Thursday, May 14, 2026

ရန်ကုန်နှင့် မန္တလေး ပြည်သူ့အငှားအိမ်ရာ စီမံကိန်းများအတွက်...

ရန်ကုန်တိုင်းဒေသကြီးရှိ သုခဒဂုံ ပြည်သူ့အငှားအိမ်ရာနှင့် မန္တလေးတိုင်းဒေသကြီးရှိ မင်္ဂလာရန်ကင်း ပြည်သူ့အငှားအိမ်ရာတို့၏ အခန်းဖွဲ့ကာရံခြင်းလုပ်ငန်းများအတွက် မြန်မာနိုင်ငံသား တိုင်းရင်းသားလုပ်ငန်းရှင်များအား အိတ်ဖွင့်တင်ဒါခေါ်ယူထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။ အဆိုပါလုပ်ငန်းများကို...

ကျောင်းကုန်းမြို့နယ်တွင် Football For School...

ကျောင်းကုန်းမြို့နယ် အတွင်း Football For School Program ဆိုင်ရာ လုပ်ငန်းများကို Pilot Project အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း...

မြန်မာအစိုးရ၏ မူဝါဒများကို တရုတ်ဘက်က ဆက်လက်ထောက်ခံကြိုဆိုမည်ဟု...

Chongqing မြူနီစီပယ်အစိုးရ နိုင်ငံခြားရေးဌာန ညွှန်ကြားရေးမှူးချုပ် မစ္စဝမ်းဝမ်က မြန်မာအစိုးရ၏ ဆက်လက်အကောင်အထည်ဖော်မည့် မူဝါဒများနှင့် လုပ်ငန်းစဉ်များကို တရုတ်နိုင်ငံဘက်မှ အစဉ်တစိုက် ထောက်ခံကြိုဆိုသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယင်းပြောကြားချက်ကို...

အစိုးရသစ် ရက် ၁၀၀ စီမံချက်အတွင်း...

ဥပဒေရေးရာဝန်ကြီးဌာနလက်အောက်ရှိ မြို့နယ်ဥပဒေရုံး ၁၀ ရုံးကို အစိုးရသစ်၏ ရက် ၁၀၀ စီမံချက်အတွင်း ရှေ့ပြေးဥပဒေရုံးများ (Pilot Law Offices) အဖြစ်...
HomeArticlesအဆိပ်သင့် ဗယ်လ်လင်တိုင်း

