Sunday, February 1, 2026

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် SCO အ...

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးဇော်ဝင်းမြင့်သည် ဇန်နဝါရီ ၂၉ ရက်နံနက်ပိုင်းက Shanghai Cooperation Organization (SCO) အတွင်းရေးမှူးချုပ် SCO Secretary General...

ရန်ကုန်လေဆိပ်၌ နီပါးရ်ဗိုင်းရပ်စ်ရောဂါအပါအဝင် ကူးစက်ရောဂါများအား စောင့်ကြပ်ကြည့်ရှုစစ်ဆေးနေ

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌  နီပါးရ်ဗိုင်းရပ်စ်ရောဂါအပါအဝင် ပြည်သူ့ကျန်းမာရေးအရေးပေါ်အ ခြေအနေပေါ်ပေါက်နိုင်သော ကူးစက်ရောဂါများစောင့်ကြပ်ကြည့်ရှုစစ်ဆေးခြင်းကိုဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထိုသို့ စစ်ဆေးနေခြင်းအား ကျန်းမာရေးဝန်ကြီးဌာန၊ ဒု-ဝန်ကြီးပါမောက္ခဒေါက်တာအေးထွန်းမှ ဇန်နဝါရီ ၂၉ ရက်ကကြည့်ရှုစစ်ဆေးပြီးလိုအပ်ချက်များ၊ လေဆိပ်တာဝန်ရှိသူများနှင့်ပူးပေါင်းဆောင်ရွက်ရမည့်...

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် SCO အ...

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးဇော်ဝင်းမြင့်သည် ဇန်နဝါရီ ၂၉ ရက်နံနက်ပိုင်းက Shanghai Cooperation Organization (SCO) အတွင်းရေးမှူးချုပ် SCO Secretary General...
HomeArticles၂၀၁၇ခုနှစ် အကယ်ဒမီ(၁၁)ဆုအတွက် စံချိန်စံညွှန်းသတ်မှတ်ချက်များ(၂)

၂၀၁၇ခုနှစ် အကယ်ဒမီ(၁၁)ဆုအတွက် စံချိန်စံညွှန်းသတ်မှတ်ချက်များ(၂)

အကယ်ဒမီစာရင်းဝင် ဇာတ်ကား ၅၃ ကားထဲမှ အကောင်းဆုံးထူးချွန် သူများကို ဆု(၁၁)ဆုချီးမြှင့်မည့်အပြင် ရုပ်ရှင်တစ်သက်တာထူးချွန်ဆုလည်း ပေးအပ်ချီးမြှင့်မည်ဖြစ်သည်။ ရုပ်ရှင်တစ်သက်တာ ထူးချွန်ဆု သည် ယခုနှစ်မှသာ ပေးအပ်ချီး မြှင့်မည့်ဆုဖြစ်သောကြောင့် ရုပ်ရှင် လောကသားများက ဘယ်သူ့ကို ပေးလေမလဲဆိုသည်ကို အထူး စိတ် ဝင်စားနေကြပြီ။ ဟိုးယခင်နှစ်များ တုန်းက အကယ်ဒမီ စာရင်းဝင်ဇာတ် ကားများသည် ၁ဝ ကားကျော်သာ သာရှိပြီးအကဲဖြတ်ရသည့်အခါ ဆန် ခါတင်ဇာတ်ကား ၃၊ ၄၊ ၅ ကားထဲ ကသာ ရွေးချယ်ရသည်။ ယခုနှစ် တွင်ဇာတ်ကား ၅၃ ကားကြည့်ရှုအကဲ ဖြတ်ရပြီး စာရင်းဝင်ဇာတ်ကားများ သည် အရည်အသွေးကောင်းမွန်၊ ပရိသတ်ကြိုက်ဇာတ်ကားများစွာ ပါလာသောကြောင့် ရွေးချယ် အကဲ ဖြတ်ရသူ အတတ်ပညာရှင်၊ အနုပ ညာရှင်တို့အတွက် ခေါင်းခဲစရာ ဖြစ်နေရပြီဟု အကဲဖြတ်အဖွဲ့ဝင် အချို့ထံမှ သိရသည်။ ရွေးချယ် အကဲဖြတ်ရသူ အတတ်ပညာရှင်၊ အနုပညာရှင်တို့အတွက် ခေါင်းခဲ စရာဖြစ်နေသော်လည်း ယခုနှစ်တွင် အကယ်ဒမီ အကဲဖြတ်စနစ်၊ အမှတ် ပေးစနစ်က ကောင်းမွန်လာသော ကြောင့် အမှန်တကယ် ထူးချွန်သူ များသာ အကယ်ဒမီ ထူးချွန်ဆုများ ရရှိသွားမည်ဟု ယုံကြည်နေမိပါ သည်။

