Monday, May 4, 2026

စင်ကာပူနှင့် နူးဇီလန်တို့ ထောက်ပံ့ရေး သဘောတူညီချက်...

မေလ ၄ ရက် စင်ကာပူနှင့် နူးဇီလန်နိုင်ငံတို့သည် အကျပ်အတည်းကာလများအတွင်း အစားအစာ၊ စက်သုံးဆီ၊ ကျန်းမာရေးစောင့်ရှောက်မှု ထုတ်ကုန်များ၊ ဓာတုဗေဒပစ္စည်းများနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ အပါအဝင် မရှိမဖြစ်လိုအပ်သော...

ပြုံယမ်းနှင့်‌မော်စကိုတို့၏ ကာကွယ်ရေးပဋိညာဉ်က တရုတ်ကို စိုးရိမ်စေ

မြောက်ကိုရီးယားနှင့် ရုရှားနိုင်ငံတို့အကြား (၅) နှစ်တာ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ်သည် မြောက်ကိုရီးယား၏ စစ်ဘက်ဆိုင်ရာ ခေတ်မီတိုးတက်ရေးကို ကဏ္ဍစုံမှ အရှိန်မြှင့်တင်ပေးနိုင်သောကြောင့် တရုတ်နိုင်ငံအနေဖြင့် စိုးရိမ်မကင်းဖြစ်ကောင်းဖြစ်နိုင်သည်ဟု...

ရေနံစိမ်းထောက်ပံ့ဖြည့်တင်းမှုအရေး အာဆီယံ၊ ဂျပန်၊ တရုတ်၊...

အာဆီယံ၊ ဂျပန်၊ တရုတ်နှင့် တောင်ကိုရီးယားနိုင်ငံများ၏ ဘဏ္ဍာရေးအကြီးအကဲများသည် အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် ရေနံစိမ်းထောက်ပံ့ဖြည့်တင်းမှုနှင့်ပတ်သက်၍ ၎င်းတို့သည် စိုးရိမ်ပူပန်နေကြကြောင်း တနင်္ဂနွေနေ့တွင် ပြောကြားခဲ့ကြပြီး တူညီသော စိန်ခေါ်မှု...

ဟော်မုဇ် ရေလက်ကြားအနီးယူအေအီးကမ်းလွန်တွင် ရေနံတင်သင်္ဘောတစ်စင်းအပစ်ခံရ

လန်ဒန်၊ မေ ၄ ရက် အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး)၏ ကမ်းလွန်တွင် တနင်္ဂနွေနေ့ ညနေပိုင်းက ရေနံတင်သင်္ဘောတစ်စင်းကို မည်သည့်အဖွဲ့ကမှန်းမသိသော အဖွဲ့က ပစ်ခတ်ခဲ့ကြောင်း ယူကေ...
HomeCelebrities' Newsပရိသတ် ဖြစ်စေချင်တဲ့ ရွှေမှုံရတီ...

ပရိသတ် ဖြစ်စေချင်တဲ့ ရွှေမှုံရတီ ဖြစ်အောင် ကြိုးစားနေပါတယ် ရွှေမှုံရတီ

သရုပ်ဆောင် ရွှေမှုံရတီကတော့ အနုအရွ ဇာတ်ရုပ်မျိုးစုံကို ပီပြင်အောင် သရုပ်ဆောင်နိုင်မှုတွေကြောင့် ပရိသတ် အားပေးမှု အပြည့် အဝရရှိထားသူ တစ်ဦးလည်းဖြစ်ပါတယ်။ ပရိသတ်အားပေးမှု ရရှိထားတဲ့သရုပ်ဆောင် တစ်ဦးဖြစ်တဲ့ ရွှေမှုံရတီကတော့ သူမရဲ့နေထိုင်မှု ပုံစံနဲ့ ပတ်သက်ပြီး ပရိသတ် တစ်ချို့ရဲ့ဝေဖန်မှုနဲ့လည်ကြုံတွေ့ နေရပါတယ်။ တစ်ချို့ ပရိသတ်တွေရဲ့ ဝေဖန်မှုက သူမရဲ့အနုပညာကို ထိခိုက်စေလားလို့ မေးမြန်းခဲ့ရာ . . .

”ပရိသတ် ဝေဖန်မူတွေကတော့ အများကြီးရှိပါတယ်။ ပရိသတ် ဝေဖန် မှုတွေက ညီမရဲ့ အနု ပညာကို မထိခိုက်ပါဘူး။ ညီမကို ဝေဖန်တာပဲဖြစ်ဖြစ် အားပေးတာပဲ ဖြစ်ဖြစ် အရာအားလုံးကို ညီမရဲ့ လိုအပ်ချက်နဲ့ အားသာမှုတွေကို ထောက်ပြတာ ဖြစ်တယ်။ အဲဒါတွေကို ညီမ မသိဘူးဆိုရင်ကိုယ့်ကိုယ်ကိုယ် ဘယ်ဟာလိုတယ်၊ဘယ်ဟာပိုတယ်ဆိုတာကို မသိဘဲနဲ့ လုပ်ချင်ရာလုပ် နေမိမှာပါ။ ညီမကို ဝေဖန်ပေးမှလည်း ညီမဘယ်ဟာကို လိုတိုးပိုလျှော့ လုပ်ရမယ်ဆိုတာ သိမှာလေ။ အဲဒါကြောင့်လည်း ညီမကို ဝေဖန်ပေးတဲ့အတွက် အများကြီး ကျေးဇူးတင်ပါတယ်။ အခုချိန်ကစပြီး ညီမပရိသတ် ဖြစ်စေချင်တဲ့ ရွှေမှုံရတီဖြစ် အောင် အကောင်းဆုံး ကြိုးစားနေပါတယ်” လို့ ပြောပြခဲ့ပါတယ်။

ပရိသတ် ဝေဖန်မှုများထဲက တစ်ခုဖြစ်ပါတယ်။ ငယ်ငယ်လေးက တည်း က စပြီးရေကူးတာပါလို့ပြောလာတဲ့ရွှေမူံရတီက . . .

” ညီမကငယ်ငယ်လေးကတည်းက ရေကူးဖြစ်ပါတယ်။ အဲ့ဒါကြောင့် လည်း ဒီလောက် အရပ်ရှည်တာပေါ့နော်။ အားကစား တစ်ခု အနေနဲ့ငယ်ငယ်လေးကတည်းက တစ် စိုက်မတ်မတ် လုပ်ဖြစ်တယ်။ နောက် ပိုင်းတော့ မင်းသမီးဖြစ်လာတဲ့အခါ ဓာတ်ပုံလေးတွတင်ဖြစ်တော့ နည်း နည်းလူသိပြီး ခေတ်စားသွား တယ်ဆိုတဲ့ သဘောလောက်ပါ ပဲ။ ညီမက အခုချိန်မှာ သာမန်လူ တစ်ယောက်ဖြစ်ပြီး ရေကူးကန် မှာ ရေကူးဝတ်စုံနဲ့ တင်မယ်ဆိုရင် လည်းဘာမှထူးခြားမှာမဟုတ် ပါဘူး။ သာမန် မိန်ကလေးတွေ လည်း ရေကူးကန် မှာ ရေကူးဝတ်စုံနဲ့ အလှဓာတ်ပုံ ရိုက်ကြတာပဲ။ တစ်ချို့ ဆိုရင် ယောက်ျားလေးတွေတောင် ရိုက်ကြပါတယ်”လို့ ပြောပြခဲ့ပါတယ်။

ဇော်ဝင်းအောင်

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071