အဆိပ်သင့် ဗယ်လ်လင်တိုင်း

မနက်ဖြန် ကျွန်မမွေးနေ့။ ကျွန်မ မွေးနေ့ဆိုတာထက် ကျွန်မမွေးနေ့နဲ့ မှ တစ်ရက်တည်းလာတိုက်ဆိုင်နေတဲ့ ဖေဖော်ဝါရီလ ၁၄ရက်နေ့။ စီးပွားရေး သမားတွေ ကလင်ဒါကျဖန်တီးထား တဲ့ ချစ်သူများနေ့ပေါ့။ ကျွန်မ အ တွက်တော့ မွေးနေ့ဆိုတာ ပျော်ရွှင် စရာနေ့ တစ်နေ့ပေါ့။ ဒါပေမဲ့ ၂၁နှစ် ပြည့်မွေးနေ့ကစလို့ ကျွန်မရဲ့ရယ်သံ တွေကို ဖေဖော်ဝါရီလကထုပ်ပိုးယူ ငင်သွားခဲ့တယ် ။ ကျွန်မသိပ်ချစ်ခဲ့ရ တဲ့မောင်နဲ့လည်း မျဉ်းပြိုင်တစ်ကြောင်း လိုဖြစ်သွားခဲ့တဲ့နေ့ဆိုလည်း မမှား ဘူးပေါ့ရှင်။ ကျွန်မမောင့်ကို သိပ်ချစ် ခဲ့တယ် ။ ပြီးတော့ သိပ်မုန်းခဲ့ရတယ်။ ဟုတ်တယ်။ ကျွန်မသိပ်ချစ်မိတဲ့ မောင်ဟာ ခေတ်ပညာတတ်လူငယ် ဖြစ်နေပြီး စောင့်စည်းအပ်တဲ့ လူ့ကျင့် ဝတ်ကို မလိုက်နာနိုင်မှတော့ ဘာ များသုံးစားလို့ရတော့မှာလဲ။ လူငယ် တွေ အတော်များများ စီးပွားရေး သမားတွေရဲ့ သားကောင်ဖြစ်နေတာ ကတော့ ဗယ်လ်လင်တိုင်းဒေးက သက် သေပါပဲ။ ဗယ်လ်လင်တိုင်းဒေးကို ဗန်းပြပြီး တလွဲဆံပင်ကောင်း နေကြတာကိုလည်း တွေ့မြင်နေရရဲ့။ခေတ်ရေစီးကြောင်းအပေါ် တလွဲစီး မျောနေကြတာကို ကျွန်မစိတ်မ ကောင်းဖြစ်မိတယ် ။ ဟုတ်တယ်။ ကျွန်မကိုယ်တိုင် တလွဲဆံပင်ကောင်း သူနဲ့တွေ့ခဲ့ရဖူးတာမဟုတ်လား။ ဟို အရင်ငယ်ငယ်က ဖေဖော်ဝါရီလ ၁၄ ရက် ကျွန်မမွေးနေ့ဟာဆိုရင် ပျော်ရွှင် ခြင်းအတိ။ ကျွန်မတို့မြန်မာပြည်မှာ ဗယ်လ်လင်တိုင်းဒေးဆိုပြီး ခေတ်စားလာ တဲ့အချိန်မှာတော့ ကျွန်မရာနှုန်းပြည့် မပျော်ရွှင်ရတော့ပါဘူးလေ။ အဲဒါ လည်း ကျွန်မသိပ်ချစ်မိတဲ့ မောင့် ကြောင့်ပေါ့။ ဗယ်လ်လင်တိုင်းဒေးနဲ့ ရက်လာတူတဲ့ ကျွန်မမွေးနေ့လေးက ဓားစာခံဖြစ်သွားခဲ့ရတယ်။ မွေးနေ့ ရောက်တိုင်း အတိတ်ကအရိပ်လိုပါပဲ။

(၂)

ပြီးခဲ့တဲ့၂ဝဝ၅ခုနှစ်က ကျွန်မ အသက်၂၁နှစ်ပြည့်မွေးနေ့မှာ မောင် ပေးခဲ့တဲ့မွေးနေ့လက်ဆောင်အတွက် ကျွန်မအလွန်ပျော်ခဲ့ရတယ်။ ပျော် ရွှင်ခြင်းရဲ့အနောက်မှာ ဝမ်းနည်း ကြေကွဲမှုတွေကပ်လျက်ပါလာမယ် လို့ ကျွန်မမတွေးမိခဲ့ဘူး။ မောင့်ရဲ့ နောက်ဆက်တွဲပြဿနာကြောင့်ပဲ ကျွန်မစိတ်ဒုက္ခဖြစ်ခဲ့ရတယ်မဟုတ် လား။ ၂၁ နှစ်ပြည့်မွေးနေ့တုန်းက အကြောင်းတွေကို ကျွန်မခုထိမြင် ယောင်နေမိတုန်း။ အဆောင်မှူးက ဖုန်းလာတယ်ပြောလို့ ကျွန်မဖုန်းသွား ကိုင်လိုက်တော့ ကျွန်မသိပ်ချစ်ရတဲ့ မောင်ဖြစ်နေတယ်။

”ဟယ်လို . . မှုံရေ ၊ မနက်ဖြန် မှုံ့ကို မောင်လာခေါ်မယ်သိလား။ မွေးနေ့လက်ဆောင်လည်း မောင် စီစဉ်ထားတယ် မှုံ”

”အိုကေပါမောင်၊ မနက်၉နာရီ လောက် မှုံအသင့်ပြင်ထားလိုက်မယ် သိလား”

