ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ကျင်းပမယ့် Mister & Miss Teen International 2017 ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်နေကြတဲ့ Mister Alexandar Lamung နဲ့ Miss Margret

0
141

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ စက်တင်ဘာလ ၁၈ ရက်နေ့မှ ၂၄ ရက်နေ့ထိ ကျင်းပပြုလုပ်မယ့် Mister & Miss Teen International 2017, International Teen Of The Year 2017  ပြိုင်ပွဲကြီးကို မြန်မာနိုင်ငံကိုယ်စားပြု အဖြစ် Mister Teen International Myanmar 2017  Alexandar Lamung  နဲ့ Miss  Teen International Myanmar 2017  Margret တို့က သွားရောက်ယှဉ် ပြိုင်နေကြပါတယ်။ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ စက်တင်ဘာလ ၁၈ ရက်နေ့မှ ၂၄ ရက်နေ့ထိ ကျင်းပပြုလုပ်မယ့် Mister & Miss Teen International 2017, International Teen Of The Year 2017  ပြိုင်ပွဲကြီးကို မြန်မာနိုင်ငံကိုယ်စားပြု အဖြစ် Mister Teen International Myanmar 2017  Alexandar Lamung  နဲ့ Miss  Teen International Myanmar 2017  Margret တို့က သွားရောက်ယှဉ် ပြိုင်နေကြပါတယ်။
Final ပွဲကိုတော့  စက်တင်ဘာလ ၂၃ ရက် နဲ့ ၂၄ ရက် နေ့တို့မှာ ကျင်းပမှာဖြစ်ပြီး  ပြိုင်ပွဲအတွက် Voting စနစ်များကလည်း အခုကတည်းက စတင် လက်ခံနေပြီးဖြစ်တယ်လို့ သိရပါတယ်။  အဆိုပါ ပြိုင်ပွဲ ကို သွားရောက် ယှဉ်ပြိုင်နေတဲ့ ကချင်တိုင်းရင်းသားဖြစ်သူ Mister Teen International Myanmar 2017 Alexandar Lamung က … ကျွန်တော်က Myanmar beauty Paradise men of the year  ပြိင်ပွဲမှာ  Titile ဆု တစ်ခုရထားတဲ့သူပါ။ ပြည်ပပြိုင်ပွဲ အနေနဲ့ ကျွန်တော် ဒီပြိုင်ပွဲက ပထမဆုံး အနေနဲ့ ဝင်ရောက် ယှဉ်ပြိုင်ဖြစ်တာပါ။ အတွေ့အကြုံ ကတော့ နည်းပါသေး တယ်။ ပြီးတော့ ဒီပြိုင်ပွဲကို သွားပြိုင်ဖို့ ရက်ကလည်း အနီးကပ်မှ သိလိုက်ရတယ်။ အဲဒီတော့ ပြင်ဆင်ချိန်တော့ နည်းပါတယ်။ ဒါပေမဲ့လည်း စီစဉ်စရာ၊ ပြင်ဆင်စရာ အားလုံး ကိုတော့ အကောင်းဆုံး ပြင်ဆင်ထားပါတယ်။ မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ သွား ရောက်ယှဉ်ပြိုင်ရမှာ ဆိုတော့ ရင်လည်း တအားခုန်ပါတယ်။ မြန်မာနိုင်ငံ ကိုယ် စားပြုတစ်ယောက် အနေနဲ့လည်း အကောင်းဆုံး ကြိုးစားလာပါ့မယ်။ ဒီပြိုင်ပွဲမှာ National Costume  အတွက်ကို နာဂတိုင်း ရင်းသားဝတ်စုံကို ဖန်တီးထားပါတယ်။ အခုဆိုရင်ပြိုင် ပွဲရဲ့ Voting စနစ်တွေလည်း စနေပြီဆိုတော့ အားပေးကြပါဦး။ ကျွန်တော်က ကချင် တိုင်းရင်းသားပါ။ တိုင်းရင်းသား  ဗမာ၊ ကချင်ဆိုတာမျိုး ခွဲခြား တာမရှိပဲ ကျွန်တော့်ကို အားပေးကြပါအုံး”လို့ ပြောပြပါတယ်။
ဒီ့အပြင် Miss Teen International Myanmar 2017  Margret  ကလည်း သူ့အနေနဲ့ ပြိုင်ပွဲအတွက် ပြင်ဆင်ထားရှိခဲ့ပုံ များကို အခုလိုပြောပြခဲ့ပါတယ်။ “ညီမက ပြိုင်ပွဲ အတွက်တော့ အများကြီး ပြင်ဆင်ထားပါတယ်။ သူများ နိုင်ငံမှာ သွားရောက်ယှဉ်ပြိုင် ရမှာဆိုတော့ ပြိုင်ပွဲ အဆင့်ဆင့်ကိုလည်း ယှဉ်ပြိုင်ရမှာဆိုတော့ National Costume  အတွက်ရော Calk Walk ပိုင်းဆိုင်ရာတွေ Talent အတွက်ပါ အားလုံးတော့ ပြင်ဆင်ထားပါတယ်။ သူများနိုင်ငံမှာ ဆိုတော့ ဘာသာ စကားက လည်း အင်္ဂလိပ်လို ပြောရမှာဆိုတော့ အဲဒီအတွက်လည်း အစောကတည်းက ပြင်ဆင်ထားတယ်။ လေ့လာထားပါတယ်။ National Costume အတွက်ကကျ တော့လည်း ညီမက ချင်းတိုင်းရင်းသူ ဖြစ်တဲ့အတွက်ကြောင့် ချင်းရိုးရာ ဝတ်စုံကို National Costume  အနေနဲ့ ပြင်ဆင်ထားပါတယ်။ နောက်တစ်စုံ ကတော့ မြန်မာနိုင်ငံမှာ အထင်ကရဆုံး နေရာ တစ်ခုဖြစ်တဲ့ ချင်းပြည်နယ်မှာ တည်ရှိတဲ့ အသည်း နှလုံး ရိရေကန်နဲ့ ရိရေကန်ရဲ့ ဒိုင်ယာရီကို inspire လုပ်ထားပြီးတော့ ချင်းရိုးရာ ဝတ်စုံရယ်၊ ပြီးတော့ ချင်းရိုးရာ လက်ဝတ် ရတနာတွေကို ပုံဖော်ပြီး ချုပ်ထားတဲ့  ဝတ်စုံဖြစ်ပါတယ်။ ပြိုင်ပွဲအတွက် အစစ အရာရာကို အကောင်းဆုံး ပြင်ဆင်ထားသလို ပြိုင်ပွဲမှာလည်း မြန်မာနိုင်ငံ ကိုယ်စားပြု တစ်ယောက်အနေနဲ့ အကောင်းဆုံး ကြိုးစားပါ့မယ်။ ပြိုင်ပွဲမှာလည်း ညီမအနေ နဲ့ ရလဒ် ကောင်းတွေ ရလာလိမ့်မယ်။ ဆုတွေ ရရှိလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။ ညီမကို အားပေးမယ့် ပရိသတ် တွေ ၊ အားပေးချင်တဲ့ ပရိသတ်တွေ အနေနဲ့လည်း ညီမတို့ ပြိုင်ပွဲက အခုကတည်းက Voting တွေစပြီး လက်ခံနေတဲ့ အတွက် မဲပေးပြီး အားပေးကြပါဦးလို့ ညီမ တောင်းဆိုချင်ပါတယ်” လို့ Miss Teen Internatonal Myanmar 2017 Margert  က ပြောပြခဲ့ပါတယ်။
ဇင်မာနွယ်ဓာတ်ပုံ မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here