Saturday, May 2, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ရော်ဘာတန်ချိန်...

ပြီးခဲ့သည့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ပသို့ ရော်ဘာတန်ချိန် (၃)သိန်းခန့် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ သန်း(၄၀၀)ကျော် ရရှိခဲ့ကြောင်းမြန်မာနိုင်ငံရော်ဘာစိုက်ပျိုး ထုတ်လုပ်ရောင်းချသူများအသင်းမှ သိရသည်။ အဆိုပါရော်ဘာ တန်ချိန်...

မအူပင်မြို့၏ အနက် (၅) ကီလိုမီတာကိုဗဟိုပြု၍...

ဧရာဝတီတိုင်း၊ မအူပင်မြို့၏ အနက် (၅) ကီလိုမီတာကိုဗဟိုပြု၍ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခု မေ ၁ ရက်ည ၉ နာရီ ၂၁ မိနစ်...

မြန်မာနိုင်ငံအတွင်း တရားမဝင်ဝင်ရောက်နေထိုင်လျက်ရှိသည့်  ပြည်ပနိုင်ငံသား ၄၃...

မြန်မာနိုင်ငံအတွင်း တရားမဝင်ဝင်ရောက်နေထိုင်လျက်ရှိသည့်  ပြည်ပနိုင်ငံသား ၄၃ ဦးကို ရှမ်းပြည်နယ် တောင်ပိုင်း ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့၊ ဝမ်မိုင်ကျေးရွာအနီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ယမန်နေ့ မေလ...

ပြည်သူလူထု၏ဆန္ဒများကို အထူးအလေးထားအကောင်အထည် ဖော်ဆောင်ရွက်ပေးရမည်ဟုပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီပြော

လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ပြည်သူလူထု၏ဆန္ဒများကို အထူးအလေးထားအကောင်အထည် ဖော်ဆောင်ရွက်ပေးရမည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက ပဲခူးတိုင်းရှိ လွှတ်တော်ကိုယ်စားလှယ်များနှင့် မေ ၁ ရက်ကတွေ့ဆုံစဥ်ပြောကြားခဲ့ခြင်းဖြစ်သည်။ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် နိုင်ငံသူ၊ နိုင်ငံသားများကို...
HomeMyanmar Theatrical Traditionနောင်တွင် ဥဒါန်းတွင်စေသတည်း' ရုပ်ရှင်ဇာတ်ကားမှာ...

နောင်တွင် ဥဒါန်းတွင်စေသတည်း’ ရုပ်ရှင်ဇာတ်ကားမှာ ဆရာဝန်ဇာတ်ရုပ်အတွက်ဖိုးချစ် ဘယ်လိုပြင်ဆင်ခဲ့လဲ

Phoe-Chit-(1)

ဒါရိုက်တာ အကယ်ဒမီမြို့တော် မောင်ယဉ် အောင် ရိုက်ကူးတဲ့ ‘နောင်တွင် ဥဒါန်းတွင်စေသတည်း’ ရုပ်ရှင်ဇာတ်ကားက ရိုက်ကူးပြီးစီးခဲ့ပြီလည်း ဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားထဲမှာ ဖိုးချစ်က ဆရာဝန်တစ်ဦး အဖြစ်သရုပ်ဆောင်ထားပါတယ်။ ဖိုးချစ်က သူ့အနေနဲ့ ဇာတ်ရုပ်အတွက် အတတ်နိုင် ဆုံးစိတ်နှစ်ပြီးကြိုးစားထားကြောင်းလည်း ပြောပါ တယ်။ ဒီဇာတ်ကားက ဆရာဝန်တစ်ယောက်ရဲ့သစ္စာ ကို ရိုက်ပြမှာဖြစ်ပြီး ဆရာဝန်တစ်ယောက်အနေနဲ့ သူဘယ်လိုစိတ်ထည့်ပြီး ကြိုးစားထားလဲဆိုတာကို လည်းသူက…