ရုပ်ရှင်တည်းဖြတ်ဆုစံချိန်စံညွှန်း

ရုပ်ရှင်ဇာတ်ကားတစ်ကား တည်းဖြတ်ရာတွင် –

(၁) အခြေခံအကျဆုံးဖြစ်သော အရုပ်နှင့်အသံ ကိုက်ညီမှုရှိရမည်။

(၂) Composition အနေဖြင့် အရုပ် match ဖြစ်အောင် ဆက် နိုင်ရပါမည်။

(၃) တစ်ကတ်နှင့်တစ်ကတ် အကူးအ ပြောင်းတွင် continuity ကိုက်ညီမှု ရှိရမည်။

(၄) တစ်ဖက်နှင့်တစ်ဖက် အပြန်အ လှန်ပြောဆိုရာတွင် လိုအပ်သလို အသံပံ့ပိုးပေးခြင်း၊ အရုပ်ပံ့ပိုးပေးခြင်း များကို တည်းဖြတ်သူ၏ အနုပညာ စိတ်ကူးစိတ်သန်းအပေါ်မူတည်ပြီးsound overlap, insert, inter cut စသည်တို့ကို လိုအပ်သလို အတို အရှည် အသုံးပြုနိုင်ရမည်။ (စကား ပြောများကို အရှည်ဆန့်၍လည်း ကောင်း၊ အတိုတိ၍ လည်းကောင်း ဇာတ်ကောင်စရိုက်ပေါ်လွင်အောင် တည်းဖြတ်ပေးခြင်း)၊ အသုံးပြုလိုက် သောsound overlap, insert, inter cut များသည် ဇာတ်လမ်း သ ဘောကို မည်မျှအထောက်အပံ့ ဖြစ် ကြောင်း ပေါ်လွင်စေရမည်။

(၅) အခန်းအကူးအပြောင်း၊ အချိတ် အဆက်များကို လိုအပ်သလို အနုပ ညာမြောက်အောင် ဖန်တီးတည်းဖြတ် နိုင်ရမည်။ ဥပမာ Transit များဖြစ် သော Fade in/ Fade out, cut, wipe အစရှိသည်တို့ ပါဝင်သည်။ (Fade in Fade out) အသုံးများခြင်း၊

(၆) တည်းဖြတ်ခြင်းဖြင့် ဇာတ်လမ်းကို အထစ်အငေါ့မရှိ၊ ပြေပြစ်မှုရှိစေရန် နှင့် မလိုအပ်ဘဲ Jump Cutting များ၊ 180ံ Rule ကို ချိုးဖောက်ခြင်း အဝင်အထွက်၊ အကြည့် Cut များ၊ အဝင်အထွက်မှားခြင်း၊ အကြည့်မှား ခြင်း စသည့် အမှားများ မမှားစေရ။

(၇) အကြောင်းအရာကို အထောက် အပံ့မဖြစ်သော Inter Cup များ
အကြောင်းအရာ အထောက်အ ပံ့ဖြစ်သော Inter Cup များ၊ အတို/ အရှည် မှန်ကန်မှု ရှိစေရမည်။(frame / sec မည်ရွေ့မည်မျှ သတ် မှတ်မထားသော်လည်း အကြောင်းအ ရာပေါ်မူတည်ပြီး ချောမောပြေပြစ် စေရမည်။)

(၈) ဇာတ်လမ်းအမျိုးအစားပေါ် မူ တည်ပြီး ဇာတ်လမ်းအတွက် အထွတ် အထိပ်ဖြစ်စေသောParallel Cutting ဖြင့် ဖမ်းစားနိုင်ရမည်။ မိမိ ၏ တည်းဖြတ်မှု စွမ်းဆောင်ချက်ဖြင့် ဇာတ်အရှိန် Tempo ကို မြင့်တက်စေ ရမည်။

(၉) ဇာတ်လမ်း၏ အမြင့်ဆုံးအခန်း၊ အထူးသဖြင့် ဇာတ်သိမ်းပိုင်းနေရာ မျိုးတွင် လိုတိုးပိုလျှော့ တည်းဖြတ် ခြင်း Montage ဖြင့် အနုပညာရသ ကို ပေါ်လွင်အောင် တည်းဖြတ်နိုင်ရ မည်။

(၁ဝ) ဇာတ်ကားတစ်ကားကို တည်း ဖြတ်ရာတွင် တည်းဖြတ်သူပညာရှင် ၏ စွမ်းဆောင်ချက်ဖြစ်သော ဇာတ် ရှိန်အနိမ့်အမြင့်/ အထားအသို/ အဖြတ်အတောက် ကျွမ်းကျင်မှုကို ကြည့်ရှု ဆုံးဖြတ်ရမည်။

ဇာတ်ဝင်တေးဂီတဆုစံချိန်စံညွှန်း

အောက်ဖော်ပြပါ အချက်အ လက်များကို ကိုးကားပြီး ဇာတ်ဝင် တေးဂီတဆုကို ရွေးချယ်ပါမည်။

(၁) ရုပ်ရှင်ဇာတ်ကားအတွက် လိုက် ဖက်အထောက်အပံ့ဖြစ်သော ဂီတ သံစဉ်များ ဖြစ်ရပါမည်။

(၂) စကားသံကို အဓိကထားပြီး မလို အပ်သော နေရာများတွင် ဂီတသံစဉ် ကို တီးခတ်ခြင်း မပြုခြင်းသည်ပင် လျှင် ဂီတပညာရှင် ဂီတမှူး၏ အယူ အဆကို သိရှိဆုံးဖြတ်ရန်။