ကျွန်မနာမည်က မှုံနံ့သာလေ။ မောင်က မှုံလို့အဖျားဆွတ်ပြီးခေါ် နေကျပေါ့။ မိန်းကလေးတို့သဘာဝ ကိုယ်ချစ်ရသူက ဂရုတစိုက်ရှိတာကို လူတိုင်းမက်မောကြတာမဟုတ်လား။ ကျွန်မလည်း ပုထုဇဉ်မိန်မသားပဲ။ ပီတိ ဖြစ်လိုက်မိတာအလွန်။ အဲဒီည က အိပ်မက်ထဲအထိ မောင်ကပါ လာလေရဲ့။ မနက်ရောက်တော့ ကျွန်မအလှဆုံးဖြစ်အောင် ပြင်ဆင် ထားလိုက်တယ်။ မောင်က အလုပ် ရှုပ်နေလို့တဲ့။ ၁ဝ နာရီလောက်မှ ကျွန်မစောင့်နေတဲ့ အဆောင်ရှေ့ ကိုရောက်လာတယ်။ ပထမဆုံး ရွှေတိဂုံဘုရားကို သွားဖြစ်တယ်။Dagon Center မှာ ကျွန်မအတွက် မွေးနေ့လက်ဆောင် လိုက်ဝယ်ပေး အပြီး ကျွန်မသိပ်ချစ်ရတဲ့မောင်က ကော်ဖီဆိုင်လေးတစ်ဆိုင်ကိုခေါ် သွားခဲ့တယ် ။ ဟိုတယ်တစ်ခုရဲ့ရှေ့မှာ ဖွင့်ထားပေမယ့် ကျွန်မကတော့ ဘာ ရယ်မတွေးမိပါဘူး။ ကျွန်မဟမ်ဘာ ဂါစားနေတုန်းမောင်က ”ခဏနော်” ဆိုပြီးထသွားတယ် ။ ပြန်ရောက်လာ တော့ မောင့်လက်ထဲမှာနံပါတ်နဲ့ သော့တစ်စုံပါလာလေရဲ့။ ကျွန်မ ချက်ချင်းပဲမေးလိုက်တယ်။ မောင့် စကားတွေကတော့ ဟိုလိုလို ဒီလိုလို ဝေ့လို့ဝိုက်လို့။ ကျွန်မလဲစိတ်မရှည် တဲ့အဆုံး

”မောင်ကကျွန်မနဲ့အတူနေ ချင်လို့ ဒီကိုခေါ်လာတာလား”

”မရယ် ခုခေတ်မှာစုံတွဲတိုင်း ဗယ်လ်လင်တိုင်းဆို ဒီလိုပဲဖြတ်သန်း နေကြတဲ့ဟာ”

”တော်တော့မောင် ဒီနေ့က ကျွန် မမွေးနေ့၊ အလုပ်လည်းပိတ်တာမို့ မောင်နဲ့လိုက်ခဲ့တာ။ ဗယ်လ်လင်တိုင်း ဆိုတာ ကျွန်မရင်ထဲမှာမရှိဘူးမောင်”

”မက ကိုယ့်ချစ်သူအပေါ်ကို ဒါလေးတောင် မလိုက်လျောနိုင် ဘူးပေါ့ ။ ဘာလဲအပျိုစင်ဆိုတဲ့ဂုဏ်ကိုထိန်းသိမ်းထားချင်တယ်ပေါ့”

မောင်ကရွဲ့စောင်းစောင်း ပြော လာတယ် ။ ကျွန်မလည်းဖြစ်ပေါ်လာ တဲ့ ဒေါသစိတ်ကိုထိန်းချုပ်ပြီး ပြော လိုက်တယ်။ အခြားဝိုင်းတွေကလည်း လှည့်ကြည့်လာပြီလေ။

”ကျွန်မကမြန်မာမိန်းကလေး။ လက်မထပ်ရသေးခင်မှာ အပျိုစင် ဘဝထက်ပိုပြီး ဘာကိုများမက်မော ရမှာလဲမောင်”

