တစ်ကိုယ်တော် ဂီတပွဲနဲ့အတူ စီးရီးသစ်ကိုပါ ဖြန့်ချိလိုက်တဲ့ စောဖိုးခွား

0
86

DSC_0526ရက်ဂေးဂီတနဲ့ ရှင်သန်နေတဲ့ အဆိုတော် စောဖိုးခွားက “ငြိမ်းချမ်းချင်ပြီ မြန်မာပြည်” ဆိုတဲ့ ခေါင်းစဉ်နဲ့ မဟာဗန္ဓုလ ပန်းခြံ မှာ One Love တီးဝိုင်းနဲ့ အတူ ငြိမ်းချမ်းရေး တစ်ကိုယ်တော် ဖျော်ဖြေပွဲကို မတ်လ ၂၄နေ့ ညက ပြုလုပ်ခဲ့ပါတယ်။ စောဖိုးခွားက ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး သူ့ရဲ့အနုပညာ များနဲ့ ပုံဖော်ဖန် တီးနေသူတစ်ယောက်လည်းဖြစ်ကာ ငြိမ်းချမ်းရေး တေးသံများကို လည်း လွင့်ပျံ့စေသူ ဖြစ်ပါတယ်။ ဒီလိုငြိမ်းချမ်းရေးကို အနုပညာ နဲ့ ပုံဖော်နေတဲ့ စောဖိုးခွားကို ဒီပွဲတွေဟာ ငြိမ်းချမ်းရေးနဲ့ ပတ် သက်လို့ ပြည်သူတွေ ကြားမှာရော ဘယ်လောက်ထိ အကျိုးသက် ရောက်မှု ရှိနိုင်မလဲ ဆိုတာမေးတော့…

“ကျွန်တော် ၂ဝ၁၅ ခုနှစ်၊၂ဝ၁၆ ခုနှစ် အခု ၂ဝ၁၇ခုနှစ်ပေါ့။ ပွဲတွေ တောက်လျှောက် လုပ်ခဲ့တယ်။ အဲဒီမှာလုပ်ခဲ့တဲ့ ပွဲတွေကို လည်း စီးရီးခွေပြန်ထုတ်တာရှိတယ်။ စီးရီးခွေ ဆိုတာအကျိုး အမြတ်နဲ့မဟုတ်ဘဲ ဒီတိုင်းဖြန့် လိုက်တာပေါ့။ အဲဒီတော့ ဒီမက် ဆေ့ခ်ျတွေက အထူးသဖြင့် နယ်တွေထိ တအားရောက် တယ်။ အဲဒီက ပြန်လာတဲ့ တုံ့ပြန်မှုတွေ ကလည်း တအားကောင်းပါတယ်” လို့ စောဖိုးခွားက ပြော ပါတယ်။ စောဖိုးခွားက သူ့ရဲ့ ၅ခွေမြောက် စီးရီးသစ်ဖြစ်တဲ့ “ပလပ်ကျွတ်နေပြီ”ဆိုတဲ့ စီးရီး သစ်ကိုလည်း မတ်လ၂၄ ရက်နေ့သူ့ရဲ့ဖျော် ဖြေပွဲနေ့မှာ ပရိသတ်ကို အမှတ်တရ ရောင်းချပေးခဲ့ပြီး တရားဝင်ဖြန့် ချိမှာက တော့ ဧပြီလထဲမှာ ဖြစ်တယ်လို့ သိရပါတယ်။ “ဖြန့်ချိရေးကနေတော့ ဖြန့် သေးတာ မဟုတ်ဘူး။ ပွဲနေ့လာသူ တွေအတွက် အရင်ဆုံး ရောင်းပေးတဲ့သ ဘောပါ။ အဲဒီ နေ့မှာ ရောင်းလို့ရတဲ့ငွေတွေထဲက တစ် ဝက်ကိုလည်း ငြိမ်းချမ်းရေး ကိစ္စတွေ အတွက် လို အပ်တဲ့ နေရာတွေမှာ လှူဒါန်းမှာပါ။ ဒီစီးရီး သစ်မှာတော့ သီချင်း ၇ ပုဒ် ပါပါတယ်။ သီချင်း အားလုံးကတော့ အသစ်တွေပါပဲ။ ဧပြီလဆန်း၊ ဒါမှမဟုတ် မတ်လကုန်မှာ ထွက်ရှိလာမှာ ဖြစ်ပါတယ်”လို့စောဖိုးခွားက ပြော ပြခဲ့ပါတယ်။

ရဲရဲ


LEAVE A REPLY

Please enter your comment!
Please enter your name here