Thursday, June 25, 2026

XtraSure ၏ကောင်းသောနေ့များဆီသို့ CSR လူမှုအကျိုးပြုအစီအစဉ်ကျင်းပပြုလုပ်

မြန်မာနိုင်ငံတွင် သူမတူအကောင်းဆုံးသော Apple Experience များကို ပေးအပ်နေသော Apple Authorized Reseller ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် XtraSure ရဲ့ ကောင်းသောနေ့များဆီသို့...

AYA Bank အပလီကေးရှင်း ပေါ်တယ်အဟောင်းတစ်ခုမှ...

မြန်မာနိုင်ငံ၏ ထိပ်တန်းပုဂ္ဂလိကဘဏ်တစ်ခုဖြစ်သော ဧရာဝတီဘဏ် (AYA Bank) တွင် အသုံးပြုခဲ့သည့် ပေါ်တယ်အဟောင်းတစ်ခုမှတစ်ဆင့် သုံးစွဲသူအချို့၏ အချက်အလက်များ ပြင်ပသို့ ပေါက်ကြားသည့် ဖြစ်စဉ်တစ်ခု...

AYA Bank Application Portal...

Cyber Security ဆိုင်ရာ လုံခြုံရေးစနစ်များ ထပ်မံမြှင့်တင်နေပြီး သုံးစွဲသူများ၏ ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်များ ဘေးကင်းလုံခြုံစွာ ရှိနေကြောင်း AYA Bank ထုတ်ပြန် AYA...

ရန်ကုန်မြို့ရှိ ယာဥ်ရပ်နားသည့်နေရာများ၌ အတားအ ဆီးထပ်ချသူများကို...

ရန်ကုန်မြို့ရှိလမ်းများပေါ်နှင့် ယာဥ်ရပ်နားသည့်နေရာများ၌ အတားအဆီးထပ်ချသူများကို ရန်ကုန်မြို့တော်စည် ပင်ဥပဒေ(၂၀၁၈)ပါပြဋ္ဌာန်းချက်များအတိုင်းအ ရေးယူမည်ဟု ရန်ကုန်တိုင်းစည်ပင်ဝန်ကြီးဦးမျိုးမြင့်အောင်က ပြောသည်။ လက်ရှိအချိန်တွင် မြို့နယ်စည်ပင်တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးပြီး အတားအဆီးများကိုဖယ်ရှားရှင်းလင်းလျက်သော်လည်း အချို့နေရာများတွင် ပြန်ချထားသဖြင့်...
HomeCelebrities' Newsဟာသ ဇာတ်ကားတွေ ဘာကြောင့်...

ဟာသ ဇာတ်ကားတွေ ဘာကြောင့် ရိုက်ဖြစ်နေတာလဲ ခန့်စည်သူ

သရုပ်ဆောင် ခန့်စည်သူက ဒါရိုက်တာကိုဇော် (အရုဏ်ဦး) ရိုက်ကူးထားတဲ့ ‘မယား ကြောက်ရွာ’ ရုပ်ရှင်ဇာတ်ကားမှာ ဆေးဆရာတစ်ယောက်ရဲ့ နေရာကနေ ပါဝင် သရုပ်ဆောင် ထားပါတယ်။ ပြီးတော့ ဒီဇာတ်ကားမှာ ခန့်စည်သူက ခိုင်သင်းကြည်နဲ့ လင်မယားအဖြစ် သရုပ် ဆောင်တဲ့အခါမှာလည်း  အတွဲညီညီနဲ့ သရုပ်ဆောင်ထားတာကိုတွေ့ခဲ့ရပါတယ်။ ဒီလို အတွဲညီညီ သရုပ်ဆောင်ထားနိုင်မှုတွေကိုတော့ ခန့်စည်သူက………….

