အနုပညာပိုင်းမှာရော၊ကိုယ် ကျင့်စာရိတ္တပိုင်းမှာပါ သက်မွန်ကို အားပေးတဲ့အတွက် ခေါင်းမော့နိုင်တဲ့လူတွေ ဖြစ်နိုင်အောင် သက်မွန် အမြဲကြိုးစားပါ့မယ်

0
146

thet

တအားကို ပျော်ပါတယ်။ သက်မွန်ကိုချစ်တဲ့ ပရိသတ်တွေ သက်မွန်ကိုရစေချင်တဲ့ သူတွေရဲ့ ဆန္ဒပြည့်ဝသွားတဲ့အတွက် အတိုင်း မသိပျော်ပါတယ်။ အဲဒီအတွက် အကဲဖြတ်အတတ်ပညာရှင်များ အားလုံး လူကြီးမင်းများ အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်။ သူတို့ရဲ့ ဆန္ဒလေးကို ဖြည့်ဆည်းပေးခွင့် ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ သက်မွန်ကို ချစ်တဲ့သူတွေ ဒီအချိန်ဆို တအားကို ပျော်ပြီးတော့ သက်မွန်လိုပဲမျက်ရည်ကျနေမယ် လို့ ထင်ပါတယ်။ ပထမဆုံး ကျေးဇူးတင်စကား ပြောချင်တာက “မိုးစက်မေ” ဆိုတဲ့ ဇာတ်ကောင်မှာ ယုံ ကြည်စွာနဲ့ ပါဝင်ခွင့်ပေးတဲ့ ခရေဖြူ ထုတ်လုပ်ရေးက အစ်မ မဇင်တို့ ဇနီး မောင်နှံနဲ့ ဒါရိုက်တာ ကိုဝိုင်းကို ကျေးဇူးတင်ပါတယ်။ ဒီလို ပါဝင်ခွင့်ပေးလို့သာ ဒီဇာတ်ကောင်မှာ သက်မွန် သရုပ်ဆောင်ခွင့် ရခဲ့တာပါ။ ဒါရိုက်တာ ကိုဝိုင်းကို အလေးအနက် ကျေးဇူးတင်ပါတယ်။ သက် မွန်ရဲ့ အနုပညာအရည်အသွေးကို မထွက် ထွက်အောင်၊ အရည်အသွေးတွေ တိုးတက်အောင် အရည်ညှစ်သလို အမြဲတမ်း ညှစ်ထုတ်ပေးတတ် တဲ့ ဒါရိုက်တာ တစ်ယောက်ပါ။ ကိုဝိုင်းကို ဒီနေရာကနေ ဂါရဝပြုပါတယ်။ နောက်ထပ် သက်မွန် ကျေးဇူးတင်ချင်တာက သက်မွန်နဲ့အတူ သရုပ်ဆောင်တဲ့ ညီမလေး ကစ်ကစ် နဲ့ အောင်ရဲလင်းတို့ကို ကျေးဇူးတင်ပါတယ်။ သက်မွန် သရုပ်ဆောင်တဲ့ အချိန်မှာ သူတို့အရုပ်မပါပေမယ့် မခိုမကပ်ဘဲနဲ့ အပြည့်အဝ သရုပ်ဆောင်ပေးတဲ့အတွက်၊ ပံ့ပိုးပေးတဲ့အတွက် ခံစားချက်အပြည့်နဲ့ “မိုးစက်မေ” ဇာတ်ကောင်မှာ သရုပ်ဆောင် နိုင်တာပါ။ နောက်ပြီးတော့ ကင်မရာမန်း ကိုဇော်မြင့်၊ စက်အဖွဲ့တွေ၊ မီးထိုးမှန်ထိုးတွေ အကုန်လုံးကို ကျေးဇူးတင်ပါတယ်။ သူတို့ အဖွဲ့တွေက တအားကို ပင်ပန်းကြတာပါ။ သက်မွန်တို့ မုဒ်မဝင်မချင်း ရိုက်ကူးပေးတယ်။

