Monday, May 4, 2026

အိန္ဒိယရေတပ် အရာရှိ၊ စစ်သည်(၅၂၇)ဦးပါသည့် အိန္ဒိယရေတပ်မှစစ်ရေယာဉ်(၂)စီးရန်ကုန်မြို့သို့ရောက်ရှိလာ

အိန္ဒိယရေတပ် အရာရှိ၊ စစ်သည်(၅၂၇)ဦးပါသည့် အိန္ဒိယရေတပ်မှစစ်ရေယာဉ်(၂)စီးသည် မြန်မာနိုင်ငံတော်သို့ချစ်ကြည်ရေးခရီးလည်ပတ်ရန် ယနေ မေ ၄ ရက်ညနေပိုင်းက ရန်ကုန်မြို့သို့ရောက်ရှိလာခဲ့ကြောင်း သိရသည်။ အိန္ဒိယရေတပ်မှစစ်ရေယာဉ် INS Satpura(F-48)နှင့်...

မှတ်ပုံတင်၊ သန်းခေါင်စာရင်းများအတွက် စာရွက်စာတမ်းအတုများထုတ်ပေးသူများကိုအမှုဖွင့်တရားစွဲဆိုထား

လဝက မှဝန်ဆောင်မှုပေးနေသည့် သန်းခေါင်စာရင်း၊ နိုင်၊ ဧည့်၊ ပြုကတ်ပြားများကို Online တွင်ကြော်ငြာ၍ စာရွက်စာတမ်းအတုများထုတ်ပေးလျက်ရှိသူများကို အမှုဖွင့်တရားစွဲဆိုထားသည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနကအသိပေးခဲ့ကြောင်း သိရသည်။ လူဝင်မှုကြီးကြပ်ရေးနှင့်...

YSX တွင် အီလက်ထရောနစ်ကုမ္ပဏီသစ်တစ်ခု စာရင်းဝင်ရန်...

ရန်ကုန်စတော့အိတ်ချိန်း (YSX)၏ စတော့အရောင်းအဝယ် ဈေးကွက်အတွင်းသို့ ၂၀၂၆ ခုနှစ်အတွင်း အီလက်ထရောနစ်ဆိုင်ရာ ကုမ္ပဏီသစ်တစ်ခု စာရင်းဝင်နိုင်ရန် ပြင်ဆင်လျက်ရှိကြောင်း YSX မှ သိရသည်။ အဆိုပါ...

အာရှအမျိုးသမီး ယူ-၁၇ဖလားပြိုင်ပွဲတွင် မြန်မာအသင်းက ထိုင်းအသင်းကို...

အာရှအမျိုးသမီး ယူ-၁၇ ဖလားပြိုင်ပွဲ အုပ်စု(က) ဒုတိယပွဲစဉ်အဖြစ် မြန်မာ ယူ-၁၇ အမျိုးသမီးအသင်းနှင့် ထိုင်း ယူ-၁၇ အမျိုးသမီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက...
HomeNewsLocal Newsဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့် အိန္ဒိယရေတပ်ဦးစီးချုပ်တို့တွေ့ဆုံ

ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့် အိန္ဒိယရေတပ်ဦးစီးချုပ်တို့တွေ့ဆုံ

နှစ်နိုင်ငံနယ်စပ်ဒေသလုံခြုံရေးနှင့် တည်ငြိမ်အေး ချမ်းရေးကိုတိုးမြှင့်ဆောင်ရွက်ရန်ဆွေးနွေး

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဥ်ရောက်ရှိနေသည့် အိန္ဒိယရေတပ်ဦးစီးချုပ် Admiral Dinesh Kumar Tripathi တို့ ယနေ့ မေ ၄ ရက်ညနေပိုင်းက နေပြည်တော်၌ တွေ့ဆုံခဲ့ကြသည်။

တွေ့ဆုံစဥ် နှစ်နိုင်ငံနှင့် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်ကြား ချစ်ကြည်ရင်းနှီးစွာဆက်ဆံရေးနှင့် ဆက်လက်ပူး ပေါင်းဆောင်ရွက်ရေးဆိုင်ရာများကို တိုးမြှင့်ဆောင်ရွက်ရန်၊ နှစ်နိုင်ငံခေါင်းဆောင်များနှင့် တပ်မတော်ခေါင်းဆောင်များအပြန်အလှန်လည်ပတ်ခြင်းဖြင့် ခိုင်မာချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးတည်ဆောက်နိုင်ခဲ့မှု၊ နိုင်ငံတပ်မတော်နှစ်ရပ်ကြား အဆင့်လိုက်ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန်စေလွှတ်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် တပ်မတော်နှစ်ရပ်ကြား ယဉ်ကျေးမှုအဖွဲ့များနှင့်အားကစားအဖွဲ့များ အပြန်အလှန်အလည်အပတ်စေလွှတ်မှု၊ ပင်လယ်ရေကြောင်းကုန်သွယ်မှုဆိုင်ရာများ၊ သင်တန်းသားများစေလွှတ်ရေး၊ နှစ်နိုင်ငံရေတပ်များကြား စွမ်းဆောင်မှုဆိုင်ရာမြှင့်တင်ရေး စစ်ရေးလေ့ကျင့်ခန်းများတွင် ပူးပေါင်းဆောင်ရွက်ရေး၊ နယ်စပ်ဒေသလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့တွင် တိုးမြှင့်ဆောင်ရွက်ရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသဆောင်ရွက်မည့်အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြသည်။