“ကျွန်တော်က ဒီဇာတ်ကားမှာ ဆေးဆရာ ဇာတ်ရုပ်နဲ့ ပါဝင်ရပါ တယ်။ ဆေးဆရာဆိုတော့ ဆေးဆရာ ပုံစံမျိုးဖြစ်အောင် ပြင်ဆင် ရတယ်ပေါ့နော်။ ဆေးဆရာ ဆိုတာလည်း ရိုးရိုးဘိန္နော ဆရာပေါ့နော် ။အဲဒီပုံစံမျိုးလေးပေါ့။ မခိုင်လေးနဲ့ကျွန်တော်တို့က ဇာတ်ကားပေါင်း တော် တော်များများမှာလည်း အပေးအယူမျှမျှနဲ့ တွဲဖူးပါတယ်။ တစ်ယောက်အထာလည်း တစ်ယောက် ကောင်းကောင်း သိတယ်။ကျွန်တော်တို့နှစ်ယောက်က ဟိုးအရင်တုန်းကတော့ ရည်းစားခန်းတွေ ပေါ့။ အခုနောက်ပိုင်းတော့ အိမ် ထောင်ရေးကားတွေမှာ၊ လင်မယား အခန်းတွေ တွဲနေရတယ်။ တစ်ယောက်အထာလည်း တစ်ယောက်ကောင်းကောင်း သိပါတယ်။ အပေးအယူလည်း သိနေကျတော့ ဒီဇာတ်ကားလေးမှာ အဆင်ပြေပြေနေနဲ့ လိုက်ဖက်တဲ့ အတွဲလေး ဖြစ်သွား တယ်လို့ ထင်ပါတယ်”လို့ ပြောပါတယ်။

ဆေးဆရာဆိုတော့ ဆေးဆရာ ပုံစံမျိုးဖြစ်အောင် ပြင်ဆင် ရတယ်ပေါ့နော်။ ဆေးဆရာ ဆိုတာလည်း ရိုးရိုးဘိန္နော ဆရာပေါ့နော် ။အဲဒီပုံစံမျိုးလေးပေါ့။ မခိုင်လေးနဲ့ကျွန်တော်တို့က ဇာတ်ကားပေါင်း တော် တော်များများမှာလည်း အပေးအယူမျှမျှနဲ့ တွဲဖူးပါတယ်။ တစ်ယောက်အထာလည်း တစ်ယောက် ကောင်းကောင်း သိတယ်။

ကျွန်တော်တို့နှစ်ယောက်က ဟိုးအရင်တုန်းကတော့ ရည်းစားခန်းတွေ ပေါ့။ အခုနောက်ပိုင်းတော့ အိမ် ထောင်ရေးကားတွေမှာ၊ လင်မယား အခန်းတွေ တွဲနေရတယ်။ တစ်ယောက်အထာလည်း တစ်ယောက်ကောင်းကောင်း သိပါတယ်။ အပေးအယူလည်း သိနေကျတော့ ဒီဇာတ်ကားလေးမှာ အဆင်ပြေပြေနေနဲ့ လိုက်ဖက်တဲ့ အတွဲလေး ဖြစ်သွား တယ်လို့ ထင်ပါတယ်”လို့ ပြောပါတယ်။

 ကိုယ်ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားများကို ရုပ်ရှင်ရုံပေါ်မှာ ပြန်လည်ကြည့်ရှုတဲ့ အခါမှာ ပရိသတ်တယောက်အနေနဲ့ ခံစားကြည့်ရှုတာထက် ကိုယ့်ကို ကိုယ်စာမေးပွဲစစ်တဲ့ အနေနဲ့ပဲ ပြန်ကြည့်ဖြစ်တာများကြောင်းကို ခန့်စည်သူက “ကျွန်တော်ကတော့ ပရိသတ်အနေနဲ့ ခံစားပြီး ကြည့်တာနည်းတယ်။ အဲဒီဇာတ်ကားကို  ကြည့်ရင်း ကြည့်ရင်းနဲ့ ကိုယ့်အပြစ်ကို ပြန်ရှာ ကြည့်တာက များတယ်ပေါ့နော်။ ဘယ်နေရာလေးတွေမှာ Respond ကို ဒီထက်ပိုလုပ်လိုက် ရင်ကောင်းမယ်။ ဘယ်နေရာမှာလေးမှာတော့ Respond တွေ လျှော့ချလိုက်ရင် ကောင်းမယ်။ တစ်ချို့ တော်ကီလေးတွေကို ဘယ်လိုပြန်ပြောင်းလိုက်ရင် ကောင်းမယ်။ အဲဒီသဘော မျိုးလေးနဲ့ပဲ ကိုယ့်က်ုကိုယ် စာမေးပွဲစစ်တဲ့အနေနဲ့ပဲ ပြန်ကြည့်တာ များပါတယ်” လို့ ပြောပါတယ်။