ပြောပြောဆိုဆိုနဲ့မောင့်ကို ထားခဲ့ပြီး ကျွန်မဆိုင်အပြင်ပြေးထွက် ခဲ့တယ်။ တက္ကစီငှားပြီးပြန်လာခဲ့ တယ်။ မောင့်ကို လုံးဝပြန်လှည့်မ ကြည့်ဖြစ်တော့။

(၃)

ကျွန်မဟာနယ်ကလာပြီး ရန် ကုန်မှာ ရုန်းကန်နေရသူ။ တစ်ဖက်က အဝေးသင်တက်ရင်း ကုမ္ပဏီတစ်ခု မှာ အရောင်းဝန်ထမ်းလုပ်နေသူပါ။ နွေ၊ မိုး၊ ဆောင်း တစ်လှည့်ဆီပြောင်း လဲပြီး ကျွန်မရဲ့ အပျိုစင်ဆိုတဲ့ဂုဏ်ကို ထိန်းသိမ်းနိုင်ခဲ့ပေမယ့် မောင်နဲ့ဝေးခဲ့ ရတယ်။ မောင့်ကိုကျွန်မသိပ်ချစ်မိခဲ့ တော့ နှလုံးသားဒဏ်ရာက တော် တော်နဲ့မကျက်နိုင်ခဲ့ဘူး။ အချစ် ဒဏ်ရာကို အလုပ်နဲ့ကုစားခဲ့တယ်။ ကျွန်မရဲ့ကြိုးစားမှုကြောင့်ပဲ ရာထူး တွေတစ်ဆင့်ပြီးတစ်ဆင့် တက်ခဲ့ တယ်။ အခုဆို ကျွန်မဟာ ကုမ္ပဏီရဲ့ အရေးပါတဲ့ မားကက်တင်းမန်နေဂျာ ဖြစ်ခဲ့ပြီလေ။ အရွယ်တော်လည်း တစ်ဆိတ်ဟိုင်းခဲ့သလို ကျွန်မသိပ်ချစ် ခဲ့ဖူးတဲ့မောင်ဟာလည်း ကျွန်မဘဝထဲ မှာ လုံးဝမရှိတော့။ အနယ်ထိုင်တာ ကြာပြီဖြစ်တဲ့ ကျွန်မနှလုံးသားဟာ ဘယ်သူ့ကိုမှလက်ခံနိုင်ဖို့မလွယ်ကူ တော့။ နယ်မှာနေတဲ့အမေ့ကို ရန် ကုန်မှာခေါ်ထားနိုင်တဲ့အခြေအနေ မှာ ကျွန်မပို၍လုံခြုံလာသလိုခံစား ရတယ်။ လူကရင့်ကျက်လာလေ အချစ်နဲ့ဝေးကွာလေလေ။ ဒီလိုအဖြစ် မျိုး ကျွန်မတစ်ယောက်တည်းသာ ဖြစ်နေတဲ့ခံစားချက်များလားမသိ။ တစ်ခါတလေတော့လည်း အမေစိတ် ချမ်းသာအောင် အိမ်ထောင်ပြုမလား စဉ်းစားမိတယ်။

”ငါ့သမီးရယ်၊ သမီးလည်း ရင့် ကျက်နေပြီပဲ။ လက်တွဲဖော်ဆိုတာ လိုတယ်ကွယ့်။ မပြောကောင်း မဆိုကောင်း အမေမရှိရင် အိမ်မှာ သမီးတစ်ယောက်ထဲ အထီးကျန်နေ တော့မပေါ့။ သင့်တော်သူတွေ့ရင်လဲ လက်ထပ်ဖို့စဉ်းစားပါကွယ်”

