ဒီနှစ်အကယ်ဒမီ သက်မွန်မြင့်ကို မှန်းထားတဲ့ တက္ကသိုလ် ဂွမ်းပုံ

0
395

gonep

တက္ကသိုလ်ဂွမ်းပုံက မတ်လထဲမှာ ဒါရိုက်တာမောင်မောင်မြင့်လွင် ရိုက်ကူးမယ့် “ယောက်ျားဆိုလာထား” ရုပ်ရှင်ဇာတ်ကားကြီးမှာ ခန့်စည်သူ၊ ရာဇာနေဝင်း၊ ကျော်ကျော်ဗို၊ နေရဲ၊ ဗေလုဝ၊ စိုးမြတ် သူဇာ၊ ခိုင်သင်းကြည်တို့နဲ့အတူ ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ် ကြောင်း သိရပါတယ်။ ဇာတ်ကားဆက်တိုက်ရိုက်ကူးဖြစ်နေတဲ့ တက္ကသိုလ်ဂွမ်းပုံက ဒါရိုက်တာတွေ ရွေးချယ်ပေးတဲ့ ဇာတ်ရုပ်ကိုပဲ ရိုက်ကူးဖြစ်တာများပါတယ်လို့ ဆိုပါတယ်။

” မဂွမ်းအနေနဲ့ ဇာတ်ကား ရွေးချယ်တာမျိုးမရှိပါဘူး။ ဒါရိုက်တာတွေက ရွေးချယ်ပေးတဲ့ ဇာတ်ရုပ်က များပါတယ်။ ဇာတ်လမ်းကို မဂွမ်း ကြည့်ဖြစ်တယ်။ ဟာသတွေ ဘယ်လောက်ထိ လုပ်နိုင်မယ်။ အဝတ်အစားတွေ ကြိုတင်ပြင်ဆင်ရမယ်ဆိုတာကို ဇာတ်ညွှန်းတောင်းပြီးတော့ ပြင်ဆင်တယ်။ မဂွမ်းအနေနဲ့ ကိုယ် ရိုက်ချင်တဲ့ ကာရိုက်တာကြီးရယ်လို့ မရှိပါဘူး။ မဂွမ်းကိုချပေးတဲ့ ဇာတ်လမ်း၊ ဇာတ်ညွှန်းပေါ်မူတည် ပြီးတော့ အကောင်းဆုံး ဒါရိုက်တာအကြိုက် ဖြစ်အောင် ကြိုးစားတာပဲရှိတယ်” လို့ ပြောပါတယ်။

တက္ကသိုလ်ဂွမ်းပုံက လာမယ့်အကယ်ဒမီပွဲမှာ သူ့အတွက် ရင်မခုန်ရပေမယ့်လည်း တခြားအနုပညာရှင်တွေအတွက် ရင်ခုန်ရကြောင်းကို ပြောပါတယ်။” အကယ်ဒမီပေးပွဲမှာ ကိုယ်အတွက် ရင်မခုန်ရပေမယ့် မဂွမ်းချစ်တဲ့ အနုပညာရှင်တွေအတွက်ပဲ ရင်ခုန်ရတော့မယ်။ မဂွမ်းထင်တာကတော့ “ချစ်လှစွာသောအမုန်း” မှာ သက်မွန်လေးကို မှန်းထားတယ်” လို့ ပြောပါတယ်။

ချယ်ရီ


LEAVE A REPLY

Please enter your comment!
Please enter your name here