(၃) ဇာတ်လမ်းအပေါ် မူတည်ပြီး အနောက်တိုင်း တူရိယာပစ္စည်း သုံးစွဲ ခြင်း၊ မြန်မာတူရိယာပစ္စည်းဖြစ်သော ကြေး၊ ကြိုး၊ သားရေ၊ လေ၊ လက်ခုပ် တို့ အသုံးပြုခြင်း လိုက်ဖက်ညီမညီ၊ သင့်တော်ခြင်း ရှိ မရှိ ဆုံးဖြတ်ရန်။

(၄) ဇာတ်ကားတွင် မြန်မာသံစစ်စစ် ဂီတများ တီးခတ်ရာတွင် အစစ်အမှန် တူရိယာပစ္စည်းများဖြင့် တီးခတ်ရပါ မည်။ ဥပမာ – မြန်မာသံအလွမ်းနေ ရာတွင် Keyboard မှ တယော သံဖြင့် တီးခတ်ခြင်းမပြုရ၊ ဗုံများကို လည်း Computer ထည့်ထားသော အသံများကို တီးခတ်သုံးစွဲခြင်းမပြု ရပါ။ အမှန်အကန် မြန်မာတူရိယာ ပစ္စည်းများဖြင့်သာ တီးခတ်ရပါမည်။

(၅) ဇာတ်ဆောင်၏ အဓိက အရေး ကြီးသော စကားပြောသည့်အချိန် တွင် ဇာတ်ဝင်တီးလုံးသံစဉ်များ ညင် သာစွာ ထည့်သွင်းတီးခြင်းထက် စကားပါ အကြောင်းအရာနှင့် လိုက် ဖက်သော ဂီတအတက်၊ အကျကို မှန်ကန်စွာ တီးခတ်ခြင်းဖြင့် ဇာတ် ကား၏ ဇာတ်ရှိန်ကို ပံ့ပိုးနိုင်ခြင်း၊

(၆) အနောက်တိုင်း ဂီတသံဖြစ်စေ၊ မြန်မာသံဖြစ်စေ ဂီတမှူးသည် ကိုယ် ပိုင်ဖန်တီးရေးသားသော သံစဉ်များ ဖြစ်ရပါမည်။ ကိုယ်ပိုင်သံစဉ်ဖြင့် တီး ခတ်သော ဇာတ်ဝင်ဂီတဖြင့် ဖန်တီးသူ ပညာရှင်အား ဦးစားပေး ဆုပေးသင့်ပါသည်။

(၇) ဇာတ်ဝင်ခန်းတွင် အကြောင်း ကြောင်းကြောင့် တရုတ်၊ ကုလား၊ ဂျပန်၊ အင်္ဂလိပ်စသဖြင့် တိုင်းတစ်ပါး ဇာတ်ရုပ်များပါရှိပါက ခေတ်အလိုက်၊ နှစ်အလိုက်၊ လူသိများသော တီးလုံး သံစဉ်ကိုသာ သုံးစွဲနိုင်ပါသည်။

(၈) အဓိက ပဏာမသီချင်း (Title Song) အတွက်ကို ပြင်ပတွင်နာမည် ကြီးပြီး အခွေသွင်းပြီး သီချင်းများကို ထည့်သွင်းအသုံးပြုခြင်းအပေါ် ဆု အမှတ်ပေးရန် အသိအမှတ် မပြု သင့်။

သို့သော် ရှေးခေတ်ဟောင်း သီချင်းများ တေးရေးဆရာများ၏ တေးသီချင်းများကို ဇာတ်၏အ ထောက်အပံ့ဖြစ်သော နေရာများ တွင် ကိုယ်ပိုင်ပြန်လည်တီးခတ် သုံး စွဲခြင်းကို အမှတ်ပေးသင့်ပါသည်။

(၉) ဇာတ်ဝင်တေးဂီတ တီးခတ်ရာ တွင် ဥပမာ – ဇာတ်ကားနှစ်ကား တစ်နှစ်အတွင်း ပါဝင်လာပြီး နှစ် ကားစလုံးသည် ဇာတ်ဝင်ဂီတထူးခြား ကောင်းမွန်ခဲ့ပါလျှင် မြန်မာသံကို ဦးစားပေးသင့်။

(၁ဝ) နောင်အခါ အခွင့်သင့်လျှင် တေးသီချင်း (ဇာတ်ဝင်သီချင်း) ဆု ကိုပေးရန် စဉ်းစားသင့်ပါသည်။ ဇာတ်ကားအတွက် သီးခြာွးှTitle Song အပါအဝင် ဇာတ်ကားကို အထောက်အပံ့ဖြစ်သော ကိုယ်ပိုင် သံစဉ် ဇာတ်ဝင်သီချင်းဆုကိုပေး ရန်။)

(ဆက်လက်ဖော်ပြပါမည်)

အယ်ဒီတာတစ်ဦး

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071