Sunday, February 1, 2026

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် SCO အ...

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးဇော်ဝင်းမြင့်သည် ဇန်နဝါရီ ၂၉ ရက်နံနက်ပိုင်းက Shanghai Cooperation Organization (SCO) အတွင်းရေးမှူးချုပ် SCO Secretary General...

ရန်ကုန်လေဆိပ်၌ နီပါးရ်ဗိုင်းရပ်စ်ရောဂါအပါအဝင် ကူးစက်ရောဂါများအား စောင့်ကြပ်ကြည့်ရှုစစ်ဆေးနေ

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌  နီပါးရ်ဗိုင်းရပ်စ်ရောဂါအပါအဝင် ပြည်သူ့ကျန်းမာရေးအရေးပေါ်အ ခြေအနေပေါ်ပေါက်နိုင်သော ကူးစက်ရောဂါများစောင့်ကြပ်ကြည့်ရှုစစ်ဆေးခြင်းကိုဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထိုသို့ စစ်ဆေးနေခြင်းအား ကျန်းမာရေးဝန်ကြီးဌာန၊ ဒု-ဝန်ကြီးပါမောက္ခဒေါက်တာအေးထွန်းမှ ဇန်နဝါရီ ၂၉ ရက်ကကြည့်ရှုစစ်ဆေးပြီးလိုအပ်ချက်များ၊ လေဆိပ်တာဝန်ရှိသူများနှင့်ပူးပေါင်းဆောင်ရွက်ရမည့်...

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် SCO အ...

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးဇော်ဝင်းမြင့်သည် ဇန်နဝါရီ ၂၉ ရက်နံနက်ပိုင်းက Shanghai Cooperation Organization (SCO) အတွင်းရေးမှူးချုပ် SCO Secretary General...
HomePopular Academy2017 Academyအကယ်ဒမီရွှေကြို အပြောင်းအလဲ နှင့်...

အကယ်ဒမီရွှေကြို အပြောင်းအလဲ နှင့် ယခုနှစ် အကူမောင်မယ်တို့၏ စကားသံများ

၂ဝ၁၇ ခုနှစ် အကယ်ဒမီဆုပေးပွဲကြီးကိုတော့ မတ်လ ၂၃ ရက်နေ့၊ မင်းဓမ္မလမ်းမှာရှိတဲ့Myanmar Event Park (MEP)မှာ ကျင်းပပြု လုပ်တော့မှာ ဖြစ်ပါတယ်။ အရင်နှစ်တွေကဆိုရင် ရွှေကြိုကို အပြင်က အနုပညာဝါသနာပါတဲ့ လူငယ်အချို့ကို ရွေးချယ်ခဲ့ရာမှ အခုနှစ်မှာတော့  အကူမောင်မယ်ဆိုပြီး ပြောင်းလဲမှုတစ်ခုအနေနဲ့ အနုပညာရှင်သားသမီးများကို ရွေးချယ်ခဲ့ပါတယ်။ အခုလို ရွေးချယ်ခြင်းခံရတဲ့ထဲမှာတော့ အကယ်ဒမီချိုပြုံးရဲ့ မြေး ဝင်းခန့်မိုး၊ အကယ်ဒမီမေသဉ္ဇာဦးရဲ့ သား မင်းသုခိုင်၊ အိစိကွေး၊ အားသစ်နဲ့ အကယ်ဒမီခိုင်သင်းကြည်ရဲ့ သမီး စံထိပ်ထားဦး၊ အကယ်ဒမီ မင်းမော်ကွန်းရဲ့သမီး လေပြေ သွေး၊ အရိုင်း ရဲ့သမီး ပန်းနုပျိုမေ၊ တင်ဇာဝင်းပြည့်ရဲ့သမီး စန္ဒြာရွှေရည်တို့ကို ရွေးချယ်ခဲ့ပါတယ်။ အခုနှစ်အကယ်ဒမီဆုပေးပွဲမှာ အကူမောင်မယ်အဖြစ် ဆောင်ရွက်သွားကြမယ့် လူငယ်အချို့ရဲ့ စကားသံများကို ဖော်ပြလိုက်ပါတယ်။

ဝင်းခန့်မိုး (အကယ်ဒမီ ချိုပြုံးရဲ့ မြေး) ။  ။ အခုလို ပါဝင်ခွင့်ရတဲ့အတွက် တအားပျော်ပါတယ်။ တော်တော်လည်း စိတ်လှုပ်ရှားပါတယ်။ အရင်တုန်းက အကယ် ဒမီပေးပွဲကို အဘွားနဲ့ အမြဲတမ်းလိုက်ဖြစ်ပါတယ်။ ကျွန်တော်အခုလို ပါဝင်ခွင့်ရတာက ကျွန်တော်ရဲ့ အိပ်မက်လို့တောင် ပြောလို့ပါတယ်။

