Monday, May 4, 2026

စင်ကာပူနှင့် နူးဇီလန်တို့ ထောက်ပံ့ရေး သဘောတူညီချက်...

မေလ ၄ ရက် စင်ကာပူနှင့် နူးဇီလန်နိုင်ငံတို့သည် အကျပ်အတည်းကာလများအတွင်း အစားအစာ၊ စက်သုံးဆီ၊ ကျန်းမာရေးစောင့်ရှောက်မှု ထုတ်ကုန်များ၊ ဓာတုဗေဒပစ္စည်းများနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ အပါအဝင် မရှိမဖြစ်လိုအပ်သော...

ပြုံယမ်းနှင့်‌မော်စကိုတို့၏ ကာကွယ်ရေးပဋိညာဉ်က တရုတ်ကို စိုးရိမ်စေ

မြောက်ကိုရီးယားနှင့် ရုရှားနိုင်ငံတို့အကြား (၅) နှစ်တာ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ်သည် မြောက်ကိုရီးယား၏ စစ်ဘက်ဆိုင်ရာ ခေတ်မီတိုးတက်ရေးကို ကဏ္ဍစုံမှ အရှိန်မြှင့်တင်ပေးနိုင်သောကြောင့် တရုတ်နိုင်ငံအနေဖြင့် စိုးရိမ်မကင်းဖြစ်ကောင်းဖြစ်နိုင်သည်ဟု...

ရေနံစိမ်းထောက်ပံ့ဖြည့်တင်းမှုအရေး အာဆီယံ၊ ဂျပန်၊ တရုတ်၊...

အာဆီယံ၊ ဂျပန်၊ တရုတ်နှင့် တောင်ကိုရီးယားနိုင်ငံများ၏ ဘဏ္ဍာရေးအကြီးအကဲများသည် အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် ရေနံစိမ်းထောက်ပံ့ဖြည့်တင်းမှုနှင့်ပတ်သက်၍ ၎င်းတို့သည် စိုးရိမ်ပူပန်နေကြကြောင်း တနင်္ဂနွေနေ့တွင် ပြောကြားခဲ့ကြပြီး တူညီသော စိန်ခေါ်မှု...

ဟော်မုဇ် ရေလက်ကြားအနီးယူအေအီးကမ်းလွန်တွင် ရေနံတင်သင်္ဘောတစ်စင်းအပစ်ခံရ

လန်ဒန်၊ မေ ၄ ရက် အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး)၏ ကမ်းလွန်တွင် တနင်္ဂနွေနေ့ ညနေပိုင်းက ရေနံတင်သင်္ဘောတစ်စင်းကို မည်သည့်အဖွဲ့ကမှန်းမသိသော အဖွဲ့က ပစ်ခတ်ခဲ့ကြောင်း ယူကေ...
HomeArticlesဆွဲထုတ်ခြင်း မထုတ်ခြင်း သီအိုရီ

ဆွဲထုတ်ခြင်း မထုတ်ခြင်း သီအိုရီ

th

လက်နက် နိုင်ငံ တွေမှာ အဲဒီတစ်ခု ဟာ ‘ဆွဲထုတ်’ ခံရပြီး ဆွဲထုတ်မခံရတဲ့ အရာ ဝတÄု+ ဆိုလို့ တစ်ခုပဲ ကျန် တယ်။ အဲဒီတစ်ခုကတော့ ဘယ်တော့မှ ဆွဲထုတ်မခံရဘူး။

ဥပမာ…သစ်ပင်တွေ ဆွဲ ထုတ်ခံရတယ်။

အဲဒီတစ်ခုကတော့ ဆွဲထုတ် မခံရဘူး။သစ်ပင်တွေ ဆွဲထုတ်ခံရတော့ ရာသီဥတုတွေ ပျက်လာတယ်။ ရာသီ ဥတုတွေ ပျက်လာတော့ သဘာဝ ပတ်ဝန်းကျင် ပျက်ရော။ သဘာဝ ပျက်ဝန်းကျင် လိုက်ပျက်တော့ သဘာဝ ပတ်ဝန်းကျင်ပေါ် တည်မှီနေကြတဲ့ အရာအားလုံးလဲ ပျက်ရော။ မြေကြီး ရဲ့ အသက်ရှူသံရင်ခုန်သံတွေ မမှန် တော့။ ဒီတော့ ဝါပင်လေးတွေ အညွန့် ငိုက်ကြပြီး လူတွေကို အဝတ်အထည် ပေးဖို့ ခက်လာတယ်။ ဂျုံပင်နဲ့ စပါး ပင် ၊ ဂျုံသီးနဲ့ စပါးသီးတို့လည်း လှီ လာတယ်။ သူတို့ပေးစွမ်းနိုင်တဲ့ အာဟာရဓာတ်ဟာ သစ်ပင်နဲ့အတူ ဆွဲထုတ်ခံလိုက်ရတယ်။