အမေက ကျွန်မကို သားအမိနှစ် ယောက် စကားလက်ဆုံကျတိုင်း အမြဲလိုလိုတိုက်တွန်းတတ်တယ်။ ကျွန်မတို့ရုံးရဲ့ကြော်ငြာဌာနက ကြော် ငြာမန်နေဂျာက ကျွန်မကိုလက်ထပ် ပါရစေတဲ့။ သူ့အမည်က သူရနိုင်။ ခွင့်တောင်းထားတာ အတော်ကြာပြီ။ ကျွန်မလည်း စဉ်းစားဦးမယ်လို့ ပြောထားတယ်။ သူကလည်း တဂျီ ဂျီရယ်။ အချိန်ရတိုင်းကိုမေးနေ တတ်တာ။ ဒါတောင် ကျွန်မနဲ့ဌာန ချင်းမတူလို့။ အလုပ်သဘောအရ ကျွန်မလည်းခရီးထွက်ရတတ်သလို သူကလည်းကြော်ငြာနဲ့ပတ်သက်ပြီး ခရီးထွက်ရတဲ့အခါရှိတယ်။ ဒါပေမဲ့ ခရီးစဉ်ထွက်ရတာ ချင်းမတူပါဘူး။ သူကဧရာဝတီတိုင်းဘက် ရောက် နေရင် ကျွန်မကမကွေးဘက်ရောက် ချင်ရောက်နေတတ်တာလေ။ကိုသူ ရနိုင်က မကြာခဏလိုက်ပို့တတ် လေတော့ ကျွန်မအမေနဲ့လည်း ရင်းနှီးနေပါပြီ။ ကျွန်မကလည်း အမေ့ကိုမညာတတ်တော့ အကုန် ပြောပြထားတယ်။ အမေကလည်း ကျွန်မနဲ့သဘောတူထားလေရဲ့။ ဒီနှစ် ကျွန်မတို့ရုံးက နှစ်ကူးအထိမ်း အမှတ်နဲ့ ချောင်းသာကိုလိုက်ပို့တယ်။ သိတဲ့အတိုင်းပဲ။ ကိုသူရနိုင်လည်း ပါတယ်လေ။ တဂျီဂျီလုပ်လွန်း တဲ့သူ့ကို ကျွန်မကတိပေးလိုက်တယ်။ နောက်နှစ်ဆို ကျွန်မအသက် ၃၃ နှစ်ပြည့်တော့မယ်မဟုတ်လား။

”ကျွန်မမွေးနေ့ကျော်ပြီးရင် သေချာတဲ့အဖြေတစ်ခု ပေးပါ့မယ် ကိုသူရနိုင်။ နှစ်လလောက်တော့ သည်းခံပေးပါဦးရှင်”

(၄)

ဒီနေ့ ကျွန်မမွေးနေ့။ မနက်ပိုင်း ကို ဘုန်းတော်ကြီးကျောင်းကိုဆွမ်း ချိုင့်ပို့လိုက်တယ်။ မရောက်ဖြစ်တာလည်းအတော်ကြာပြီဖြစ်တဲ့ ရွှေတိဂုံ ဘုရားကို အမေနဲ့အတူထွက်လာ ခဲ့တယ်။

”သမီးရေ ၊ သမီးနံ့သာ။ ဟိုမှာ မောင်သူရမဟုတ်လား”

အင်းယားလမ်းနဲ့ဓမ္မစေတီလမ်း ဆုံမီးပွိုင့်မှာ ကားပိတ်နေတုန်း ကျွန်မအမေ့အသံကြောင့် ကျွန်မ လှမ်း ကြည့်လိုက်တယ်။ ကိုသူရနိုင်မှ ကိုသူရနိုင်အစစ်။ မိန်းကလေးတစ် ယောက်ရဲ့ခါးကိုဖက်ပြီး သစ်သီး တန်းနားက မိုတယ်တစ်ခုထဲကို ပြုံးရွှင်စွာဝင်သွားတာကို ကျွန်မမြင် လိုက်ရတယ်။

”ဟုတ်တယ်အမေ”

အမေ့ကိုပြန်ဖြေရင်း ကျွန်မ မချိပြုံး ပြုံးလိုက်မိတယ်။ မိုတယ် ရဲ့မျက်နှာစာက

”ံHappy Valetine’s Day, Special Discount” ဆိုတဲ့ စာတန်းလေးက ကျွန်မကို လှောင် ရယ်နေလေရဲ့။

မိုးယံဝင့်ထည်

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071