မကြာခင်အချိန်အတွင်း ရန်ကုန်-မန္တလေး အထူး ရထားများ ပြေးဆွဲနိုင်ဖို့ စီစဉ်နေ

0
184

Ya-Htarအရင်ကာလများ ဆီက ခရီးသွားပြည်သူတွေအတွက် မီးရ ထားနဲ့ သွားလာရခြင်းက တကယ့်ကို အားကိုး အားထားပြုစရာ တစ်ခုဖြစ် ခဲ့ပါတယ်။ ခေတ်ကာလ ပြောင်းလဲမှု၊ လမ်းပန်း ဆက်သွယ်ရေး ချောမွေ့ အဆင်ပြေလာမှုနဲ့အတူ ကားတွေ ပေါများလာချိန် မှာတော့ မီးရထား စီးနင်း လိုက်ပါမှုက နည်းပါး ခဲ့ပါ တယ်။ အခုအခါ မှာတော့ မြန်မာ့ မီးရထားရဲ့ ကဏ္ဍအသီးသီးမှာ အဆင့်မြှင့်တင်လာမှုကြောင့် မီးရ ထားစီးနင်းသူ ဦးရေ ပြန်လည် တိုးတက် လာပါတယ်လို့ ဦးခိုင်ဝင်း အောင်၊ လက်ထောက်မန်နေဂျာ (သွားလာရေး/တိုင်း) မြန်မာ့ မီးရ ထားမှ ပြောပါတယ်။

” အရင်ကထက် စာရင် ပိုတိုး တက်လာတာပါ။ ကျွန်တော်တို့ အခု ရန်ကုန်-မန္တလေး ရန်ကုန်- ပြည် ရထား ခရီးဝေးဆိုလို့ရှိရင် လေအိတ် တွဲဆိုင်း ၂ဆိုင်း ရှိတယ်လေ။ လေ အိတ်တွဲ ဆိုင်းဖြစ်တဲ့အတွက် ခရီး သည်တွေ စိတ်ဝင်စားကြတယ်။ အခု ဆိုရင် ခရီးဝေးရော၊ မြို့ပတ်ရော မနှစ်ကထက် စာရင် တိုးတက်စီးနင်း မှုရှိပါတယ်” လို့ ဦးခိုင်ဝင်းအောင် က ပြောပါတယ်။

မြန်မာ့မီးရထား အနေနဲ့ လမ်း ပိုင်းဆိုင်ရာ၊ မီးခေါင်းပိုင်း ဆိုင်ရာ၊ ဘူတာပိုင်း ဆိုင်ရာစတဲ့ ကဏ္ဍအသီး သီးမှာ အဆင့်မြှင့် အဆင်ပြေ ချော မွေ့စွာ လုပ်ဆောင်လျက် ရှိတယ်လို့ လည်း သိရပါတယ်။ ပြောင်းလဲလာ တဲ့ မြန်မာ့ မီးရထားရဲ့ အဆင့်မြှင့် တင်လာ မှုနဲ့အတူ ခရီးသွားရတာ လည်း ယခင်ကထက် ပိုမိုအဆင်ပြေ တယ် လို့လည်း ရန်ကုန် ဘူတာကြီး ကနေ ပျော်ဘွယ် ကိုပြန်မယ့် အသက် ၇၆နှစ် အရွယ်ရှိ ဦးမြမောင် ကလည်း အခုလို ပြောပါတယ်။

