို့ နယ်ဘက်တွေ သွားရောက်ဖျော်ဖြေရတဲ့အခါမှာရော အဲဒီလို ကလေး ငယ်လေးတွေ တွေ့ဖြစ်လား၊ စိတ်ဓာတ်ခွန်အားတွေ ပေးရတာမျိုးရှိခဲ့လားလို့ သူမကို ဆက်လက် မေးတဲ့ အခါ …

“အချိန်ပေးနိုင်တဲ့နေရာမျိုးဆိုရင်တော့ အိုင်ရင်းတို့ မေတ္တာပြဖြစ်ပါတယ်။ အချိန်ကပ်နေတဲ့ နေရာမျိုးဆိုရင်တော့ သိသာ၊ သိသော်လည်း မသွားလိုက်ရဘဲနဲ့ ပြန်ခဲ့ရတဲ့အချိန်မျိုးတွေလည်းရှိပါတယ်။ တကယ်တမ်းတော့လည်း လူကိုယ်တိုင် မသွားနိုင်ရင်တောင်မှ ကိုယ့်စိတ်ထဲက ကိုယ်ချင်းစာ တယ်ပေါ့နော်။ ကိုယ်ကိုယ်တိုင်တောင်မှ အဖေက ၆ တန်း နှစ်က ပြီးဆုံးသွားတဲ့အခါမှာ အဖေ့မေတ္တာကို ငတ်တယ်။ အမေကနေပြီး အတတ်နိုင်ဆုံး ပံ့ပိုးပေးတာတောင်မှ အဖေ့ မေတ္တာကို မျှော်လင့်သေးတာပဲ။ အခုလိုမျိုးငယ်ငယ်လေးကတည်းက မိဘမေတ္တာ ဘာမှန်းမသိတဲ့ ကလေးလေးတွေအတွက် တကယ်ကို ကိုယ်ချင်းစာပါတယ်ရှင့်”လို့ အိုင်ရင်းဇင်မာမြင့်က ပြောပြခဲ့ပါတယ်။

မျိုးမောင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071