Wednesday, June 10, 2026

ဆင်‌ေ-သချောင်းကူးတံတားကို အသစ်ပြန်လည်တည်ဆောက်ရန်အစီအစဉ် ရှိ/မရှိ ဦးလှဆွေမေးမြန်း

သပြေချောင်းရွာနှင့် ရွှေမြို့ရွာကို ဆက်သွယ်ပေးထားသည့် ဆင်‌ေ-သချောင်းကူးတံတားကို အသစ်ပြန်လည်တည်ဆောက်ရန်အစီအစဉ် ရှိ/မရှိ ပုဗ္ဗသီရိမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက မေးမြန်းခဲ့သည်။ ယနေ့ ဇွန်လ ၁၀ ရက်တွင်...

မိုးဦးကာလ မြစ်ရေမြင့်တက်မှုကြောင့် ရေယာဉ်များ သတိပြုခုတ်မောင်းရန်...

မြန်မာနိုင်ငံရှိ မြစ်များတွင် မုတ်သုံရာသီအစ မိုးဦးကာလအတွင်း မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် လေပြင်းတို-က်ခတ်ခြင်းတို့ကြောင့် မြစ်ရေများ မြင့်တက်လာနိုင်သဖြင့် ရေယာဉ်များအနေဖြင့် အထူးသတိပြုခုတ်မောင်းကြရန် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက...

NSPNC နှင့် 7 EAO...

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် NCA လက်မှတ်ရေး ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ 7 EAO Alliance တို့အကြား နှစ်ရက်တာ...

မြောက်ဒဂုံမြို့နယ်မှ ပျေ-ာက်ဆုံးနေသည့် (၁၃) နှစ်အရွယ်...

ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်တွင် ပျေ-ာက်ဆုံးနေသည့် (၁၃) နှစ်အရွယ် ကလေးငယ်ကို ဒ-ဏ်ရာများနှင့် ‌ေ-သဆုံးလျက် ပြန်တွေ့ခဲ့ကြောင်း သိရသည်။ “မြောက်ဒဂုံ ၃၈ ရပ်ကွက် ကန်ဘောင်မှာ...
HomeCelebrities' Newsစိုးပြည့်သဇင် နဲ့ အတွဲ...

စိုးပြည့်သဇင် နဲ့ အတွဲ များရခြင်း အကြောင်း ဟိန်းဝေယံ ရှင်းပြ

heain-Way-Yanဟိန်းဝေယံ ပါဝင်သရုပ်ဆောင် ထားပြီး ဒါရိုက်တာ ရာဇဝင်ကို ရိုက်ကူးခဲ့တဲ့ “ချစ်တီးမကြီးများ” ယာယီ အမည်ပေးထားတဲ့ ရုပ်ရှင် ဇာတ်ကားကြီး ရိုက်ကူးတဲ့ ရိုက်ကွင်း ပုံရိပ်တချို့ အွန်လိုင်း စာမျက်နှာထက်ကို တက်ခဲ့ပြီး ပရိသတ် ဝေဖန်သံ တချို့လည်း ထွက်ပေါ်ခဲ့ပါ တယ်။ ဒီဇာတ်ကားကြီး မှာတော့ အနုပညာရှင် တော်တော် များများလည်း ပါဝင် သရုပ် ဆောင်ထားပြီး ဟာသ ဇာတ်လမ်းလေး လည်း ဖြစ်ပါတယ်။ ဇာတ်ကားရဲ့ ပရိသတ် ဝေဖန်သံ တချို့နဲ့ ပတ်သက်ပြီး ဟိန်းဝေယံက…

“ဒီဇာတ်ကားကို အစ်ကိုတို့က ဟာသပုံစံလေး ရိုက်ကူးထားတာ။ ဘာရည် ရွယ်ချက်မှလည်း မပါဘူး။ ဇာတ်ကား နာမည်ကလည်း “ချစ်တီး မကြီးများ”လို့ နာမည်ပေးထားတာ ကလည်း ယာယီပေးထားတဲ့ နာမည်ပါ။ နာမည်ပြောင်းချင်ရင် လည်း ပြောင်း မယ်။ တချို့ ဇာတ်ဝင်ခန်း တွေကလည်း ဘာသာရေး လည်း မထိခိုက်ပါဘူး။ လူမျိုး ရေးလည်း မထိခိုက်ပါဘူး။ ဘာရည်ရွယ် ချက်နဲ့မှ ရိုက်ကူး ထားတာ မဟုတ် ပါဘူး။ ဟာသ စရိုက်လေးတွေနဲ့ ရိုက်ကူးထားတဲ့ ပုံစံလေး ပါပဲ။ အပျော် ပုံစံလေးနဲ့လုပ်ထားတဲ့ သဘောလေးပါ”လို့ ဇာတ် ကား ရဲ့ ဇာတ်ဝင်ခန်း တချို့နဲ့ပတ်သက်ပြီး ပြောပြ ခဲ့ပါတယ်။

အချစ်ရေးကတော့ တစ်ယောက်တည်း ပဲလို့ ဆိုလာ တဲ့ ဟိန်းဝေယံက အခုအချိန်မှာတော့ အချစ်ရေးထက် အနုပညာဘက်ကိုပဲ အာရုံ ပိုစိုက်နေကြောင်း ပြောပါ တယ်။ ဇာတ်ကားတွေ ရိုက်ကူးတဲ့ အခါမှာတော့ စိုးပြည့်သဇင်နဲ့ တွဲဖက်ပြီး သရုပ်ဆောင်တဲ့ ဇာတ်ကားတွေ ကို ပရိသတ်တွေ ပိုကြိုက်နှစ်သက်ကြ တာကိုတွေ့ရပြီး သူတို့တွဲဖက်ပြီး သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတွေလည်း တော်တော်များများ ရိုက်ကူးထားကြောင်း သိရပါတယ်။ အဲဒါနဲ့ ပတ်သက် ပြီး ဟိန်းဝေယံက…

“စိုးပြည့်နဲ့က ခင်တာလည်း ကြာနေပြီ။ အိုက်တင် ကောင်းတဲ့ မင်းသမီး တစ်လက်လည်း ဖြစ်တယ်။ အစ်ကိုရိုက်တဲ့ ဇာတ်ကားတွေ ကလည်း ပွင့်ပွင့်လင်း လင်းပြောရရင် သူနဲ့လိုက်တဲ့ဇာတ်တွေဖြစ်နေတယ်။ အဲဒါပဲ။ တခြားထွေ ထွေထူးထူးတော့ မရှိပါဘူး”လို့ ပြောပါ တယ်။ နောက်ထပ်လည်း ဒါရိုက်တာ ကျော်ဇော လင်း၊ ဒါရိုက်တာ ပြည်ဟိန်းသီဟ တို့နဲ့အတူ ဇာတ်ကားတွေ ရိုက်ကူးသွားဖို့ရှိပြီး ကိုယ်တိုင် ဒါရိုက်တာလုပ်ပြီး ရိုက် ကူးမယ့် ဇာတ်ကားတွေလည်း ရှိကြောင်း ဟိန်းဝေယံက ပြောပြခဲ့ပါတယ်။

တွယ်တာ

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071