“ရူးရူးသွပ်သွပ်နဲ့ကို ဒီဇာတ်ကားအပေါ်မှာ ကြိုး စားထားပါတယ်။ဇာတ်လမ်းကတော့ ဆရာနဲ့ကတွေ့ တိုင်းပြောဖြစ်တယ်။ အဲဒီခံစားမှုကို အစောကြီးက တည်းက သွင်းထားတယ်။ ဇာတ်ကားရိုက်ကူးတဲ့ အချိန်မှာလည်း တခြားရဲ့ Pressure တွေ၊ တစ်ခြား လုပ်ငန်းကိစ္စတွေ ဝင်မလာအောင်သီးခြားရက်တွေ နားပြီးတော့ကို ပြင်ဆင်ထားခဲ့တယ်။ ပြင်ဆင်မှု အပိုင်းကတော့ တခြားဇာတ်ကားတွေထက်စာရင် ကျွန်တော် အချိန်ပိုပေးဖြစ်ပါတယ်။ ဆရာဝန်တစ် ယောက်ကတော့ ရန်သူပဲဖြစ်ဖြစ်၊ မိတ်ဆွေပဲဖြစ်ဖြစ် ကိုယ့်ရှေ့ရောက်လာတဲ့လူနာကို သူအသက်ရှင်ခွင့်ရ အောင်ကြိုးစားပြီးတော့ အစွမ်းကုန် ကုသပေးရမှာ ဆရာဝန်တစ်ယောက်ရဲ့သစ္စာပဲ။ ဒီဇာတ်လမ်းမှာက ဒါ Main ပဲပေါ့။ကိုယ့်ရဲ့ ပုဂ္ဂလိကခံစားချက်တွေ ဘယ် လောက်ပဲရှိရှိ ဆရာဝန်တစ်ယောက်ရဲ့ သစ္စာအတိုင်းပဲ ဆောင်ရွက်သွားရတာဆိုတာ ပေါ်လွင်အောင်ပြတာ ပဲဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ဆရာဝန်စိတ်ဖြစ် အောင် ကြိုးစားရတာပေါ့”လို့ ပြောပြပါတယ်။

ဒီရုပ်ရှင်ဇာတ်ကားက ဖိုးချစ်ရဲ့ မြို့ရွှေမန်းသား ထုတ်လုပ်ရေးကနေ ထုတ်လုပ်ရိုက်ကူးခြင်းဖြစ်ပြီး နောက်ထပ်လည်း ဇာတ်ကားတွေ ထုတ်လုပ်ရိုက်ကူး သွားဦးမယ်လို့ သိရပါတယ်။ ဘယ်လိုမျိုးဇာတ်ကား တွေကို အဓိကထား ရိုက်ကူးသွားမလဲဆိုတာကတော့ မြို့ရွှေမန်းသားထုတ်လုပ်ရေးက ထုတ်လုပ်ရိုက်ကူး ထားတဲ့ ဇာတ်ကားတွေကို ရုံတင်ပြသတဲ့အခါမှာ ကြည့်ရှုတာနဲ့ တင် သိလာမှာဖြစ်ကြောင်း၊ ဒီထုတ်လုပ်ရေးက ဒီလို ပုံစံမျိုး တွေရိုက်ကူးပါလားဆိုတာမျိုး ဖြစ်သွားမှာတော့ သေချာကြောင်း၊ ဒါကြောင့်လည်း စောင့်ကြည့်ပေးစေချင်ပြီး၊ ဇာတ်ကားတွေကို သေချာစိစစ်ပြီးမှသာလျှင် ရိုက်ကူးမှာဖြစ် ကြောင်း၊ မကြာခင်မှာလည်း ဇာတ်ကားတစ်ကား ရုံတင်ပြသ တော့မှာဖြစ်ကြောင်းလည်း သိရပါတယ်။

လင်းအက္ခရာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071