
၂၉ကြိမ်မြောက် အရှေတောင် အာရှ့အားကစားပြိုင်ပွဲမှာ သွား ရောက်ယှဉ်ပြိုင်ကြတဲ့ မြန်မာ့ဂုဏ်ဆောင် အားကစားသမားများအား ဝိုင်းဝန်းကူညီ အားပေးဖို့ရည်ရွယ်တဲ့ Champions Start With Milo ကို သြဂုတ်လ၁၉၊ ၂ဝရက်များက Roadshow မှာ ကျင်းပပြု လုပ်ခဲ့ပါတယ်။ ဒီပွဲမှာတော့ ၂ဝ၁၇ ခုနှစ် Junction City ပြိုင်ပွဲကို ပြည်သူ များရဲ့ စိတ်ဝင်စားမှု ရရှိစေရန်နဲ့ ထောက်ခံအားပေးမှုရစေရန် ရည်ရွယ်ပြီး လာရောက်လည်ပတ်သူများရဲ့ အားပေးစကားများရော အမှတ်တရစကားများ ပါ မလေးရှားနိုင်ငံမှာပါဝင် ယှဉ်ပြိုင်လျက်ရှိတဲ့ အားကစားသမားများဆီ ပို့ဆောင်ပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။
Milo Roadshow ပွဲမှာ မိသားစုများအတွက် အာဟာရမျှတတဲ့ အစားအစာ ပြင်ဆင်နည်းများကို ရှင်းလင်းပြသခဲ့တဲ့အပြင် ကလေးများ အတွက်လည်း အခြေခံကျတဲ့ ဘောလုံးကစားနည်းများကို အတွေ့အကြုံရှိတဲ့ ဘောလုံးနည်းပြများက သရုပ်ပြသင်ကြားပေးခဲ့ကြပါတယ်။ ဒါ့အပြင် ရှိုးပွဲ လာရောက်ကြသူများကိုလည်း ချောကလက်မုယောမိုင်လိုများကို တိုက်ကျွေး ခဲ့ပါတယ်။ နောက်ထပ်အစီအစဉ်အဖြစ်လည်း ရုံးပိတ်ရက်နေ့တိုင်း ရန်ကုန်နဲ့ မန္တလေးမြို့ကြီးရှိ ဈေးဝယ်စင်တာများမှာ Milo Roadshow များကို ဆက် လက်ပြုလုပ် ကျင်းပသွားဦးမယ်လို့ သိရပါတယ်။
မြတ်မိုးပွင့်
ဓာတ်ပုံ- မင်းမင်းထွန်း