ထို့အတူ မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲပြီးနောက် ပြည်သူကိုကိုယ်စားပြုသည့် အစိုးရအနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီး(၅)ရပ်နှင့်အညီ ဆက်လက်လျှောက်လှမ်းကာ ဒေသတွင်းအကျိုးစီးပွားကို ဟန်ချက်ညီဆက်လက်ဖော်ဆောင်သွားမည့်အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အိန္ဒိယရေတပ် အရာရှိ၊ စစ်သည်(၅၂၇)ဦးပါသည့် အိန္ဒိယရေတပ်မှစစ်ရေယာဉ်(၂)စီးရန်ကုန်မြို့သို့ရောက်ရှိလာ

အိန္ဒိယရေတပ် အရာရှိ၊ စစ်သည်(၅၂၇)ဦးပါသည့် အိန္ဒိယရေတပ်မှစစ်ရေယာဉ်(၂)စီးသည် မြန်မာနိုင်ငံတော်သို့ချစ်ကြည်ရေးခရီးလည်ပတ်ရန် ယနေ မေ ၄ ရက်ညနေပိုင်းက ရန်ကုန်မြို့သို့ရောက်ရှိလာခဲ့ကြောင်း သိရသည်။ အိန္ဒိယရေတပ်မှစစ်ရေယာဉ် INS Satpura(F-48)နှင့် INS Sunayna(P-57)တို့သည် ရန်ကုန်မြို့ရှိသီလဝါဆိပ် ကမ်း MITT တံတားသို့ဆိုက်ကပ်ခဲ့ရာ တပ်မတော်(ရေ)မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်များနှင့် တာဝန်ရှိသူများကကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်းသိရသည်။ အဆိုပါ စစ်ရေယာဉ်များသည် မေ ၆ ရက်အထိ(၃) ရက်ကြာနေထိုင်၍ ရန်ကုန်မြို့ရှိအထင်ကရနေရာများကို လေ့လာလည်ပတ်ခြင်း၊ ချစ်ကြည်ရေးအားကစားပြိုင်ပွဲများယှဉ်ပြိုင်ကစားခြင်းတို့ကိုပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မှတ်ပုံတင်၊ သန်းခေါင်စာရင်းများအတွက် စာရွက်စာတမ်းအတုများထုတ်ပေးသူများကိုအမှုဖွင့်တရားစွဲဆိုထား

လဝက မှဝန်ဆောင်မှုပေးနေသည့် သန်းခေါင်စာရင်း၊ နိုင်၊ ဧည့်၊ ပြုကတ်ပြားများကို Online တွင်ကြော်ငြာ၍ စာရွက်စာတမ်းအတုများထုတ်ပေးလျက်ရှိသူများကို အမှုဖွင့်တရားစွဲဆိုထားသည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနကအသိပေးခဲ့ကြောင်း သိရသည်။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက အသက်(၁၈)နှစ်ပြည့်ပြီး အကြောင်းအမျိုးမျိုးကြောင့် မှတ်ပုံတင်မရှိသေးသူများ၊ အသက်(၁၀)နှစ်ပြည့် ကျောင်းသား၊ ကျောင်းသူများအား ဥပဒေနှင့်အညီ မှတ်ပုံတင်ထုတ်ပေးခြင်းနှင့် e-ID စနစ်ဖြင့် UID ကောက်ယူခြင်းတို့ကို "လမင်း"စီမံချက်ဖြင့်ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။ ထိုသို့ ပြုလုပ်ပေးရာ၌ မှတ်ပုံတင်၊ သန်းခေါင်စာရင်းလာရောက်ပြုလုပ်သူများအား သက်ဆိုင်ရာ လဝကမြို့နယ်ရုံးများသို့လာရောက်ချိန်တွင် ရုံးများအဝင်ရှိဧည့် ကြိုကောင်တာ၌ လဝကဝန်ထမ်းများက စိစစ်စာရင်းသွင်းပြီးနောက် အခက်အခဲရှိသူများကိုအတူလိုက်ပါ၍ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း...

YSX တွင် အီလက်ထရောနစ်ကုမ္ပဏီသစ်တစ်ခု စာရင်းဝင်ရန် ပြင်ဆင်နေ

ရန်ကုန်စတော့အိတ်ချိန်း (YSX)၏ စတော့အရောင်းအဝယ် ဈေးကွက်အတွင်းသို့ ၂၀၂၆ ခုနှစ်အတွင်း အီလက်ထရောနစ်ဆိုင်ရာ ကုမ္ပဏီသစ်တစ်ခု စာရင်းဝင်နိုင်ရန် ပြင်ဆင်လျက်ရှိကြောင်း YSX မှ သိရသည်။ အဆိုပါ ကုမ္ပဏီသည် ခေတ်မီ အီလက်ထရောနစ်ပစ္စည်းများနှင့် ကျန်းမာရေးဆိုင်ရာ အီလက်ထရောနစ်ပစ္စည်းများကို တင်သွင်းဖြန့်ဖြူးလုပ်ကိုင်နေသော ကုမ္ပဏီတစ်ခုဖြစ်ပြီး Main Board တွင် စာရင်းဝင်နိုင်ရန် လိုအပ်သည့် လုပ်ငန်းစဉ်များကို ဆောင်ရွက်နေကြောင်း YSX မှ တာဝန်ရှိသူတစ်ဦးက နိုင်ငံပိုင်မီဒီယာနှင့် ပြုလုပ်သည့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။ ထို့ပြင် YSX ၏ စာရင်းဝင်အကြိုဈေးကွက်ဖြစ်သော Pre-listing Board...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071