ရန်ကုန်၊ ဩဂုတ် ၈
ထိုင်းနိုင်ငံ၌ ကျင်းပလျက်ရှိသည့် ထိုင်းဘုရင့်ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် မြန်မာအသင်းက ရွှေတံဆိပ်နှင့် ငွေတံဆိပ်ဆုများ ဆွတ်ခူးရရှိထားကြောင်း ပိုက်ကျော်ခြင်းအဖွဲ့ချုပ်ထံမှ သိရသည်။
ဩဂုတ် ၇ ရက်က ယှဉ်ပြိုင်ခဲ့သည့် အမျိုးသားလေးယောက်တွဲပြိုင်ပွဲတွင် မြန်မာအသင်းက အိမ်ရှင်ထိုင်းအသင်းကို အနိုင်ရရှိကာ ရွှေတံဆိပ်ဆု ဆွတ်ခူးခဲ့သည်။ အလားတူ အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲတွင် နိုင်ငံပေါင်း ၁၃ သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ရာ မြန်မာအသင်းက ဗီယက်နမ်အသင်းကို နှစ်ပွဲပြတ် ရှုံးနိမ့်ခဲ့သဖြင့် ငွေတံဆိပ်ဆု ရရှိခဲ့သည်။
ထို့ပြင် ယနေ့ (ဩဂုတ် ၈ ရက်) နံနက်ပိုင်းတွင် ကျင်းပသည့် အမျိုးသားသုံးယောက်တွဲပြိုင်ပွဲ၌ ပြိုင်ဘက် ဆော်ဒီအာရေဗျအသင်းက သတ်မှတ်ချိန်အတွင်း ကွင်းအတွင်း လာရောက်ယှဉ်ပြိုင်ခြင်းမရှိသဖြင့် မြန်မာအသင်းကို အနိုင်ရရှိသူအဖြစ် သတ်မှတ်ခဲ့သည်။
လက်ရှိတွင် မြန်မာအသင်းသည် ရွှေတံဆိပ်တစ်ခု၊ ငွေတံဆိပ်တစ်ခု ရရှိထားပြီး အမျိုးသားသုံးယောက်တွဲပြိုင်ပွဲတွင်လည်း ဆက်လက်အနိုင်ရရှိထားကြောင်း သိရသည်။
Photo News
ယနေ့ ဩဂုတ် ၈ ရက် မြန်မာစံတော်ချိန် ည ၇ နာရီခွဲအချိန်တွင် ထိုင်းနိုင်ငံက အိမ် ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပသည့် ထိုင်း -မြန်မာလက်ရွေးစင်အမျိုးသားအသင်းတို့၏ AFF Hyundai Cup 2026 အာဆီယံချန်ပီယံရှစ်အုပ်စု(ခ) နောက်ဆုံးပွဲစဉ်သို့ လာရောက်အားပေးကြသည့် ထိုင်းရောက် မြန်မာနိုင်ငံသားများ၏ မြင်ကွင်းပုံရိပ်ဖြစ်ပါသည်။
ဓာတ်ပုံ-MFF