“တော်တော်ကြာပါပြီ။ ဟိုတုန်း ကတော့ စီးဖြစ်တယ်။ ဟိုးအရင်တုန်း က တော်တော်ဆိုးတယ်။ လက်မှတ် ရောင်းတဲ့နေရာသာရှိတာ။ လူမတွေ့ ဘူး။ ဘယ်ဝယ်လို့ ဝယ်ရမှန်း မသိဘူး။ အခုက တန်းပြီးသွားဝယ်လို့ အဆင် ပြေတယ်။ ရထားပေါ်မှာ လည်း အိမ်သာ ကအစ တော်တော် လေး လည်း သန့်ရှင်းပါတယ်”လို့ ဦးမြ မောင်က ပြောပါတယ်။ လက်ရှိ အချိန်မှာတော့ ရန်ကုန်ဘူတာကြီး ကို ပိုမို အဆင့်မြှင့်တင်ဖို့ အတွက် ချိတ်ဆက် အချက်ပြ စနစ်တွေကို အဆင့်မြှင့်တင်နေတဲ့ အပြင် ခရီးသွား ပြည်သူတွေ သန့်ရှင်းစွာ သွားလာ စီးနင်းနိုင်ဖို့ မီးရထားတွဲဆိုင်းများ ကို ရန်ကုန်တွဲပြင် စက်ရုံတွေမှာ အထူး သီးသန့် အနေနဲ့ လူအင်အား၊ စက် ပစ္စည်းအစုံနဲ့ သန့်ရှင်းရေးတွေ လည်း လုပ်ဆောင် နေတယ်လို့ လည်း သိရပါတယ်။

“ကျွန်တော်တို့ ဝန်ထမ်းတွေက ပြည်သူ့ဝန်ထမ်း ဖြစ်တဲ့အတွက် ပြည် သူတွေရဲ့ ဝန်ဆောင်မှုကို တတ်နိုင် သမျှ ကြိုးစားနေပါတယ်။ ကျွန်တော် တို့ ပြည်သူတွေ ကလည်း တတ်နိုင် သမျှပေါ့နော်။ ကျွန်တော်တို့ကို သန့်ရှင်းမှုလေးတွေနဲ့ တတ်နိုင်သမျှ ကူညီပေး ကြပါလို့ ပြောချင်ပါတယ်” လို့လည်း ဦးခိုင်ဝင်းအောင်က ပြောပါတယ်။ စာပေဟောပြောပွဲ တွေမှာတော့ ယခင်ကာလ များဆီက ရထားနဲ့ သွားရတာမျိုးတွေ ရှိပေ မယ့် ယနေ့ခေတ် ကာလများမှာ တော့ ကား၊ လေယာဉ်များဖြင့်သာ ဖိတ်ခေါ်လေ့ ရှိတာကြောင့် ရထားနဲ့ မသွားဖြစ်တာ လို့လည်း ဆရာမောင် စိန်ဝင်း (ပုတီးကုန်း)က ပြောပြပါ တယ်။

“အခုနဲ့နှစ်ပိုင်းမှာ ကတော့ များသော အားဖြင့် ဆရာတို့ အသက် ကြီးတဲ့ စာရေးဆရာတွေကတော့ လေယာဉ် လမ်းပေါက် တဲ့ နေရာ ဆိုရင် သူတို့လေယာဉ်နဲ့ ဖိတ်ခေါ်ပါတယ။် နောက်တစ်ဆင့် သွားမယ် ဆိုရင် ကားနဲ့ဆက်ပြီး သွားရပါတယ်” လို့ ဆရာမောင်စိန် ဝင်း (ပုတီးကုန်း)က ပြောပါတယ်။  မြန်မာ့မီးရထားအနေနဲ့ ခရီးသွား ပြည်သူတွေရဲ့ အခက်အခဲ ကို တစ် ဖက်တစ်လမ်းက ဖြေရှင်းနိုင် ဖို့ အတွက် သင်္ကြန်မတိုင်မီ ကာလနဲ့ သင်္ကြန်ပြီး ကာလတွေမှာ ရန်ကုန် – မန္တလေး အထူးရထားများ ပြေးဆွဲ နိုင်ဖို့ စီစဉ်နေကြောင်းလည်း သိရပါ တယ်။

မျိုးကျော် (ကနောင်သွေး)


LEAVE A REPLY

Please enter your comment!
Please enter your name here