မင်းသုခိုင် (အကယ်ဒမီ မေသဉ္ဇာဦးရဲ့ သား) ။  ။ ကျွန်တော် အခုလို ပါဝင်ခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်။ ကျွန်တော့်ရဲ့ ပထမဦးဆုံးအနုပညာခြေလှမ်းပါ။ ကျွန်တော်အရင်ကတည်းက အခုလိုပါဝင်ချင်ခဲ့တာ။ ဒါပေမဲ့ မပါဖြစ်ခဲ့ပါဘူး။ ဒီနှစ်ကျမှ ပါဝင်ခွင့်ရတဲ့အတွက် တကယ့်ကို ဝမ်းသာပါတယ်။

အိစိကွေး ။  ။ အခုလို ပါဝင်ခွင့်ရတဲ့အတွက်  အတိုင်းမသိ ဝမ်းသာပါတယ်။ ကျွန်တော့်ကို အကူမောင်မယ်စာရင်းမှာ ပါတယ်ဆိုပြီး ဖုန်းဆက်မှ ကျွန်တော်သိတာ၊ အမြဲတမ်းက အပြင်လူတွေပဲ လုပ်နေကျဆိုတော့ ကိုယ်တွေ တစ်ခါမှ စဉ်းလည်းမစဉ်းစားခဲ့ဘူး။ အခုလို ရုတ်တရက်ပါဝင်ခွင့်ရတဲ့အတွက်လည်း ဝမ်းသာပါတယ်။

အားသစ် ။  ။ ထူးချွန်တဲ့သူတွေကို ပေးရမယ့် ဆုအတွက် အကူအနေနဲ့ပါဝင်ဆောင်ရွက်ခွင့်ရတာ တအားဝမ်းသာပါတယ်။

***************

စံထိပ်ထားဦး  (အကယ်ဒမီခိုင်သင်းကြည်ရဲ့ သမီး) ။  ။ ဒီနှစ်အကယ်ဒမီ အကူမောင်မယ်အဖြစ် ပါဝင်ခွင့်ရလို့ တအားဝမ်းသာတယ်။ ဒီနှစ်အကယ်ဒမီ အကူ မောင်မယ်တွေကို အနုပညာရှင်တွေရဲ့ သားသမီးတွေပဲပါဝင်ခွင့်ရတော့ အပြောင်းအလဲလေးဖြစ်သွားတာပေါ့။ အမေကလည်း ကိုယ့်အနုပညာ ဝါသနာပါလို့ ခွင့်ပြုခဲ့တယ်။

ပန်းနုပျိုမေ (အရိုင်းရဲ့ သမီး) ။   ။ ညီမ ဒီနှစ်အကယ်ဒမီအကူ မောင်မယ်အဖြစ် ပါဝင်ခွင့်ရလို့ တအားဝမ်းသာပါတယ်။ ညီမရဲ့ ဖေဖေကလည်း ခွင့်ပြုတယ်။ ညီမလည်း ပါဝင်ချင်လို့ ဒီနှစ်အကယ်ဒမီ အကူမောင်မယ်အဖြစ် ပါဝင်ဖြစ်တာပါ။

လေပြေသွေး  (အကယ်ဒမီ မင်းမော်ကွန်းရဲ့ သမီး) ။  ။ ညီမဒီလိုပါဝင်ခွင့်ရတဲ့အတွက် တကယ့်ကိုဝမ်းသာတယ်။ ဒီအနုပညာအလုပ်နဲ့ပတ်သက်ပြီး တစ်ခါမှ မလုပ်ဖူးလို့ ပါဝင်ဖြစ်တာပါ။ မေမေနဲ့ ဘိုးဘိုးကလည်း ခွင့်ပြုပေးတယ်။

စန္ဒြာရွှေရည် (တင်ဇာဝင်းပြည့်ရဲ့ သမီး) ။  ။ ညီမက ဒီလိုပွဲမှာ အကယ်ဒမီ အကူမောင်မယ်အဖြစ် ပါဝင်ခွင့်ရတာ တအားပျော်တယ်။ အမေကိုယ်တိုင်ကလည်း ဒီလိုပါဝင်ဖို့အတွက် ပံ့ပိုးပေးခဲ့တယ်။ ညီမကလည်း ဒီအနုပညာအလုပ်ကို စိတ်ဝင်စားလို့ ပါဝင်ဖြစ်သွားတာပါ။

တွယ်တာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071