ရုပ်ရှင် ဇာတ်ကားတိုင်းကို ကြည့်ပြီးမှ အကယ်ဒမီကို ဆုံးဖြတ်စေချင်တယ် ဝါဝါအောင်

0
252

War-War-Aungဆရာ သော်တာဆွေရဲ့ ကျော်ကြား ခဲ့တဲ့ ဝတ္ထုကို ပြန်လည် ရိုက်ကူးထားတဲ့ “ဘွ န္တောကြက်သူခိုး” ရုပ်ရှင် ဇာတ်ကားကြီးမှာ ဝါဝါအောင်က ငွေမက်တဲ့ ယောက္ခမ နေရာက ပါဝင်သရုပ် ဆောင်ထား ပါတယ်။ ပရိသတ်တွေက ဒီနှစ် အကယ်ဒမီ အတွက်လည်း အကောင်းဆုံး ဇာတ်ပို့ဆုနေ ရာအတွက် ဝါဝါအောင် ကို တစ်ကြိုပေးနေကြပါတယ်။ အကယ်ဒမီ အပေါ်အမြင် နဲ့သူ့ ရဲ့ရင်ခုန်သံတွေ ကိုမေးမြန်းတဲ့ အခါမှာတော့…

“အစ်မကတော့ ပါဝင်ခွင့်ရတဲ့ ဇာတ်ကားတိုင်းကို ဇာတ်လမ်း ကာရိုက် တာနဲ့ ကိုက်ညီအောင် ကိုယ့်ဘက်က အပီ ပြင်ဆုံး သရုပ်ဆောင်ပါတယ်။ အစ်မရဲ့ ပထမဆုံး အကယ်ဒမီကလည်း ဇာတ်ကား နဲ့အံဝင်ခွင်ကျ ဖြစ်ခဲ့တဲ့ အတွက် ထူးချွန်ဆု ရရှိတာပါ။ အဲဒီအကယ်ဒမီ ဇာတ်ကားက ဒရာမာ ဆိုတော့ ပရိသတ်က ကြည့်ဖြစ်ကြာ တာပေါ့။ အခုကျတော့ “ဘွန္တောကြက်သူ ခိုး”ဆိုရင် ခေါင်းစဉ် နဲ့တင် ဟာသလို့ ထင်ကြ ပါတယ်။ နာမည်နဲ့တင် မကြည့်ဖြစ်မှာ စိုးလို့ပါ။ ဒီဇာတ်ကားမှာ ကျေးလက် သဘာဝတွေရော၊ ဟာသတွေရော၊ မိသားစုဘဝ စရိုက်တွေလည်း ပါဝင်ပါတယ်။ သတင်းတွေ ကြားနေရတာက တချို့ဇာတ်ကားတွေ ဆိုရင် မကြည့်ဖြစ်ဘူး လို့တောင် ကြားရပါတယ်။ အစ်မကတော့ ရုပ်ရှင် ဇာတ်ကားတိုင်းကို တစ်ကားမကျန် ကြည့်စေချင်တယ်။ ဇာတ်ကားကောင်းသည် ဖြစ်စေ၊ မကောင်းသည် ဖြစ်စေ၊ ဒီဇာတ်ကား ထဲမှာပါတဲ့ ဇာတ်ပို့တွေက ဇာတ်ကား အတွက် ဘယ်လောက် အထိပို့ထားတယ် ဆိုတာတွေ ကိုပါ။ အားလုံး ကြည့်ပြီးမှ ဆုံးဖြတ်စေ ချင်ပါတယ်။ ဒါဟာ နောက်အသစ် အသစ် သော ဇာတ်ပို့တွေအတွက်လည်း အခွင့်ရေး ရှိလာအောင်လို့ပါ။ အစ်မကတော့ အစ်မရိုက် ကူးခဲ့တဲ့ ဇာတ်ကားတိုင်း စိတ်နှစ်ထားတဲ့ အတွက် ရင်ခုန်ပါတယ်” လို့ ဝါဝါ အောင်က ပြောပါတယ်။ ဝါဝါအောင်က လက်ရှိ ရုံတင်ပြ သနေတဲ့ “ဟန်းနီးမွန်း” ခရီးသွား ရုပ်ရှင်ဇာတ် ကားကြီးမှာလည်း သမီးကို ကာကွယ် ပေးတတ် တဲ့အကြော်သည် မိခင်နေရာက ပါဝင်သရုပ် ဆောင်ထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားက ခရီးသွားရင်း ခရီးလမ်း တစ်လျှောက် ရိုက်ကူး ခဲ့တဲ့ဇာတ်ကား ပဲဖြစ်ကြောင်း ဝါဝါအောင်က ပြောပါတယ်။

ဝါဝါအောင်က ဒါရိုက်တာ ရာဇဝင်ကို ရိုက်ကူးတဲ့ ဇာတ်ကားမှာလည်း ပါဝင်ထား တဲ့အပြင် ဒါရိုက်တာ ညိုမင်းလွင် နဲ့လည်း ဇာတ်ကားတွေ ရိုက်ကူးထားတယ်လို့ သိရ ပါတယ်။

မြတ်မိုးပွင့်


LEAVE A REPLY

Please enter your comment!
Please enter your name here