ထူးခြားဖြစ်စဉ် မြင်ကွင်းအလှ ရွှေရောင် အကယ်ဒမီည

0
199

Staggeမြန်မာ့ရုပ်ရှင် လောကသားတွေရဲ့ ရင်ခုန် စိတ်လှုပ်ရှားစရာ အကောင်းဆုံးဖြစ်တဲ့ ၂၀၁၆ခုနှစ် အကယ်ဒမီ  ထူးချွန်ဆု ချီးမြှင့်ပွဲကတော့ ကြီးကျယ် ခမ်းနားစွာဖြင့် ပြီးစီးခြဲ့ပီ ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ် အကယ်ဒမီ  ထူးချွန်ဆု ပေးအပ်ပွဲကြီး ကထူးခြားမှုတွေ နဲ့ပြည့်နှက် လို့နေပါ တယ်။ ပထမဆုံး ထူးခြားမှုကိုပြောရမယ် ဆိုရင်တော့ အကယ်ဒမီပွဲကြီး ကို ပြည်သူ့ရင်ပြင်မှာ ကျင်းပပြုလုပ်ခွင့် ရရှိခဲ့ခြင်းပဲဖြစ်ပါတယ်။

ဒီလိုကျင်းပခွင့် ရခဲ့ခြင်းကြောင့် အစိုးရသစ် အနေနဲ့ မြန်မာ့ ရုပ်ရှင်လောကကို  အားပေး ထောက်ပံ့မှုပြုလုပ်ခြင်း သရုပ်ကိုပေါ်လွင် လို့လာခဲ့ပါတယ်။ ဒါ့အပြင် ဒီနှစ် မှာတော့  ၂၀၁၆ ခုနှစ် အတွင်း ရုံတင်ခဲ့တဲ့ ဇာတ်ကားပေါင်း ၃၃ကား ရှိခဲ့ပြီး  အကယ်ဒမီ ဆန်ကာတင် စာရင်းကိုတော့ အကယ်ဒမီ အကဲဖြတ် အဖွဲ့မှ  ထုတ်ပြန် ကြေငြာခဲ့ခြင်း မရှိခဲ့ပါဘူး။ ဒါကြောင့်လည်း  ပရိသတ်တွေ အနေနဲ့လည်း ဆုရရှိမယ့် အနုပညာရှင်ကို ကြိုတင် ခန့်မှန်းရ ခက်ခဲ့ပြီး အကယ်ဒမီ ရင်ခုန်မှု  ပိုလို့မြန်စေခဲ့သလို စိတ်ဝင်စားမှု အရှိန် လည်းမြင့်စေခဲ့ ပါတယ်။ ဒီ့ထက် ပိုလို့မြန်စေခဲ့တာ ကတော့  ဒီနှစ် အကယ်ဒမီဖက်ရှင်ပါပဲ။ ပြည်သူရင်ပြင် အကယ်ဒမီ ပေးပွဲကြီး ကျင်းပရာ ၀န်းကြီး ထဲမှာတော့  ရွှေရောင် ၀တ်စုံတွေ တလက်လက် တောက်ပနေခဲ့ပြီး ယခင်နှစ်များ နဲ့မတူ တစ်မှု ထူးခြားဆန်းသစ်  လို့နေခဲ့ပါတယ်။ ဒီလို ထူးခြားမှုတွေနဲ့ အတူအကယ်ဒမီ စင်မြင့်က ထူးခြားလို့နေပါတယ်။  ထူးခြားမှုတွေနဲ့ အတူပဲ ပြည်ပ သရုပ်ဆောင်တွေ ရဲ့ဖက်ရှင် ဒီဇိုင်းတွေ ကိုလည်း  ပရိသတ်တွေ မြင်တွေ့ခဲ့ရတာ ပဲဖြစ်ပါတယ်။  ဗီယက်နမ် မင်းသမီး ငုယင်ထရန်ဟုရန်မေ နဲ့  ထိုင်းမင်းသမီး Nann Wahn တို့ကလည်း လှပဆန်းသစ်တဲ့ ဖက်ရှင်ဒီဇိုင်းတွေ ဖြင့် နုပျိုသစ်လွင်လို့  နေပါတယ်။ ဒါတွေအပြင်  ဒီနှစ်ရဲ့ စတိတ် စင်မြင့် ဒီဇိုင်း ကိုတော့ ဂျွန်လွင် (Star Event production) မှတာဝန်ယူ စီစဉ်ခဲ့ပြီး  နိုင်ငံတကာ အဆင့်မီ အကယ်ဒမီ အခမ်းအနား ပုံစံ အဖြစ် ပြင်ဆင်ပြုလုပ် သွားမယ်လို့ ပွဲမတိုင်ခင်က  ပြောကြားခဲ့တဲ့ အတိုင်းပဲ စင်မြင့်ဒီဇိုင်းက အထူးဆန်းသစ် လို့နေခဲ့ပါတယ်။ ဒါ့အပြင် ပိုလို့ လှပခမ်းနား  စေခဲ့တာကတော့ အကယ်ဒမီ ၀န်းအတွင်းသို့ ၀င်ရောက်ရာ  Red Carpet  လျှောက်လမ်း အနောက်ဘက် မှာ ရွှေစင် ရုပ်တု အရုပ် ၁၀၀ ကို တွေ့မြင့်ရတာကြောင့်ပဲဖြစ်ပါတယ်။  ဒါကလည်း ၂၀၂၀ခုနှစ် မှာပြည့်တော့မယ် မြန်မာ့ ရုပ်ရှင်နှစ် ၁၀၀ပြည့်ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့်  ရွှေစင်ရုပ်တု ၁၀၀ကို ပြသထားတာ ပဲဖြစ်ပါတယ်။ ဒီလို ထူးခြားသော အပြင်အဆင်တွေ နဲ့အတူ  ဒီနှစ်ရဲ့ အစီအစဉ် တင်ဆက်သူကိုလည်း ဟိုးယခင် အကယ်ဒမီပေးပွဲတွေမှာ အစီအစဉ် တင်ဆက်သူ အဖြစ်  ဆောင်ရွက်ခဲ့တဲ့ ကိုကျော်သက်လင်း ကလည်း ပြန်လည် ပါဝင် တင်ဆက်ပေးမှာဖြစ်ပါတယ်။  ဒါတွေ အားလုံးဟာ ၂၀၁၆ခုနှစ်အကယ်ဒမီ ထူးချွန်ဆု ချီးမြှင့်ပွဲ ရဲ့ ထူးခြားသောဖြစ်စဉ်အကြောင်းအရာ  တွေပဲဖြစ်ပါတော့တယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here