ခန့်စည်သူ ပါဝင်သရုပ်ဆောင်ထားတဲ့  ‘မယားကြောက်ရွာ’ ရုပ်ရှင် ဇာတ်ကားဟာဆိုရင် အချစ်ဟာသ ဇာတ်မြူးရုပ်ရှင်ဇာတ်ကားလေး ဖြစ်တာနဲ့အညီ ပါဝင်သရုပ်ဆောင်ကြတဲ့ သရုပ်ဆောင် အားလုံးကလည်း လာရောက်ကြည့်ရှုကြတဲ့ ပရိသတ် များအတွက် လာကြည့်တဲ့ ၂ နာရီ အတွင်းမှာ ဘဝအမောတွေ သောက အမောတွေ ပြေ ပျောက်စေနိုင်ဖို့အတွက်  အစွမ်းကုန်ကြိုးစားထားကြောင်း ခန့်စည်သူက ပြောပါတယ်။ အခုလတ်တလောမှာလည်း သူ့အနေနဲ့ ပရိသတ်များ ဘဝ အမော သောကအမောတွေ ပြေစေနိုင်မယ့် ဇာတ်ကားများကို ရိုက်ကူးပေး ဖြစ်နေကြောင်းကိုလည်း ခန့်စည်သူက “ကျွန်တော်တို့ကတော့ ဘဝ  အမော သောကအမောတွေ ပြေစေနိုင်မယ့် ဟာသဇာတ်ကားလေးတွေ ရိုက်ကူးနေပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်ကိုယ်တိုင် ကလည်း ဝါသနာပါတယ်။ ဟာသ ဇာတ်ကားတွေ များနေလို့ ပုံသွား လား ဆိုတော့လည်း အဲဒီအပေါ်မှာတော့ ဘာမှမရှိပါဘူး။ ကျွန်တော် ကတော့ ဝါသနာပါပါတယ်”လို့ပြောပြပါတယ်။ ဒီလိုဟာသ ဇာတ် ကားတွေကို ဝေဖန်ပြောဆိုနေတဲ့ စကားသံတွေအပေါ်ကိုလည်း  “အပြု သဘောကိုဝေဖန်တဲ့ အပေါ်မှာတော့ အနုပညာသမားတွေက လက်ခံ ရမှာပါ။ မနာလိုလို့ တိုက်ခိုက်တဲ့အပေါ်ကိုတော့ တစ်ပိုင်းရှိရင်ရှိမှာ ပေါ့နော်။ အပြုသဘောကို ဝေဖန်တဲ့အပေါ်မှာ ဒါမျိုးတွေ လုပ်သင့်တယ်၊ မလုပ်သင့် ဘူးဆိုတာ တကယ်သိ တကယ်တက်တဲ့ ပညာရှင်တွေက ထောက် ပြရင်တော့ ကျွန်တော်တို့ အနုပညာသမားတွေက လက်ခံရမှာပါ” လို့ ခန့်စည်သူက ပြောပါတယ်။

ဇင်မာနွယ်  

ဓာတ်ပုံ-ဇော်ဝင်းအောင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071