ပင်ပန်းကြပါတယ်။ ကျေးဇူးအများကြီးတင်ပါတယ်။ ဒီ ဇာတ်ကားမှာ စိတ်နှစ်ပြီးတော့ နောက်ဆံမတင်းရဘဲနဲ့ အေးအေး ဆေးဆေး သရုပ်ဆောင်နိုင်အောင် ပံ့ပိုးပေးတဲ့ သက်မွန့် ဘက်တော်သား တွေ ဖြစ်တဲ့ ညီမလေးနိုင်းနိုင်း၊ မသီ၊ မိတ်ကပ်အဌေးတို့အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ စိတ်ဓာတ် ခွန် အားတွေ အဖက်ဖက်ကနေ လိုအပ် သမျှ အမြဲတမ်း ပံ့ပိုးပေးနေတဲ့ သက်မွန်ရဲ့ကျေးဇူးရှင် မေမေ၊ ဖေဖေ၊ သက်မွန်ရဲ့ ယောက်ျားကိုလည်း ကျေးဇူးတင်ပါတယ်။ နောက်ပြီး စာရေးဆရာမ ပုညခင်ကိုလည်း ကျေးဇူးတင်ပါတယ်။ သူဒီလို ဇာတ်လမ်း ကောင်းလေးတွေ ရေးတဲ့အတွက် သက်မွန်က ဒီလို ဇာတ်လမ်းကောင်း မှာ ဇာတ်ကောင်ကို ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်နိုင်တာပါ။ ဆရာမ ဒီ့ ထက် အများကြီး အောင်မြင်ပါစေ လို့ ဆုမွန်ကောင်းတောင်းပေးပါ တယ်။ သက်မွန်ဆိုရင် သူ့ဝတ္ထုနဲ့ ဆု နှစ်ခုရခဲ့တာပါ။ ဆရာမကို ကျေးဇူးအများကြီးတင်ပါတယ်။ ပြီးတော့ သက်မွန် အထူး ကျေးဇူးတင်ချင်တာက သက်မွန်ကို ဒီလမ်းကြောင်းပေါ် ရောက်အောင် အခက်အခဲတွေ အများကြီးကြားထဲက အနစ်နာခံပြီး ပို့ပေးခဲ့တဲ့ သက်မွန်ရဲ့ အစ်ကိုအရင်းကိုလည်း ကျေးဇူးတင်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်လည်း မြန်မာပြည် ပြန်ရောက်တဲ့အချိန်မှာ ဒီပွဲလေး ကျင်းပတယ်။ ဒီစင်မြင့်ပေါ်မှာ ဒီဆုကို ဆွတ်ခူးနိုင်တဲ့အတွက် အစ်ကို အများကြီး ဝမ်းသာမယ်လို့ ထင်ပါတယ်။ ဒီနေရာကနေ အစ်ကို့ကို ဂုဏ်ပြုပါတယ်။ သက်မွန်အစ်မလို ရော၊ ဆရာမလိုပါ ချစ်ခင်ရတဲ့ မတင်မိုးလွင်ကိုလည်း ကျေးဇူးတင်ပါတယ်။ သက်မွန်ဘာမှ မဖြစ်ခင်ကတည်းက ဇာတ်လမ်းတွေကို သက်မွန် နိုင်နိုင်သလောက် သေချာစီစဉ် ပြီးတော့ ရိုက်ကူးပေးခဲ့တဲ့ စနိုးဝှိုက်က ဒါရိုက်တာ ဦးမောင်မောင်ဦး၊ ဦးလွင်၊ ကိုနိုင်နိုင်းတို့ကို ကျေးဇူး အများကြီးတင်ပါတယ်။ နောက်ဆုံးအနေနဲ့ သက်မွန်ပြောချင်တာက သက်မွန်ကို ချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေ ဘယ်တော့မှ အား ပေးရကျိုး မနပ်တဲ့သူ မဖြစ်စေရပါ ဘူး။ အနုပညာပိုင်းမှာရော၊ ကိုယ် ကျင့်စာရိတ္တပိုင်းမှာပါ သက်မွန်ကို အားပေးတဲ့အတွက် ခေါင်းမော့နိုင်တဲ့လူတွေ ဖြစ်နိုင်အောင် သက်မွန် အမြဲ ကြိုးစားပါ့မယ်လို့ ကတိပေးပါတယ်။

သက်မွန်မြင့်
(ချစ်လှစွာသော အမုန်း
အမျိုးသမီး ဇာတ်ဆောင်ဆု)