အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံစစ်တုရင်အဖွဲ့ချုပ်တို့ကကြီးမှူး၍ ရန်ကုန်မြို့၌ကျင်းပခဲ့သည့် ၂၀၂၆ ခုနှစ် တိုင်းနှင့်ပြည်နယ် စစ်တုရင်ပြိုင်ပွဲ၏ စုပေါင်းတံခွန်စိုက်ဒိုင်းကို ရန်ကုန်တိုင်းအသင်းဆွတ်ခူးကဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲ၏ ဆုချီးမြှင့်ပွဲကို ဧပြီ ၄ ရက်က သင်္ဃန်းကျွန်းမြို့နယ်ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏ၌ကျင်းပရာ ရန်ကုန်တိုင်းအားကစားနှင့်ကာယပညာကော်မတီနာယက၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးအောင်နိုင်သူနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရန်ကုန်တိုင်းဝန်ကြီးချုပ်က ပြိုင်ပွဲ၌ ရွှေတံဆိပ်(၄)ခု၊ ငွေတံဆိပ်(၂)ခု၊ ကြေးတံဆိပ်(၃)ခုဖြင့် စုပေါင်းတံခွန်စိုက်ဒိုင်း၊ မြန်မာ့ရိုးရာစစ်တုရင်အလွတ်တန်းအသင်းလိုက်တံခွန်စိုက်ဆုဖလား၊ အပြည်ပြည်ဆိုင်ရာ စစ်တုရင်အလွတ်တန်းအသင်းလိုက်တံခွန်စိုက်ဆုဖလားတို့ရရှိခဲ့သည့် ရန်ကုန်တိုင်းအသင်းအား စုပေါင်းတံခွန်စိုက်ဒိုင်းနှင့် ဆုဖလားတို့ကိုပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ထို့ပြင် အပြည်ပြည်ဆိုင်ရာ စစ်တုရင်လူငယ်အသင်းလိုက်တံခွန်စိုက်ဆုဖလားရရှိသော မန္တလေးတိုင်းအ သင်းကိုလည်း တံခွန်စိုက်ဆုဖလားပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ထို့အတူ တာဝန်ရှိသူအသီးသီးမှလည်း ပြိုင်ပွဲအလိုက်ဆုတံဆိပ်ရရှိသူများ၊ တိုင်းနှင့် ပြည်နယ်အသင်းများအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုများကိုပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