နောက်…
တောင်တွေ ဆွဲထုတ် ခံရတယ်
အဲဒီတစ်ခုကတော့
ဆွဲထုတ်မခံရဘူး။
မြစ်တွေဆွဲထုတ်ခံရတယ်
အဲဒီတစ်ခုကတော့
ဆွဲထုတ်မခံရဘူး
ကျေးရွာတွေ ဆွဲထုတ်ခံရတယ်
အဲဒီတစ်ခုကတော့
ဆွဲထုတ်မခံရဘူး
ယဉ်ကျေးမှုတွေ
ဆွဲထုတ်ခံရတယ်
အဲဒီတစ်ခုကတော့
ဆွဲထုတ်မခံရဘူး
ဘဝတွေ
ဆွဲထုတ်ခံလိုက်ရတယ်။
အဲဒီတစ်ခုကတော့
ဆွဲထုတ်မခံရဘူး
ဒီလိုနဲ့
ဆွဲထုတ်ခြင်း သံသရာ
အလည်ကြာလာတော့၊
ဆွဲထုတ်ခြင်းတွေ
အသေးစိတ်လာရော။
နောက်ဆုံး..
မျက်လုံးဆွဲထုတ်ခံရတယ်
အဲဒီတစ်ခုတော့
ဆွဲထုတ်မခံရဘူး
ခြေထောက် ဆွဲထုတ်ခံရတယ်
အဲဒီတစ်ခုကတော့
ဆွဲထုတ်မခံရဘူး။
လက်ဆွဲထုတ်ခံရတယ်
အဲဒီတစ်ခုကတော့
ဆွဲထုတ်မခံရဘူး။
ဦးခေါင်းဆွဲထုတ်ခံရတယ်
အဲဒီတစ်ခုကတော့
ဆွဲထုတ်မခံရဘူး။
ပြီးတော့
သားဆွဲထုတ် ငါးဆွဲထုတ်
အကုန်ဆွဲထုတ် ခံရတယ်။
အဲဒီတစ်ခုတော့
ဆွဲထုတ်မခံရဘူး။
နွားဆွဲထုတ် ကျွဲဆွဲထုတ်
အကုန်ဆွဲထုတ်ခံရတယ်
အဲဒီတစ်ခုကတော့
ဆွဲထုတ်မခံရဘူး။
ဆက်ပြောရရင်..

ကမ္ဘာပေါ်က ဆွဲထုတ်လို့ရတာ အကုန်ဆွဲထုတ်ပြီး ကမ္ဘာမြေကြီး အခွံဗလာဖြစ်တဲ့အချိန်၊ ကောင်းကင် ကို မော့ကြည့်လိုက်တော့၊ သူတို့ တိမ် ပြာပြာတွေကို ဘယ်အချိန်ကများ ဆွဲထုတ်လိုက်သလဲ မသိဘူး။ ဒါပေ မယ့် ပြောခဲ့တဲ့ အဲဒီတစ်ခုကတော့ အခုလည်း ဆွဲထုတ်မခံရသေးဘူး။
ဒါနဲ့ ဘယ်တုန်းကမှ ဆွဲထုတ်မခံ ရဖူးတဲ့ ‘အဲဒီတစ်ခု..’ ကို မေးကြည့် လိုက်တယ်။
“ဆွဲထုတ်မခံရအောင် မင်းက ဘာကောင်လဲ” ပေါ့ ဒီတော့ အဲဒီ တစ်ခုက အေးအေးဆေးဆေး ပြန် ပြောတယ်…။

” ငါ… အံဆွဲ”
ဝန်ခံချက်
တရုတ်ကဗျာဆရာ ဝိကိုရဲ့ ငြိမ် သက်နေသော အရာဝတ္ထုကဗျာကို သွေး ကူးရင်ခုန်ပါတယ်။

စောဘရန်ငြိမ်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071